ခန္ဓာကိုယ်အတွက် ကင်ပွန်းချဉ်က ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်သလဲ
myanmaplatform.com
|
2020-10-01

ကင်ပွန်းချဉ်ကို မြန်မာနိုင်ငံရဲ့ နေရာတော်တော်များများမှာ တွေ့ရလေ့ရှိပါတယ်။ ကင်ပွန်းချဉ်ပင်က ဆူးတွေ ပါရှိတာကြောင့် ခူးတဲ့အချိန်မှာ သတိထားရပါတယ်။ ကင်ပွန်းချဉ်ပင်မှာ အဆူးရှိသလို ကင်ပွန်းချဉ်ရွက်မှာလည်း ဆူးတွေပါပါတယ်။ ဆူးပါနေပေမယ့် ကင်ပွန်းချဉ်ရွက်က ခန္ဓာကိုယ်တွင်းအတွက်လည်း အာဟာရဓာတ်တွေပါရှိသလို ခန္ဓာကိုယ်ပြင်ပအတွက်လည်း အလွန်ကိုအသုံးဝင်လျပါတယ်။ ဒါကြောင့် ကင်ပွန်းချဉ်က ခန္ဓာကိုယ်အတါက် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိစေနိုင်သလဲဆိုတာကိုပြောပြပေးလိုက်ပါတယ်နော်။




၁။ အသည်းကျန်းမာရေး

အသည်းနဲ့ ပတ်သက်တဲ့ ရောဂါများကို ခံစားနေရပါက ကင်ပွန်းချဉ်ရွက်ကိုစားသုံးပေးသင့်ပါတယ်။ အသည်းရောင်နေပါက ကင်ပွန်းချဉ်ရွက်နုကိုကြိတ်ပေးပြီး အသည်းရောင်တဲ့နေရာမှာ လိမ်းပေးပါက သက်သာစေနိုင်ပါတယ်။




၂။ လေရောဂါ

ကင်ပါန်းချဉ်ရွက်ကို ရေနွေးနဲ့ သောက်ပေးပါက ဝမ်းချုပ်ခြင်း၊ လေချုပ်ခြင်းကိုသက်သာစေနိုင်ပါတယ်။ ကင်ပွန်းချဉ်ရွက်ကို ဟင်းရည်သောက်ချက်ပေးပါက ဝမ်းမှန်ခြင်း၊ အစာကြေလွယ်တာကို ခံစားရစေနိုင်ပါတယ်။ အစာအိမ်ရောဂါနဲ့ ဝမ်းချုပ်ခြင်းကိုသက်သာစေနိုင်တဲ့အပြင် ဆီးပူဆီးအောင့်ခြင်းတွေကို သက်သာစေနိုင်ပါတယ်။




၃။ ခံတွင်းရောဂါ

ကင်ပွန်းချဉ်ရွက်က ခံတွင်းရောဂါများကိုလည်း သက်သာစေနိုင်ပါတယ်။ ပါးစပ်နံခြင်း၊ ပါးစပ်အနာဖြစ်ခြင်းနဲ့ လည်ချောင်းနာခြင်းတွေကိုလည်း သက်သာစေနိုင်ပါတယ်။ ကင်ပွန်းချဉ်က ဝမ်းတွင်းအပူကိုလည်း ငြိမ်းစေနိုင်ပါတယ်။




၄။ သွေးသားသန့်စင်းပေးခြင်း

ကင်ပွန်းချဉ်ရွက်မှာ ပါဝင်တဲ့ အာဟာရဓာတွေက ခန္ဓာကိုယ်မှာ ရှိတဲ့ သွေးသားသန့်စင်ပေးနိုင်ပါတယ်။ ကယ်လိုရီနည်းပါးစွာပါဝင်တာကြောင့် အဆီကျစေပြီး ခန္ဓာကိုယ်ကို ပေါ့ပါးစေနိုင်ပါတယ်။


#ကင်ပွန်း
#အသည်း
#သွေးသား
#ခန္ဓာကိုယ်
#အဆူး

Some text some message..