အသားစားတာကို ရပ်လိုက်သင့်ပြီဆိုတာကို ဖော်ပြနေတဲ့ ခန္ဓာကိုယ်ရဲ့ အခြေအနေများ
auntymay.com
|
2020-09-30

လူတွေက ပါးစပ်အရသာကို ဦးစားပေးတတ်ကြတဲ့ သူတွေပါ။ ဒါကြောင့်ပဲ လူတော်တော်များများက အသားစားရတာကို ကြိုက်တတ်ကြပါတယ်။ တစ်ချို့လူတွေဆို ထမင်းဝိုင်းမှာ အသားမပါရင် စားမဝင်တတ်တာမျိုးတောင် ရှိတတ်ပါတယ်နော်။ ဒါပေမယ့် ခန္ဓာကိုယ်မှာ ဒီလိုလက္ခဏာတွေ ဖြစ်ပေါ်လာရင်တော့ အသားမစားသင့်ဘူးလို့ ဖော်ပြနေပါတယ်။

အစာခြေစနစ် မကောင်းမွန်ဘူး

shutterstock/Roman Samborskyi

ခန္ဓာကိုယ်က စားလိုက်တဲ့ အစားအစာတွေကို သေချာခြေဖျက်နိုင်မှ ကျန်းမာတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်မှာပါ။ ဒါပေမယ့် အသားတွေ အစားများတဲ့အခါ အစာမကြေခြင်းနဲ့ လေပွခြင်းကို ဖြစ်ပေါ်စေတတ်ပါတယ်။ ဒါကြောင့် အစာခြေစနစ်က ပုံမှန်အတိုင်း အလုပ်မလုပ်တော့ဘူးဆိုရင်တော့ အသားစားတာကို ခဏလောက် ရပ်သင့်ပါတယ်။

ဝိတ်တက်လာတယ်

shutterstock/Nina Buday

အသားတွေစားတဲ့အခါ ခန္ဓာကိုယ်ရဲ့ ကယ်လိုရီတွေနဲ့ အဆီတွေ တက်လာတတ်ပါတယ်။ လေ့ကျင့်ခန်းလည်း ပုံမှန်မုလုပ်ဘူး၊ ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ စားသောက်ပုံ ပုံစံလည်း မရှိဘူးဆိုရင်တော့ သေချာပေါက် ဝိတ်တက်လာစေမှာပါ။ ဝိတ်တက်ပြီး အဝလွန်လာရင်တော့ နောက်ဆက်တွဲ ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အသားများများ စားတာမဟုတ်ပဲ ကျန်းမာရေးနဲ့ ညီညွှတ်စွာ စားသောက်ဖို့ လိုအပ်ပါတယ်။

ကောင်းမွန်စွာ အိပ်မပျော်နိုင်ဘူး

shutterstock/ DimaBerlin

အသားစားခြင်းဟာ ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက်ခြင်းကို နည်းကွေးစေပြီး ညဘက်မှာ ကောင်းမွန်စွာ အိပ်မပျော်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ နောက်ပြီး အစာမကြေခြင်းကြောင့် နေရထိုင်ရ အဆင်မပြေပဲ ကောင်းကောင်း အိပ်မပျော်နိုင်ဖြစ်စေတတ်တာမို့ အသားကို လျော့စားသင့်ပါတယ်။

ကင်ဆာ ဖြစ်နိုင်တယ်

shutterstock/ PhuShutter

အထူးသဖြင့် အသားဆိုရင် သေချာကျက်အောင် ချက်ထားတဲ့ အသားကိုမှ စားသင့်တာပါ။ မကျက်တကျက်အသားတွေဟာ ကင်ဆာရောဂါကို ဖြစ်ပေါ်စေတတ်ပါတယ်။ ဒါကြောင့် ဆရာဝန်တွေက မကျက်တကျက် ကင်ထားတဲ့ အသားတွေနဲ့ သေချာကျက်အောင် မချက်ထားတဲ့ အသားတွေကို မစားဖို့ ပြောထားကြပါတယ်။

Khin


#အသား
#ခန္ဓာကိုယ်
#ထမင်းဝိုင်း
#ကင်ဆာ
#အောင်ချက်

Some text some message..