မိန်းကလေးတို့ရဲ့ပန်းပွင့်လေးတွေကျန်းမာနေစေဖို့ နည်းလမ်းအဖြာဖြာ
lifestylemyanmar.com
|
2020-09-16



မိန်းကလေးတွေရဲ့လိင်အင်္ဂါဆိုတာက ကျန်းမာရေးအတွက် အရေးပါတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အဲ့ဒီနေရာကိုလည်း သန့်ရှင်းအောင်၊ ကျန်းမာရေးနဲ့ညီညွှတ်အောင်ထိန်းသိမ်းစောင့်ရှောက်ရပါတယ်။ အဲ့ဒါကြောင့် ဒီနေ့မှာတော့ မိန်းကလေးတွေရဲ့လိင်အင်္ဂါကို ဘယ်လိုနည်းလမ်းတွေနဲ့ ကျန်းမာသန့်ရှင်းအောင် ထားသင့်လဲဆိုတာက ဖော်ပြပေးလိုက်ရပါတယ်။




၁။ အာဟာရမျှတအောင် စားသုံးပါ။

အားရှိအောင်၊ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အာဟာရဓာတ်တွေ လုံလောက်မျှတအောင် စားသုံးပေးတာက အမျိုးသမီးလိင်အင်္ဂါရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ဆက်စပ်နေပါတယ်။ ဒီလိုမျိုး အာဟာရညီညွှတ်မျှတအောင် စားသုံးပေးတာက ဆီးချိုရောဂါလိုမျိုး နာတာရှည်ရောဂါတွေကို ကင်းဝေစေမှာပါ။ မတော်တဆ ဆီးချိုရောဂါသာဖြစ်ပွားနေမယ်ဆိုရင် မိန်းကလေးတစ်ယောက်ရဲ့ ဆီးလမ်းကြောင်းက ပိုးဝင်လွယ်သလို လိင်နဲ့ပတ်သက်တဲ့ရောဂါဝေဒနာတွေကို ပိုမိုဖြစ်ပွားစေနိုင်ပါတယ်။




၂။ ကျန်းမာရေးကိုပုံမှန်စစ်ဆေးပါ။

ကိုယ်ပြသနေကျ မီးယပ်အထူးကုဆရာဝန်နဲ့ ပုံမှန်ပြသပြီး လိုအပ်တဲ့ကျန်းမာရေးစစ်ဆေးမှုတွေကို ခံယူပါ။ ဒါ့အပြင် သားအိမ်ခေါင်းကင်ဆာဖြစ်ပွားနိုင်ချေကိုလည်း အသက်အရွယ်အလိုက် စစ်ဆေးမှုခံယူပြီး HPV ကာကွယ်ဆေးက သားအိမ်ခေါင်းကင်ဆာကာကွယ်ဖို့အတွက် မဖြစ်မနေ အရေးပါတဲ့ဆေးတစ်မျိုးဖြစ်ပါတယ်။




၃။ လိင်ဆက်ဆံတဲ့အခါ ကွန်ဒုံးအသုံးပြုပါ။

လိင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါဝေဒနာတွေ မဖြစ်ပွားဖို့အတွက် လိင်ဆက်ဆံတဲ့အခါ ကွန်ဒုံးကို မဖြစ်မနေ အသုံးပြုဖို့လိုအပ်ပါတယ်။




၄။ ရေကိုသာအသုံးပြုပါ။

မိန်းကလေးတွေအနေနဲ့ ကိုယ့်ရဲ့လိင်အင်္ဂါလေး တစ်နည်းပြောရရင် ပန်းပွင့်လေးကို သန့်ရှင်းရေးလုပ်တဲ့အခါမှာ ရေကိုပဲအသုံးပြုသင့်ပါတယ်။ အချို့သော သန့်စင်ပေးတဲ့အရာတွေက ဓာတုပစ္စည်းတွေပါဝင်တာကြောင့် လိင်အင်္ဂါရဲ့ပုံမှန်လုပ်ရိုးလုပ်စဉ်တွေကို ထိခိုက်စေမှာပါ။ ဓာတုပစ္စည်းအလွန်အမင်းမပါဝင်တဲ့ ဆပ်ပြာအပျော့စားတောင်မှ အပြင်ပန်းအတွက်သာအသုံးပြုသင့်ပြီး အတွင်းပိုင်းကိုတော့ ရေနဲ့ပဲ သေချာသန့်ရှင်းရေးလုပ်သင့်ပါတယ်။ ဒါ့အပြင် အဝတ်လျှော်ဆပ်ပြာမှုန့်တွေနဲ့ချောဆီတွေကလည်း မိန်းကလေးတွေရဲ့ ပန်းပွင့်လေးတွေကို ယားယံမှုတွေဖြစ်ပေါ်စေနိုင်ပါတယ်။




၅။ သဘာဝချောဆီကိုသာ အသုံးပြုပါ။

အုန်းဆီ ဒါမှမဟုတ် သံလွင်ဆီတို့နဲ့ ပြုလုပ်ထားတဲ့ချောဆီတွေက မိန်းကလေးတွေရဲ့ လိင်အင်္ဂါအတွက် ကောင်းမွန်တဲ့အရာဖြစ်ပြီး ကွန်ဒုံးအသုံးမပြုလိုတဲ့ မိန်းကလေးတွေအတွက် စိုစွတ်မှုနဲ့ ဘေးကင်းစိတ်ချရမှုကို ပေးစွမ်းနိုင်ပါတယ်။




၆။ သွေးဆုံးပြီးနောက်ပိုင်း သွေးထပ်မံဆင်းခြင်းကို သတိထားပါ။

သွေးဆုံးပြီးနောက်ပိုင်းမှ သွေးထပ်ဆင်းနေတယ်ဆိုရင်တော့ ဆရာဝန်နဲ့သွားရောက်တိုင်ပင်ပြသသင့်ပါတယ်။




၇။ Vaginal Estrogen က မိန်းကလေးအများစုအတွက် ဘေးကင်းတာကို သိထားပါ။

Vaginal Estrogen ဆိုတာက အသက်အရွယ်အလိုက်ဖြစ်ပွားတတ်တဲ့ လိင်ဆက်ဆံတဲ့အခါမှာ မိန်းကလေးတွေရဲ့လိင်အင်္ဂါနာကျင်ခြင်းကို အကောင်းဆုံးကာကွယ်ပေးနိုင်ပြီး ဆီးလမ်းကြောင်းပိုးဝင်တာကိုလည်း အကောင်းဆုံးကာကွယ်ပေးနိုင်ပါတယ်။

#HM

#LifestyleMyanmar

Source: health


#အင်္ဂါ
#မိန်းကလေး
#ချောဆီ
#သားအိမ်ခေါင်း
#ဆီးချိုရောဂါ

Some text some message..