
လှုပ်ရှားမှုနည်းတဲ့ ခန္ဓာကိုယ်ဟာ အလွယ်တကူပဲ ထိခိုက်လွယ်သလို ကြာလာတဲ့အခါ ခန္ဓာကိုယ်က ထုံထိုင်းလာတတ်ပါတယ်။ ဒါဟာ ကောင်းတဲ့လက္ခဏာရပ် မဟုတ်သလို အလွယ်တကူပဲ ဖျားနာခြင်းနဲ့ တစ်ခြားသော ကျန်းမာရေး ထိခိုက်မှုတွေ ဖြစ်လာစေတာပါပဲ။ ဒီတော့ နေ့ရက်တိုင်းမှာ ပေါ့ပါးလန်းဆန်းပြီး ခန္ဓာကိုယ်က သက်တောင့်သက်သာဖြစ်နေစေဖို့ ဒါလေးတွေ လုပ်ပေးဖို့ လိုအပ်ပါတယ်။
သွေးပူလေ့ကျင့်ခန်း လုပ်ပါ

shutterstock/Alena Ozerova
တစ်နေ့တာကို လန်းဆန်းတက်ကြွစွာ စတင်နိုင်ဖို့ ခန္ဓာကိုယ်ကိုယ် ပူးနွေးသွားအောင် ပြုလုပ်ပေးဖို့ လိုပါတယ်။ မနက်ခင်း လေ့ကျင့်ခန်း မလုပ်ခင်မှာ သွေးပူလေ့ကျင့်ခန်း လုပ်ပေးတာက ကြွက်သားတွေ မနာကျင်အောင်နဲ့ ခန္ဓာကိုယ်ကိုယ် ပေါ့ပါးလန်းဆန်းသွားစေပါတယ်။
အကြောတွေကို ဆွဲဆန့်ပါ

shutterstock/ fizkes
လေ့ကျင့်ခန်း မလုပ်ဖြစ်ရင်တောင် ခန္ဓာကိုယ်မှာရှိတဲ့ အကြောတွေကို ပြေလျော့သွားအောင် အကြောတွေ ဆွဲဆန့်တဲ့ လေ့ကျင့်ခန်းလေးလောက်တော့ လုပ်ပေးသင့်ပါတယ်။ ဒါက ခန္ဓာကိုယ်ရဲ့ ညောင်းညာခြင်းတွေကို ပြေပျောက်စေပြီး လူကို ပိုသက်တော့သက်သာ ခံစားရစေပါတယ်။
လွယ်ကူရိုးရှင်းတဲ့ အဆင့်ကနေ စတင်ပါ

shutterstock/ G-Stock Studio
ယောဂလေ့ကျင့်ခန်းပဲ ဖြစ်ဖြစ်၊ workout ပဲ ဖြစ်ဖြစ် လုပ်ပေးသင့်ပြီး လွယ်ကူရိုးရှင်းတဲ့ အဆင့်ကနေ စတင်သင့်ပါတယ်။ ကိုယ်လုပ်နိုင်တဲ့ လွယ်ကူတဲ့ အရာလေးတွေကို နေ့တိုင်း ဖြည်းဖြည်းချင်း လုပ်ဆောင်သင့်ပါတယ်။ ဒါက သင့်ရဲ့ ခန္ဓာကိုယ်အတွက် မယုံနိုင်တဲ့ အကျိုးကျေးဇူးတွေ များစွာ ရလာစေမှာ ဖြစ်ပါတယ်။
လေကောင်းလေသန့် ရှုရှိုက်ပါ

shutterstock/stockimagesbank
လူတစ်ယောက်ဟာ လေကို အဆုတ်ထဲရောက်အောင် ဝဝရှုရှိုက်ဖို့လည်း လိုအပ်ပါတယ်။ လေကောင်းလေသန့် ရှုရှိုက်ခြင်းက အဆုတ်ကျန်းမာရေးအတွက် ကောင်းစေတဲ့အပြင် စိတ်ဖိစီးမှုတွေကို လျော့ကျစေပြီး လူကို လန်းဆန်းစေပါတယ်။ ဒါကြောင့် လေကို တစ်ဝကြီး အဆုတ်ထဲရောက်အောင် ရှုရှိုက်ပေးပါ။
Khin