လူတွေစားစားနေကြတဲ့အသားတုမှာဘယ်လိုကောင်းကျိုးတွေရှိလဲ
myanmaplatform.com
|
2020-09-27



တုတ်ထိုးဆိုင်တွေမှာပဲဖြစ်ဖြစ် ကြာဆံချက်ထဲမှာပဲဖြစ်ဖြစ်အသားတုဆိုတာကို တွေ့ဖူးစားဖူးကြမှာပါ။အသားတုကို သက်သက်လွတ်သမားတွေ အသားမစားတဲ့အခါမှာ ရသေ့စိတ်ဖြေအနေနဲ့ စားတတ်ကြပါတယ်။ပဲပုပ်ကနေလုပ်ထားတဲ့ အသားတုမှာ ပရိုတင်းဓာတ်တွေပြည့်ဝစွာပါဝင်တာမလို့ အာဟာရရှိစေတဲ့ အပြင် ကျန်းမာရေးအတွက်ကောင်းကျိုးတွေလည်းရနိုင်မှာပါ။




၁ — နှလုံးကျန်းမာရေးကောင်းမွန်စေ

ပဲပုပ်နဲ့လုပ်ထားတဲ့ အသားတုမှာ ပရိုတင်းဓာတ်တွေပါဝင်တာမလို့ နှလုံးကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ အမိုင်နိုအက်စစ်( amino acid) ပါဝင်ပြီးတော့ ကိုလက်စတောကိုလည်း လျော့ကျစေနိုင်ပါတယ်။သွေးပေါင်ချိန်ကိုလည်း ထိန်းညှိပေးနိုင်တာမလို့ နှလုံးသွေးကြောနဲ့ပါတ်သတ်တဲ့ ကျန်းမာရေးကို အထူးကောင်းမွန်စေပါတယ်။




၂ — အစာခြေစနစ်ကိုကောင်းမွန်စေ

အသားတုမှာပါဝင်တဲ့ အမျှင်ဓာတ်က အစောခြေစနစ်ကို အထူးကောင်းမွန်စေပြီး ကိုယ်တွင်းက အဆိပ်အတောက်တွေကိုဖယ်ရှားပေးနိုင်ပါတယ်။ဝမ်းလျှောဝမ်းပျက်တတ်တဲ့သူတွေ ဝမ်းချုပ်တတ်တဲ့ သူတွေအတွက် အစာခြေစနစ်ကို ကောင်းမွန်စေဖို့ အသားတုကို စားပေးသင့်ပါတယ်။




၃ — သွေးဆုံးကိုင်ဝေဒနာကိုသက်သာစေ

အမျိုးသမီးများ သွေးဆုံးပြီးတဲ့ အချိန်မှာ သွေးဆုံးကိုင်ဝေဒါနာကို ခံစားရတတ်ပါတယ်။အဲ့ဒီလိုခံစားရတာက အက်စထရိုဂျင်ဟော်မုန်းလျော့နည်းလာလို့ပါ။အသားတုကအက်စထရိုဂျင်ဟော်မုန်းကို ထိန်းညှိပေးနိုင်တာမလို့ သွေးဆုံးကိုင်ဝေဒနာကိုလည်း သက်သာစေမှာပါ။




၄ – အဝမလွန်အောင်ထိန်းပေးနိုင်

Diet လုပ်နေတဲ့သူတွေအတွက် အသားတုက အသုံးဝင်တဲ့ အာဟာရဓာတ်တစ်ခုပါ။လိုအပ်တဲ့ အသားဓာတ်ကိုလည်း ဖြည့်တင်းပေးနိုင်တယ်။ဝနေတဲ့ အမျိုးသား အမျိုးသမီးတွေအတွက် ခါးပါတ်လည်က အဆီတွေကိုတောင် ကျစေပါတယ်။အဝလွန်တာကိုလည်း ထိန်းချုပ်ပေးနိုင်တာမလို့ အသားဓာတ်လည်းရ ဝိတ်လည်းမတက်လာစေတဲ့ အသားတုကို ခန္ဓာကိုယ်အလေးချိန်ထိန်းနေတဲ့သူတွေ စားသုံးသင့်ပါတယ်။




၅ — အိပ်ပျော်စေနိုင်

အသားတုမှာ ပရိုတင်းသာမကပဲ မဂ္ဂနီဆီယမ်ဓာတ်လည်းပါဝင်ပါတယ်။မဂ္ဂနီဆီယမ်ဓာတ်က ညဘက်ကောင်းကောင်းအိပ်ပျော်စေနိုင်တာမလို့ ညဘက်ကို အိပ်မပျော်တတ်တဲ့သူများအတွက် အသားတုက ဆောင်ထားသင့်တဲ့ အစားအစာတစ်ခုပါ။

လတ်ဆတ်တဲ့အသားတာလည်းဖြစ်ဖို့လိုသလို ဓာတုဆိုးဆေးတွေမပါဝင်မှသာ အခုဖော်ပြသွားတဲ့ ကျန်းမာရေး ကောင်းကျိုးတွေကို ရရှိနိုင်မှာပဲဖြစ်ပါတယ်။


#အသား
#ပရိုတင်း
#အသားဓာတ်
#နှလုံး
#ပဲပုပ်

Some text some message..