လူအများစုမှာ နေ့စဉ်ဆံပင်အနည်းငယ်ကျွတ်ခြင်းက ပုံမှန်ဖြစ်ပါတယ်။ အထူးသဖြင့် ကိုယ်အလေးချိန်ကျခြင်း၊ မီးဖွားခြင်း၊ နေ့စဉ်စိတ်ဖိစီးမှုခံစားရခြင်း (သို့) ကျန်းမာရေးအခြေအနေအမျိုးမျိုးရှိသူတွေမှာ ဆံပင်ကျွတ်ပါတယ်။ သို့သော် အချို့သောအချက်တွေကြောင့် တစ်ခါတစ်ရံ ဆံပင်အလွန်အကျွံကျွတ်ပြီး ခေါင်းပြောင်လာတာကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးဖြစ်လာရင် စိတ်မပူပါနဲ့။ ဆံပင်တွေပြန်လည် သန်စွမ်းစေဖို့ လွယ်ကူထိရောက်တဲ့ နည်းလမ်းတွေ ရှိပါတယ်။
၁။ ဆံပင်သန်စွမ်းမှုကို လှုံ့ဆော်ပေးတဲ့ အစားအစာတွေကို စားပါ
မမှန်ကန်တဲ့ အစားအစာတွေက ဆံပင်ကျွတ်ခြင်းအတွက် အကြောင်းပြချက်ဖြစ်သော်လည်း မှန်ကန်တဲ့ အစားအစားတွေကို စားခြင်းက အခြေအနေကို ပြောင်းလဲစေနိုင်ပါတယ်။ ဆံပင်ကြီးထွားမှုကို မြှင့်တင်ပေးတဲ့ အစားအစာတွေကတော့-
ကမ်ချီ။ ကမ်ချီ ကြိုက်ကြတယ်မှလား၊ ကမ်ချီမှာ ဆံပင်ကျွတ်တာကို ဖယ်ရှားပေးနိုင်တဲ့ ပရိုဘိုင်အိုတစ်တွေ ပါဝင်ပါတယ်။
ကြက်ဥ။ ကြက်ဥတွေမှာ ဆံပင်ကြီးထွားမှုအတွက် လိုအပ်တဲ့ ပရိုတင်းတွေနဲ့ ဘိုင်အိုတင်းဓါတ်တွေ ကြွယ်ဝပါတယ်။
ဟင်းနုနွယ်ရွက်။ ဆံပင်သန်စွမ်းစေတဲ့ ဖောလိတ်၊ သံနှင့် ဗီတာမင်အေ ကဲ့သို့သော မရှိမဖြစ် အစိတ်အပိုင်းတွေ ပါဝင်ပါတယ်။
ဆော်လမွန်နှင့် အဆီများသောငါးများ။ အိုမီဂါ ၃ရဲ့ အရင်းအမြစ်ကောင်းတွေဖြစ်လို့ ဆံပင်ထူထဲမှုနှင့် ဆက်စပ်နေပါတယ်။
ထောပတ်သီး။ ထောပတ်သီးက ဗီတာမင်အီး၊ ဗီတာမင် စီနှင့် အရေးပါတဲ့ fatty acids တွေပါဝင်တာကြောင့် ဆံပင်အတွက်လည်း အကျိုးရှိပါတယ်။
အသား။ အသားက ဆံပင်ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သော ပရိုတိန်းနှင့် သံဓါတ်တွေရဲ့ အရင်းအမြစ်ကောင်းဖြစ်ပါတယ်။
၂။ ဦးရေပြားကို အဆီနဲ့ အားဖြည့်ပေးပါ
ဆီနဲ့ ခေါင်းကို ပွတ်ခြင်း၊ hair masks အနေနဲ့ လိမ်းခြင်းက အစားအသောက်ကို ချိန်ညှိသလို အကျိုးရှိနိုင်ပါတယ်။ အဆီအမျိုးမျိုးကို သုံးပြီး ပေါင်းတင်နိုင်သလို ခေါင်းကို နှိပ်နယ်ပေးနိုင်ပါတယ်။ ၎င်းက တင်းမာမှုတွေကို ဖယ်ရှားပေးပြီး dermal papilla cells တွေအတွင်း ဆံပင်ရှင်သန်မှုကို အထောက်အကူပြုပါတယ်။
Rosemary oil က ဆံပင်ကို ကျန်းမာစေပြီး ဆံပင်ပြန်ပေါက်ဖို့ လှုံ့ဆော်ပေးနိုင်ပါတယ်။ ဆီနဲ့ ဦးရေပြားနှိပ်နယ်ပေးခြင်းကို တစ်ပတ်လျှင် အကြိမ်အတော်များများသုံးနိုင်ပါတယ်။
Aloe vera gel ကဦးရေပြား ယားယံခြင်းကိုဖြစ်စေတဲ့ ဘောက်တွေကို တိုက်ဖျက်ရာမှာ သုံးနိုင်ပါတယ်။ အရမ်းကုတ်မယ်ဆိုရင် အရေပြားကို ပျက်စီးစေနိုင်ပါတယ်။ ဒဏ်ရာသေးသေးလေးတွေတ၊ အဖုအပိမ့်တွေနဲ့ ယားယံခြင်းတွေက သင့်ဆံပင်ကို ပျက်စီးစေပြီး ဆံပင်ကျွတ်စေနိုင်ပါတယ်။ ရှားစောင်းလက်ပတ်က အနာပျောက်စေပါတယ်။
၃။ ကြက်သွန်နီအရည်ကိုသုံးပါ
