Detox Water (၆) ခုနဲ့ တစ်ခုချင်းစီရဲ့ အသုံးဝင်ပုံနဲ့ ကောင်းကျိုးများအကြောင်း
auntymay.com
|
2020-10-09

Detox water ဆိုတဲ့အတိုင်း ခန္ဓာကိုယ်တွင်းမှာရှိနေတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးတတ်တဲ့ သဘာဝဖျော်ရည်တွေဟာ လူတိုင်းရဲ့နေ့စဉ်ဘဝမှာ သောက်သုံးပေးသင့်နေပါတယ်။ ဒီတစ်ခေါက်မှာတော့ နေ့တိုင်းသောက်လို့ရနိုင်ပြီး လူတိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ ကောင်းကျိုးတွေကို ပေးနိုင်တဲ့ detox water ၆ မျိုးနဲ့ သူတို့ရဲ့ ကျိုးအာနိသင်တွေကို ဖော်ပြပေးသွားမှာပါ။


(၁) မုန်လာဥ-ဂျင်း-သံပုရာသီး


Freepik-KamranAydinov

သံပုရာသီးဟာ ဗီတာမင် စီ ဓာတ်ပေါကြွယ်ဝပြီး antioxidants တွေလည်း များစွာပါဝင်လို့နေပါတယ်။ မုန်လာဥကတော့ beta-carotene နဲ့ ဖိုက်ဘာဓာတ်တွေပါဝင်တဲ့အတွက် ဝိတ်ကျစေပြီးတော့ အစာချေစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။ ဂျင်းကတော့ ဗိုက်ပူတာတွေ၊ အဆီစုတာတွေ၊ ဗိုက်အောင့် ဗိုက်နာမှုတွေအတွက် အသုံးဝင်ပါတယ်။

ဒါကြောင့် ဝမ်းဗိုက်အဆီကျချင်တဲ့လူတွေ၊ အစားအိမ်လမ်းကြောင်းနဲ့ ပတ်သက်ပြီး ပြဿနာရှိတဲ့လူတွေအတွက် နေ့တိုင်းသောက်သင့်တဲ့ detox water တစ်မျိုးပါ။

ပြုလုပ်ပုံ- မုန်လာဥနီ ၁ လုံး၊ ဂျင်းတစ်ပြားတို့ကို ကြိတ်ပြီး သံပုရာသီးတစ်ခြမ်းညှစ်ထည့်ပါ။


(၂) သခွားသီး-ပူစီနံ


Freepik-8photo

သခွားသီးဟာ ရေဓာတ်ဖြည့်ပေးပြီးတော့ အရာရာကို တည်ငြိမ်စေတဲ့ အစွမ်းကိုပေးနိုင်ပါတယ်။ ပူစီနံရွက်ဟာ အစာကြေစေစတဲ့ အစွမ်းကိုပေးနိုင်တဲ့အပြင်ကိုမှ နှစ်ခုပေါင်းလိုက်ရင် ခန္ဓာကိုယ်တွင်းမှာရှိနေတဲ့ အဆိအပ်အတောက်တွေကို ဖယ်ထုတ်ပေးနိုင်ပါတယ်။

ဒါကြောင့် အူလမ်းကြောင်းရှင်းချင်တဲ့လူတွေ၊ ကိုယ်တွင်းအဆိပ်ထုတ်ချင်တဲ့လူတွေအတွက် အထူးသင့်လျော်မှာပါ။ တစ်ပတ်တစ်ခါသောက်သုံးပေးရင် လုံလောက်ပါပြီ။

ပြုလုပ်ပုံ- သခွားသီးတစ်လုံး၊ ပူစီနံရွက် ၈ ရွက်၊ သံပုရာရည် ၂ စွန်းတို့ကို ရေထဲကိုစိမ်ကာ ၁ ညနှပ်ပါ။


(၃) အုန်းရည်-သံပုရာသီး-ပူစီနံ


Freepik-stockking

အုန်းရည်ဟာ အသည်းနဲ့ ကိုယ်တွင်း ကလီစာတွေကို သန့်စင်ပေးပါတယ်။ ဒီအပြင် စိတ်ကိုလည်း လန်းဆန်းစေပါသေးတယ်။

ပြုလုပ်ပုံ- အုန်းရည်တစ်ခွက်၊ သံပုရာသီးတစ်ခြမ်းကို ညှစ်ပြီး ပူစီနံရွက်လေး ၂ ရွက်လောက် အုပ်ပေးပါ။


(၄) ဂျင်း-သံပုရာသီး


Freepik- freepik

ဂျင်း၊ သံပုရာရည်နဲ့ ပျားရည်တို့ဟာ အရင်ကတည်းက သဘာဝရဲ့ဖြည့်စွက်စာတစ်ခုလိုဖြစ်နေပါပြီ။အအေးမိခြင်းတွေနဲ့ ဆက်စပ်နေတဲ့ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်းတွေအတွက် ကောင်းကျိုးပေးနိုင်ပါတယ်။

ပြုလပ်ပုံ- ပျားရည် ၂ စွန်း၊ သံပုရာသီးတစ်လံးကိုညှစ်ပြီးပျော်ပါ။ ဂျင်းတစ်ပြားကိုစိမ်ပြီး သောက်နိုင်ပါပြီ။


(၅) စတော်ဘယ်ရီ-ပူစီနံ


Freepik-kues1

စတော်ဘယ်ရဟာ ဗီတာမင်ဓာတ်တွေပေါကြွယ်ဝပါတယ်။ ဒီ detox water ဟာ သင့်ရဲ့ အသားအရေအတွက် ကောင်းကျိုးတွေအများကြီးပေးစွမ်းမှာပါ။ အထူးသဖြင့် skin glow အတွက်ပေါ့။

ပြုလုပ်ပုံ- စတော်ဘယ်ရီ ၈ လုံးကို ထက်ခြမ်းခြမ်းပြီးတော့ ရေအေး တစ်ခွက်ထည့်ပါ။ ပြီးရင်တော့ ပူစီနံ၄ ရွက်အုပ်ပါ။


(၆) Chia Fruit Water


Freepik-bondarenko_rimma

Chia seed တွော antioxidant နဲ့ တခြားသော အာဟာရဓာတ်တွေ ပေါကြွယ်ဝစါာပါဝင်နေပါတယ်။ ယောင်ယမ်းမှုတွေကို လျှော့ချပေးပြီးတော့ ဝက်ခြံဖြစ်ခြင်းမှလည်း ကွယ်ပေးနိုင်ပါသေးတယ်။

ပြုလုပ်ပုံ- စတော်ဘယ်ရီသီး ၃ လုံးခန့်၊ သံပုရာသီး ၃ လုံးနဲ့ chia seed ၁ စွန်းတို့ကို ရေအေးထဲမှာ ရောမွှေပါ။


penny


#သံပုရာသီး
#ဂျင်း
#အုန်းရည်
#ကိုယ်တွင်း
#သခွားသီး

Some text some message..