
ရွှေနွယ်ဆေးပင်က နွယ်ပင်အမျိုးအစားဖြစ်ပါတယ်။ အခြားအပင်တွေပေါ်မှာ လိုက်လျောညီထွေအောင် တွယ်တတ်တဲ့ အမျိုးအစားဖြစ်ပါတယ်။ ရွှေနွယ်ဆေးပင် ရှင်သန်ဖို့အတွက် အခြားသောအပင်ရှိဖို့လိုအပ်ပါတယ်။ အခြားသောအပင်တွေ ရှိနေမှ ရှင်သန်ပေမယ့် ကျန်းမာရေးအတွက်ကတော့ များစွာအထောက်အကူဖြစ်စေနိုင်ပါတယ်။ ဘယ်လိုအထောက်အကူဖြစ်စေနိုငလဲဆိုတာကို ပြောပြပေးလိုက်ပါတယ်နော်။
၁။ အသည်းကျန်းမာရေး
ရွှေနွယ်ဆေးပသ်သည် အသက်ရှည်ဆေးအဖြစ် နာမည်ကြီးပါတယ်။ အသည်းရောင်ခြင်း၊ အသည်းကြီးခြင်း၊ အသည်းရောဂါနဲ့ ပတ်သက်တာတွေအတွက် ရွှေနွယ်ဆေးပင်ကို ပြုတ်ပြီး သောက်ပေးပါက သက်သာပျောက်ကင်းစေနိုင်ပါတယ်။
၂။ ဝမ်းရောဂါ
ရွှေနွယ်ဆေးပင်က ဝမ်းရောဂါတွေကိုလည်း သက်သာစေနိုင်ပါတယ်။ ဝမ်းရောင်ခြင်း၊ ဗိုက်နာခြင်း၊ အစာမကြေဘဲ လေချဉ်တတ်ခြင်း၊ တာတွေကို သက်သာစေနိုင်ပါတယ်။ ရွှေနွယ်ဆေးပင်ကို သုံးခွက်တစ်ခွက်ကျိုပြီး ဝမ်းဗိုက်ကိုလိမ်းပေးပါက အောက်ဘက်သို့လေစုန်ကာ သက်သာစေနိုင်ပါတယ်။
၃။ အသားအရေကို လှပစေခြင်း
ရွှေနွယ်ဆေးပင်ကို တို့စရာအဖြစ် စားသုံးခြင်း၊ သုံးခွက်တစ်ခွက်ကျိုပြီး သောက်သုံးပေးပါက အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်း၊ သွားကျိုခြင်း၊ အရေးအကြောင်းပေါ်ခြင်းတွေကို သက်သာစေနိုင်ပါတယ်။ ဒါ့အပြင်အသက်ရှည် နုပျိုကျန်းမာစေနိုင်ပါတယ်။
၄။ အနာအမြန်ကျက်ခြင်း
ရွှေနွယ်ဆေးပင်ကို အခြောက်လှန်ပြီး ညက်နေအောင်ကြိတ်ပါ။ ချင်းခြောက်မှုနဲ့ ဆတူရောပြီး ထောပတ်နဲ့ေရာ နယ်ပြီး အနာမှာလိမ်းပေးပါက အနာများမှာလိမ်းပေးပါက အသာနုတတ်ပြီး အနာကျက်မြန်စေနိုင်ပါတယ်။ ဒါ့အပြင် ရွှေနွယ်ဆေးပင်အမှုန့်ကို ရေနဲ့ မပျစ်မကျဲဖျော်ပြီး ယားနာမှာ လိမ်းပေးပါက သက်သာပျောက်ကင်းစေနိုင်ပါတယ်။