အနံ့ကို ဆိုးပေမယ့်လည်း ကြက်သွန်နီရည်က ဆံပင်ဟိုတစ်ကွက် ဒီတစ်ကွက်ပြောင်ခြင်းအတွက် ထိရောက်တဲ့ အထောက်အကူ ဖြစ်နိ်ုငပါတယ်။ ဆံပင်မှာလိမ်းတဲ့အခါ follicles တွေအတွက် အကျိုးရှိပါတယ်။ ဆံပင်ရှင်သန်မှုကို မြှင့်တင်ပေးပါတယ်။
၄။ Green tea ထည့်ပါ
လက်ဖက်စိမ်းက အင်တီအောက်ဆီဒင့်ရဲ့ အဓိကအရင်းအမြစ်တစ်ခုဖြစ်ပြီး ကျန်းမာရေးပြဿနာအမျိုးမျိုးကို ကုသရာမှာ အသုံးပြုတဲ့ ဖြည့်စွက်တစ်မျိုးဖြစ်ပါတယ်။ ၎င်းမှာ epigallocatechin gallate ပါဝင်ပြီး ဆံပင်ပြန်ထူလာစေဖို့ အသုံးပြုနိုင်ပါတယ်။ ဗီတာမင် ဒီ၊ အိုမီဂါ ၃၊ အိုမီဂါ ၆နှင့် အခြားဒြပ်စင်တွေ ပါဝင်တဲ့အတွက် ဆံပင်ပါးသော လူ၈၀ ရာခိုင်နှုန်းခန့် ဆံပင်ပြန်လည်သန်စွမ်းကြောင်း လေ့လာမှုအရ သိရပါတယ်။
၅။ ဗီတာမင်ဒီအဆင့်ကို စစ်ဆေးပါ
ဗီတာမင်ဒီ လယ်ဗယ်နိမ့်ခြင်းကလည်း ဆံပင်အကွက်လိုက်ပြောင်ခြင်းနှင့် ဆက်စပ်မှုရှိနိုင်ပါတယ်။ ထို့ကြောင့် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပြီး လိုအပ်တဲ့ စစ်ဆေးမှုပြုလုပ်ဖို့ အရေးကြီးပါတယ်။ ဆရာဝန်သတ်မှတ်ပေးတဲ့ ဗီတာမင်ဒီ ဖြည့်စွက်ဆေးကို သုံးခြင်း၊ ကျန်းမာသော အစားအစာကို ထိန်းထားခြင်းနှင့် နေရောင်နဲ့ ထိတွေ့ခြင်းက ဆံပင်ကျွတ်ခြင်းကို မြန်ဆန်စွာ ကုသရာမှာ အထောက်အကူဖြစ်နိုင်ပါတယ်။
၆။ ဆံပင်စိုနေတဲ့အချိန် ဘီးနဲ့ဖြီးတာရှောင်ပါ
ခေါင်းလျှော်ပြီးရင် ဆံပင်ပုံသွင်းခြင်းက သိသိသာသာပျက်စီးစေနိုင်ပါတယ်။ တကယ်လို့ ဒီလိုထိခိုက်မှုမျိုးကို မကြာခဏလုပ်တယ်ဆိုရင် ဆံပင်ကျွတ်ခြင်းနှင့်ဦးရေပြားပြောင်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဆံပင်ခြောက်သွေ့သွားမှ အသွားကျဲကျဲဘီးနဲ့ ဖြီးပါ။
၇။ နွယ်ချိုနဲ့ ခေါင်းလျှော်ပါ
တရုတ်နွယ်ချိုမှာ ဆံပင်ရှင်သန်မှုကို ပံ့ပိုးပေးခြင်း၊ ဆံပင်အမြစ်တွေကို လှုံ့ဆော်ပေးခြင်း၊ ဆံပင်ပါးတာကို လျှော့ချခြင်းကဲ့သို့သော အကျိုးကျေးဇူးတွေ ရှိပါတယ်။ အလွယ်နည်းက ခေါင်းလျှော်ရည်ထဲမှာ ထည့်သုံးပေးဖို့ ဖြစ်ပါတယ်။ တလျှော်ကင်ပွန်းခေါင်းလျှော်ရည်ထဲမှာ နွယ်ချိုကိုထည့်သုံးပေးခြင်းဖြင့် ဆံပင်တွေကို ပြန်လည်သန်စွမ်းစေပါတယ်။
၈။ ဂျင်းကို ရွေးချယ်စရာတစ်ခုအဖြစ် စဉ်းစားပါ
အခြားလေ့လာမှုတွေအရ ဂျင်းမှာ ဆံပင်ရှင်သန်မှုကို တိုးတတ်စေတဲ့ ဇီဝသက်ရှိဒြပ်ပေါင်းတွေ ပါဝင်ပြီး antifungal, antioxidant, နဲ့ antimicrobial သက်ရောက်မှုတွေ ပါဝင်နိုင်ပါတယ်။ ခေါင်းမလျှော်ခင်မှာ ဂျင်းအရည်နဲ့ ဦးရေပြားကို နှိပ်နယ်ပေးလို့ရသလို ဂျင်းဆီနဲ့ scalp mask အဖြစ်သုံးနိုင်ပါတယ်၊ jojoba, coconut, (သို့) argan ကဲ့သို့သော carrier oil တွေနဲ့ ပေါင်းစပ်ပြီး သုံးနိုင်ပါတယ်။ ခေါင်းကို cap နဲ့ မိနစ် ၃၀ကြာဖုံးအုပ်ထားပြီးမှ လျှော်ပါ။
Lifestyle_Myanmar
LM_Nandar
Source-brightside
Lifestyle Myanmar မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။