
ဒန့် သလွန်ရွက် နဲ့ ဒန့်သလွန်သီး က တော့ ကျန်းမာရေး အတွက် သဘာ၀ ဆေး တစ်မျိုးလို့ ပြောလို့ ရပါတယ်။လူ တော်တော် များများ က တော့ သွေးတိုးသမားတွေ အတွက် ကောင်းတယ်ဆိုတာကို သိကြပါတယ်။တခြား ကောင်းတဲ့ အရာ တွေ လည်း ရှိပါသေးတယ်။သူ့မှာ ဆိုရင် တော့ vitamin A ၊vitamin B1 ၊B2 ၊B3 ၊B-6 ၊vitamin C၊ calcium ၊ potassium ၊iron ၊magnesium နဲ့ zinc ဓါတ်တို့ ပေါ ကြွယ်၀ စွာ ပါဝင် ပါတယ်။ဒန့်သလွန်ရွက်က ပေးတဲ့ ကျန်းမာရေး ကောင်းကျိုးတွေ အ ကြောင်းကိုတော့ medicalnewstoday မှာ ဖော်ပြထားတာပါ။
အသားအရေ နဲ့ ဆံပင်အတွက် ကောင်း

Image :freepik.com/thirasakcharoen
ဒန့်သလွန်သီး အ စေ့ ကို ဆံပင်နဲ့ အသားအရေ အတွက် သုံးလို့ ရပါတယ်။အဲ့ဒီ အ စေ့ က ရလာတဲ့ အဆီ က တော့ ပရို တင်းတွေ ပါဝင် တာ ကြောင့် အရေ ပြား ဆဲလ် တွေ ပျက်စီးခြင်းက နေ ကာကွယ် ပေးနိုင် ပါတယ်။ဒါ့ အပြင် သူ့မှာတော့ ရေဓါတ် ဖြည့်တာ၊အဆိပ် အ တောက် တွေကို ဖယ်ရှား ပေးနိုင် တဲ့ အစွမ်းလည်း ရှိပါတယ်။
အသည်း အတွက် ကောင်း
အသည်းထိခိုက် ပျက်စီးတာ တွေ အတွက်လည်း ကောင်းပါတယ်။ဆေးဝါးပြင်းတွေ သောက်ရတဲ့ အခါ မျိုး မှာ အသည်း ကို သွားထိ တာ မျိုးတွေ ရှိပါတယ်။အဲ့ဒီ အတွက် လည်း ဒန့်သလွန် က ကောင်းပါတယ်။
ဖောယောင်တာတွေ အတွက် ကောင်း

Image:freepik.com/joloei
ကားစီးရတာ များရင် ခြေ ထောက် တွေ ဖော ယောင်တာ မျိုးတွေ ဖြစ်တတ်ပါတယ်။အဲ့ဒီလို ဖောယောင်တာ တွေ အတွက် သုံးလို့ ရပါတယ်။ဒန့်သလွန် မှာတော့ ရောင်ရမ်းတာတွေကို သက်သာ စေတဲ့ အစွမ်း ရှိပါတယ်။
ပန်းနာရင်ကြပ် နဲ့ ကျောက်ကပ် အတွက် ကောင်း
ပန်းနာရင်ကြပ် သမားတွေ အတွက်လည်း ကောင်းပါတယ်။အဆုတ်ကျန်းမာရေး ကောင်းချင်ရင်လည်း ပုံမှန် စား ပေးသင့်ပါတယ်။သူ့မှာပါတဲ့ antioxidant တွေ က ကျောက်ကပ်က အဆိပ် Level ကိုလည်း လျှော့ ချ ပေးနိုင်ပါတယ်။
ဆီးချို သွေးချို နဲ့ သွေးတိုး အတွက် ကောင်း

