
အဖြူဆင်းခြင်းဟာ ရာသီမလာခင်တစ်ပတ်လောက်အလိုမှာ မိန်းကလေးတိုင်း တော်တော်များများ ဆင်းတတ်ကြပါတယ်။ဒါပေမဲ့လည်း အမြဲတမ်းမပြတ်ဘဲ အဖြူဆင်းနေပြီဆိုရင်တော့ ဒီအချက်တွေနဲ့ စမ်းစစ်ကြည့်လိုက်ပါ။ အရောင်လေးတွေနဲ့ ကြည့်လိုက်ပါနော်။
အဖြူရောင်
ယားယံနေမယ် နောက်ပြီး ဆင်းတဲ့အရာဟာ ပစ်ခဲနေမယ်ဆိုရင်တော့ သင်ဟာ Yeast Infection ဖြစ်နေပါပြီ။ ဒါကြောင့် ကျွမ်းကျင်တဲ့သူနဲ့ အမြန်ဆုံးသွားပြပါ။

Freepik- tutatama
ကြည်နေပြီးကျဲနေမယ်ဆိုရင်
ဒါကတော့ အမြဲတမ်းလိုလိုဖြစ်နိုင်ပါတယ်။ စိတ်ဖိဆီးမှုများတာ ဒါမှမဟုတ် လေ့ကျင့်ခန်းများတာမျိုးတွေမှာပေါ့။
ကြည်နေပြီးချွဲပစ်ပစ်ဖြစ်နေမယ်ဆိုရင်
သားဥကြွေနေပြီဆိုတဲ့ ရှေ့ပြေးလက္ခဏာဖြစ်တာကြောင့် ပုံမှန်ပါပဲ။

Freepik-
အညိုရောင် ဒါမှမဟုတ် သွေးရောင်ပါနေမယ်ဆိုရင်
ဓမ္မတာလာပြီးနောက်ဖြစ်ပွားခြင်းက ပုံမှန်ဖြစ်ပေမယ့်လို့ ဓမ္မတာလာတဲ့အချိန်မှာ ပုံမှန်အတိုင်းသွေးမဆင်းဘဲ အညိုရောင် ဒါမှမဟုတ် သွေးရောင်ပါနေတဲ့ အဖြူဆင်းတယ်ဆိုတာဟာ ကိုယ်ဝန်ရှိနေပြီဆိုတဲ့ လက္ခဏာသို့မဟုတ် ကိုယ်ဝန်ပျက်ကျခြင်းရဲ့ အရိပ်အရောင်ပါပဲ။ ဒါပေမဲ့ တချို့ဖြစ်ခဲတာကတော့ သားအိမ်ခေါင်းကင်ဆာဖြစ်နေပြီဆိုရင်လည်း ဒီလိုအရောင် ဆင်းတတ်ပါတယ်တဲ့။

Freepik- maksymiv_yura
အဝါရောင် ဒါမှမဟုတ် စိမ်းရွှင်ရွှင်အရောင်
အနံ့ဆိုးထွက်ပြီး ချွဲပစ်ကပ်စေးနေကာ အရောင်က ဝါကျင့်ကျင့် သို့မဟုတ် အစိမ်းရောင်ရွှင်နေမယ်ဆိုရင်တော့ ပုံမှန်မဟုတ်ပါဘူး။ ဒါဟာ လိင်ဆက်ဆံခြင်းသို့မဟုတ် မအင်္ဂါထဲတစ်စုံတစ်ခုဝင်ရောက်ခြင်းကြောင့် ပိုးဝင်တာမျိုးပါ။
penny