ထမင်းစားပြီးတာနဲ့ မလုပ်သင့်တဲ့အရာများ
myanmaplatform.com
|
2020-10-03



လူတိုင်းသတိမထားမိပဲ ထမင်းစားပြီးတာနဲ့လုပ်မိနေတဲ့ အမူအကျင့်အမှားလေးတွေရှိကြပါတယ်။အန္တရာယ်အများကြီးရှိတယ်တော့မဟုတ်ပေမယ့် ကျန်းမာရေးကိုတစ်ခါတစ်လေထိခိုက်စေနိုင်တဲ့ အကျင့်လေးတွေမလို့ ဆင်ခြင်နိုင်အောင်ဖော်ပြပေးလိုက်ပါတယ်။




၁ — အိပ်စက်ခြင်း

ထမင်းစားပြီးတာနဲ့ အိပ်မယ်ဆိုရင် ရင်ပူတာမျိုးတွေဖြစ်စေနိုင်ပြီးတော့ လေပွတဲ့ရောဂါမျိုးတွေပါဖြစ်လာနိုင်ပါတယ်။အစာစားတဲ့အချိန်နဲ့ အိပ်တဲ့အချိန်ကို ခြားပြီးလုပ်တဲ့သူတွေက နှလုံးရောဂါဖြစ်နိုင်ခြေလည်းနည်းပါးပါတယ်။အကောင်းဆုံးက စားပြီး ၃ နာရီလောက်ခြားမှ အိပ်စက်ပါ။




၂ — ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်ခြင်းက ကျန်းမာရေးကိုဆိုးရွစွာထိခိုက်စေနိုင်ပါတယ်။ဆေးလိပ်သောက်လို့ ဘာကောင်းကျိုးမှမရနိုင်သလို အစာစားပြီးတဲ့အချိန်သောက်ရင် ပိုပြီးတောင်ဆိုးပါသေးတယ်။ဆေးလိပ်မှာပါတဲ့ နီကိုတင်းက အစာခြေပေးနေတဲ့အောက်ဆီဂျင်ကို ပေါင်းစပ်လိုက်တာကြောင့် ပုံမှန်ဆေးလိပ်တစ်လိပ်လုံး အကုန်သောက်တဲ့ ဆိုးကျိုးနဲ့ညီမျှသွားပါတယ်။အဲ့ဒါအပြင် အူမကြီးကင်ဆာနဲ့ အဆုပ်ကင်ဆာကိုပါဖြစ်လာစေနိုင်တာပဲဖြစ်ပါတယ်။




၃ — ရေချိုးခြင်း

လူကြီးတွေပြောပြောနေကြတဲ့ ထမင်းစားပြီးရေမချိုးနဲ့ဆိုတာ အကြောင်းမဲ့ပြောတာမဟုတ်ပါဘူး။ရေချိုးလိုက်တဲ့အခါမှာ ခန္ဓာကိုယ်မှာစီးဆင်းနေတဲ့ သွေးစီးဆင်းမှုလမ်းကြောင်းက လက် ခြေထောက်နဲ့ တခြားနေရာတွေကို ပြောင်းလဲသွားပါတယ်။အစာအိမ်ကို စီးဆင်းတဲ့ လမ်းကြောင်းအားနည်းသွားတာမလို့ အစာစားပြီးရေချိုးရင် ဗိုက်နာတာမျိုးဖြစ်တတ်ပါတယ်။




၄ — သစ်သီးစားခြင်း

တချို့တွေက ထမင်းစားပြီး သစ်သီးအချိုတည်းတာကောင်းတယ်ထင်ကြပါတယ်။ဒါပေမယ့် အစာမရှိသေးချိန် သစ်သီးစားတာကပိုပြီးကျန်းမာရေးအတွက်ကောင်းတာပါ။သစ်သီးတွေကို အစာခြေဖို့အတွက်ရယ် ပါဝင်တဲ့ သကြားဓာတ်တွေ တခြားအာဟာရဓာတ်တွေကို စုပ်ယူဖို့ အချိန်ပိုပြီးလိုအပ်ပါတယ်။အစာမရှိတဲ့အချိန်ဆိုရင် အာဟာရဓာတ်တွေ အမျှင်ဓာတ်တွေ လိုအပ်တဲ့ အချိုဓာတ်တွေကို ထိထိရောက်ရောက်စုပ်ယူနိုင်မှာပါ။ထမင်းစားပြီး စားလိုက်တဲ့ သစ်သီးကို အစာခြေဖို့ အချိန်ကြာတာမလို့ အစာမကြေတာတွေ ရင်ပူလေချဉ်တက်ခြင်းတွေကို ကြုံတွေ့ရနိုင်ပါတယ်။




၅ — လက်ဖက်ရည်သောက်ခြင်း

လက်ဖက်ရည်က အစာစားပြီးသောက်သုံးမယ်ဆိုရင် အစားအစာမှာပါဝင်တဲ့ သံဓာတ်ကိုစုပ်ယူနိုင်မှုအားနည်းအောင်ပြုလုပ်မှာပါ။အစားအစာမှာပါဝင်တဲ့ ပရိုတင်းတို့ သံဓာတ်တို့ကို လက်ဖက်ရည်မှာပါဝင်တဲ့ တန်းနစ်အက်ဆစ်က ပေါင်းစပ်လိုက်တဲ့အခါမှာ ခန္ဓာကိုယ်အတွက်စုပ်ယူနိုင်မှုတွေ အကုန်ကျဆင်းကုန်ပါတယ်။သံဓာတ်စုပ်ယူနိုင်မှုကို ၈၇ ရာခိုင်နှုန်းလောက်ထိကို ကျဆင်းစေနိုင်တာပါ။ခန္ဓာကိုယ်မှာသံဓာတ်လျော့နည်းလာပြီဆိုရင် ပင်ပန်းခြင်း အားနည်းခြင်း ခေါင်းမူးခြင်း ရင်ဘတ်အောင့်ခြင်းနဲ့ တခြား ရောဂါတွေလည်းဖြစ်လာစေနိုင်တာပဲဖြစ်ပါတယ်။

အစာစားပြီးတိုင်း အခုဖော်ပြသွားတဲ့ အချက်လေးတွေကို ရှောင်မယ်ဆိုရင် ကျန်းမာတဲ့ ဘဝကိုရရှိနိုင်မှာပါ။


#သစ်သီး
#ဆေးလိပ်
#အစာ
#သံဓာတ်
#လက်ဖက်ရည်

Some text some message..