Image:.freepik.com/jcomp
လူတော်တော် များများက တော့ ဒန့်သလွန်က သွေးတိုး အတွက် ကောင်းတယ်ဆိုတာကို သိကြမှာပါ။သွေးတိုးသမားတွေ ဆိုရင် ဒန့်သလွန်ရွက် ကို ကြက်သွန်ဖြူ လေးတွေနဲ့ ဟင်းခါး လုပ် သောက် ပေးပါ။သူ့မှာတော့ သွေးထဲမှာရှိတဲ့ ဂလူးဂို့စ်(glucose)၊သကြား နဲ့ ဆီးထဲက ပရိုတင်း တွေကို လျှော့ချ ပေါ်နိုင်ပါတယ်။ hemoglobin levels ကိုလည်း ကောင်းစေပါတယ်။ isothiocyanate နဲ့ niaziminin တို့ ပါတာကြောင့် သွေးတိုး ရောဂါ အတွက် လည်း ကောင်းပါတယ်။
အရိုးတွေ သန်မာ စေ
သူ့မှာတော့ calcium နဲ့ phosphorous တု့ိ ပါဝင် တာကြောင့် အရိုးတွေ ကို ကျန်းမာ သန် စွမ်း စေပါတယ်။ရောင် ရမ်း တာ တွေ အတွက် လည်း ကောင်းတာ မို့ အရိုးတွေ ပျက်စီး သွားရင်လည်း ကုစား တဲ့ နေရာ မှာ သုံးလို့ ရပါတယ်။အရိုး သန်မာ ချင်ရင် တော့ ဒန့်သလွန်ရွက်ကို ပုံမှန် ဟင်းခါးပဲ ဖြစ်ဖြစ်၊ပြုတ် ပြီး တို့ စရာ အဖြစ်ပဲ စားစား ပုံမှန် စားပေးပါ။
ကင်ဆာ အတွက် ကောင်း

Image:.freepik.com/rostovtsevayu
ကင်ဆာ ကို ကြို ကာကွယ်ချင်တဲ့ သူတွေ နဲ့ ကင်ဆာ ရောဂါ ဝေဒနာရှင်တွေ အတွက် လည်း ဒန့်သလွန်ရွက်၊ဒန့်သလွန်သီးကို စားေ ပးသင့်ပါတယ်။သူ့မှာဆိုရင်တော့ ကင်ဆာ ဆဲလ် တွေ တိုးပွားလာမှု ကို ကာကွယ်ပေးတဲ့ နေရာမှာ အ ထောက် အကြူုဖစ်စေပါတယ်။သူ့မှာပါတဲ့ niazimicin က ကင်ဆဲဆဲလ် ပွားတာတွေ ကို တားဆီး ပေးနိုင်ပါတယ်။
အစာအိမ် အတွက်လည်း ကောင်း
အစာအိမ်နဲ့ ပတ်သက်တာ တွေ အတွက်လည်း ဒန့်သလွန်က ဆေးတစ်ခွက်ပါ။ဝမ်းချုပ်တာ၊အစာအိမ် ရောင် ရမ်းတာ၊အူရောင် တာ တွေ အတွက် လည်း ကောင်းပါတယ်။သူ့မှာဆိုရင် တော့ ဗက်တီးရီးယား တွေကို နှိမ် နင်း ပေးနိုင်တဲ့ အစွမ်းရှိပါတယ်။vitamin B လည်း ပါတာကြောင့် အစာခြေ စနစ် အတွက် အများကြီး အ ထောက်အ ကူ ဖြစ်စေပါတယ်။ ဗက်တီးရီးယားတွေကို နှိမ်နင်းပေးနိုင်တဲ့ အစွမ်းလည်း ပါရှိတာေ ကြာင့် ဗက် တီးရီးယား ကြောင့် ဖြစ်တဲ့ ရောဂါ တွေ အတွက် လည်း ကောင်းပါတယ်။
တခြား ကျန်းမာရေး ကောင်းကျိုးများ

Image:freepik.com/joloei
စိတ်ကျန်းမာရေး အတွက်လည်း ဒန့်သလွန်ရွက်က ကောင်းပါတယ်။စိတ်ကျတာ၊စိတ်ဂနာ မငြိမ် ဖြစ်တာ၊ပင်ပန်း နွမ်း လျ တာတွေ အတွက် လည်း ဒန့် သလွန်က ကောင်းပါတယ်။နှလုံးနဲ့ ဆိုင်တဲ့ ရောဂါ တွေ အတွက်လည်း ကောင်းတာ မို့ နှလုံးကျန်းမာရေး ကောင်းချင်ရင် လည်း ပုံမှန် စားပေးပါ။ဒဏ်ရာေ တွကို လည်း အမြန် ကုစား၊ အနာ ကျက် မြန်စေတာ မို့ ဒဏ်ရာရ ထားလို့ အနာ မြန်မြန်ကျက်ချင်ရင် ဒန့်သလွန်ရွက် (သို့) ဒန့်သလွန် သီး ကို စားပေးပါ။ မျက်လုံး ကျန်းမာရေး ကောင်းချင်ရင်လည်း ပုံမှန် စားပေးပါ။antioxidant တွေ အများကြီး ပါပါတယ်။မျက် ကြော လွှာ က သွေးကြော တွေ ကျယ်လာတာ ၊သွေး ကြော အ မြှေး တွေ ထူလာတာ မျိုးတွေ အတွက်လည်း ကောင်းပါတယ်။
#AUNTYMAY