
မှိုကို ဟိုနှစ်ပေါင်းထောင်ချီကတည်းက အစားအစာအဖြစ်သာမက ကုထုံးဆိုင်ရာအကြောင်းပြချက်များအတွက် အသုံးပြုခဲ့ကြပါတယ်။ မှိုပေါင်း ၁၄၀၀၀ ကျော်ရှိတဲ့အထဲက မှိုပေါင်း ၃၀၀၀ခန့်က စားသုံးနိုင်သော် လည်း ၇၀၀ ခန့်က ကုထုံးဆိုင်ရာ အရည်သွေးတွေရှိတာကြောင့် ၁ ရာခိုင်နှုန်းလောက်သာ အဆိပ်အတောက်ဖြစ်စေနိုင်တယ်လို့ ယူဆကြပါတယ်။ လူတော်တော်များများက မှိုကို တောထဲမှာ ကိုယ်တိုင်သွားခူး ကြရတာကို နှစ်သက်ကြပါတယ်။ ဒါက တကယ့်ကို အန္တရာယ်များပါတယ်။ မှိုမှာက အရွယ်အစားအပြင် ပုံသဏ္ဍာန်နဲ့ အရွယ်အစားတွေမှာ အဆိပ်အတောက်တွေလည်း ရှိနိုင်ပါတယ်။ မှိုများကို စုဆောင်းခြင်းက အလွန်ကိုမှ အန္တရာယ်လဲများလှပါတယ်။
ဟိုအရင်ကတော့ ဖာရိုဘုရင်က မှိုများကို တန်ဖိုးထားကြပါတယ်။ ဂရိများက မှိုများသည် စစ်အတွင်းရှိ စစ်သည်တော်များအတွက် စွမ်းအင်တွေပေးနိုင်တယ်လို့ ယူဆတာကြောင့် စစ်သည်တော်တွေအတွက် အသုံးပြုခဲ့ကြပါတယ်။ တရုတ်လူမျိုးများကလည်း မှိုကို ကျန်းမာရေးဆိုင်ရာ အစားအစာအဖြစ် တန်ဖိုးထား ကြပါတယ်။ မှိုကို နှစ်ပေါင်းတစ်ထောင်လောက်ကတည်းက မှိုကို အစားအစာအဖြစ်သာမက တိုင်းရင်းဆေးအဖြစ်လဲ အသုံးပြုခဲ့ကြပါတယ်။ မှိုက ကိုယ်မြင်တဲ့အရာလိုမျိုးစားလို့ မရပါဘူး အသက်အန္တရာယ်ဖြစ် တဲ့အထိကို ဆိုးကျိုးတွေဖြစ်စေနိုင်ပါတယ်။
မှိုကို မြန်မာနိုင်ငံမှာတော့ အမျိုးမျိုးခေါ်ဝေါ်တဲ့ထဲကမှ စားသုံးပေးနိုင်တဲ့ မှိုတွေထဲကမှ တောင်ပို့မှို၊ ကောက် ရိုးမှို၊ ဝါးမှို၊ အပ်မှို၊ ငှက်စွတ်မှို၊ တို့ကို စားသုံးပေးလို့ရပါတယ်။ မှိုက စားတတ်လျှင်ဆေးဖြစ်တာကြောင့် မှိုနဲ့ ပတ်သက်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးအချို့ကို ပြောပြပေးလိုက်ပါတယ်နော်။
၁။ ကိုယ်အလေးချိန်လျှော့ချရာတွင် ကူညီပေးနိုင်ခြင်း
မှိုတွင် ကယ်လိုရီနည်းပါးတာကြေငာ့် ကျန်းမာရေးအကျိုးကျေးဇူးများစွာကို ရရှိစေနိုင်ပါတယ်။ ကျန်းမာရေးုကို လိုက်စားတဲ့သူများအနေနဲ့စားသုံးပေးလို့ရသလို ကိုယ်အလေးချိန်လျှော့ချသူများအနေဖြင့်လည်း စားသုံးပေးလို့ရပါတယ်။ မှိုတွင် ကာဗိုဟိုက်ဒရိတ်နှင့် အဆီပါဝင်မှုနည်းပါးတာကြောင့် ကိုယ်အလေးချိန်လျှော့ချရာတွင် အထောက်အကူပြုပါတယ်။
၂။ အာဟာရဓာတ်များစွာပါဝင်ခြင်း
မှိုမှာ အာဟာရဓာတ်တွေကိုခွဲခြမ်းစိတ်ဖြာလိုက်တဲ့အခါမှာ အာဟာရဓာတ်တွေ ကြွယ်ဝစွာပါဝင်နေတာကို တွေ့ရပါတယ်။ အထူးသဖြင့် ကောင်းမွန်တဲ့အာဟာရဓာတ်အပြင် အစားအစာအရည်အသွေးနဲ့ အာဟာရ မြှင့်တင်ခြင်းတို့နဲ့ ဆက်စပ်နေကြောင်းကို တွေ့ရှိခဲ့ရပါတယ်။
၃။ ဗီတာမင်ဒီ အစားအစာတိုးမြှင့်ပေးနိုင်ခြင်း
အဖြူရောင်မှိုမှာ ဗီတာမင်ဒီပါဝင်တဲ့အပြင် ခန္ဓာကိုယ်က လိုအပ်နေတဲ့ ဗီတာမင်ဒီနဲ့ ဗီတာမင် D2 (သို့) D3 တို့ကို တိုးမြှင့်ပေးနိုင်ပါတယ်။
၄။ ကိုလက်စထရောကိုလျှော့ချပေးခြင်း
မှိုတွင် ကိုလက်စထရောမပါဘဲ ပရိုတင်းဓာတ်ပါဝင်ပါတယ်။ မှိုက ခန္ဓာကိုယ်အတွင်းရှိ မကောင်းတဲ့ ကိုလက်စထရောကို လျော့နည်းစေပြီး၊ ဖိုင်ဘာနဲ့ အင်ဇိုင်းများ ရရှိရန် နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ Cholesinol, beta-glucan ကဲ့သို့သော ကိုလက်စထရောပမာဏကိုလျှော့ချပေးနိုင်ပါတယ်။
၅။ Antioxidants ပါဝင်ခြင်း
Antioxidants က ဟင်းသီးဟင်းရွက်နဲ့ အသီးအရွက်တွေမှာ အများဆုံးပါဝင်ပါတယ်။ မှိုမှာလည်း ကျန်းမာရေးနဲ့ သင့်လျော်သော anti-oxidant များလည်းပါဝင်ပါတယ်။ မှိုက ကျန်းမာရေးတိုင်းတက်ကောင်းမွန် ရန်အတွက် ကူညီပေးပြီး ကင်ဆာမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။