ဆေးလိပ်ဖြတ်လိုက်ရင် ဘယ်လိုအကျိုးကျေးဇူးတွေရလာမှာလဲ
myanmaplatform.com
|
2020-09-30



ဆေးလိပ်သောက်ခြင်းကကျန်းမာရေးကိုဆိုးရွားစွာထိခိုက်စေနိုင်ပါတယ်။ဆေးလိပ်သောက်ကြတဲ့သူတွေရဲ့ အကြောင်းပြချက်ထဲမှာ စိတ်ဖိစီးမှုကိုလျော့ကျစေတာတို့ စိတ်ခံစားချက်ကို ကောင်းမွန်စေတာတို့ပါဝင်နေပေမယ့် ဆေးလိပ်သောက်မှ အဲ့လိုတွေ ကောင်းမှာမဟုတ်ပါဘူး။ဆေးလိပ်မှာကောင်းကျိုးဆိုတာ မရှိပါဘူး။ဆေးလိပ်ဖြတ်လိုက်ရင် ဘာတွေကောင်းလာမလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။




၁ — ငွေပိုထွက်လာမယ်

ဆေးလိပ်သောက်တဲ့သူတွေက ပိုက်ဆံကို မီးရှို့နေသလိုပါပဲ။တစ်လိပ်ကို နည်းနည်းပဲကုန်တာပါဆိုပေမယ့် နည်းနည်းနဲ့လည်း မတင်းတိမ်နိုင်ကြတာများပါတယ်။တစ်ချို့ဆေးလိပ်ဘူးတွေက သောင်းနဲ့တောင်ချီပြီးပေးရတာမလို့ ဆေးလိပ်သာဖြတ်လိုက်မယ်ဆိုရင် ကိုယ့်အတွက် အပိုငွေပိုပြီးထွက်လာနိုင်မှာပါ။




၂ — အသက်ပိုရှည်လာမယ်

ဆေးလိပ်မသောက်လည်း သေချင်သေနိုင်ပါတယ်။ဒါပေမယ့် ဆေးလိပ်သောက်နေတာက ပိုပြီးတော့ အသက်အန္တရာယ်နီးကပ်စေတာပါ။ဆေးလိပ်သောက်ခြင်းက အဆုတ် အသည်း အူမကြီးနဲ့ တခြား ခန္ဓာကိုယ်အစိတ်အပိုင်းတွေရဲ့ လုပ်ငန်းဆောင်တာတွေကို ပျက်ဆီးစေနိုင်တာပါ။အဲ့ဒါမလို့ အသက်ရှည်ရှည်နေချင်သေးရင် ဆေးလိပ်ဖြတ်လိုက်ပါ။




၃ — နုပျိုလာမယ်

ဆေးလိပ်သောက်တဲ့သူရဲ့ အသားအရည်နဲ့ မသောက်တဲ့သူရဲ့ အသားအရည် ယှဉ်ကြည့်တာနဲ့ သိသာပါတယ်။ဆေးလိပ်မှာပါဝင်တဲ့ ဓာတုပစ္စည်းတွေက ဆဲလ်တွေကိုပျက်စီးနိုင်ပါတယ်။မျက်နှာပေါ်က သွေးကြောလေးတွေကို ကျဉ်းစေပြီးတော့ အသားရည်ကိုခြောက်ကပ်စေနိုင်ကာ အသားအရည်ကျုံ့နိုင်စွမ်းကိုလည်း ပျက်စီးစေနိုင်ပါတယ်။ဆေးလိပ်သောက်နေတဲ့လူရဲ့ မျက်နှာနဲ့ အသားအရည်က သာမန်ထက်ပိုပြီး အိုမင်းရင့်ရော်နေတတ်ပါတယ်။




၄ — အနီးနားကဆေးလိပ်မသောက်သူတွေရဲ့ကျန်းမာရေးကို ကောင်းလာစေမယ့်

ဆေးလိပ်သောက်တတ်တဲ့သူရဲ့ အနီးနားက တဆင့်ခံဆေးလိပ်သောက်သုံးနေရတဲ့သူတွေပ ပိုပြီး ရောဂါဖြစ်စေနိုင်တာပါ။တကယ်လို့ သင်က ဆေးလိပ်ဖြတ်လိုက်မယ်ဆိုရင် အနီးနားက သူတွေရဲ့ ကျန်းမာရေးကိုပါ ကာကွယ်ပေးနိုင်မှာပဲဖြစ်ပါတယ်။

ဆေးလိပ်သောက်ခြင်းကနေ ကောင်းကျိုးရနိုင်တယ်ဆိုတာ မရှိပါဘူး။ဆိုးကျိုးတွေပဲရနိုင်တဲ့ ဆေးလိပ်ကို ဖြတ်လိုက်ကြပါလို့ တိုက်တွန်းချင်ပါတယ်။


#ဆေးလိပ်
#အသားအရည်
#ကောင်းကျိုး
#ပိုငွေ
#အနီး

Some text some message..