Bra မဝတ်ခြင်းကြောင့် ရရှိနိုင်မယ့် အံ့အားသင့်ဖွယ်အကျိုးကျေးဇူးများ
lifestylemyanmar.com
|
2020-10-13



Bra ဝတ်ရတဲ့အပေါ် မိန်းကလေးတော်တော်များများက စိတ်ကျဉ်းကျပ်လေ့ရှိကြပြီး လောကကြီးမှာ Bra ဝတ်စရာမလိုရင် သိပ်ကောင်းမှာပဲလို့ တွေးလေ့ရှိပါတယ်။ Bra ဝတ်တာက ရင်သားကို တင်းရင်းလှပစေတယ်၊ လူကြားထဲမှာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိစေတယ်လို့ဆိုကြပေမယ့် တကယ်တမ်းမှာတော့ Bra မဝတ်တာကြောင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေလည်းရှိပါတယ်။ ဘာတွေလည်းဆိုတာကြည့်လိုက်ရအောင်။




၁။ ရင်သားကို ကောင်းမွန်တဲ့အနေအထားမှာရှိစေတယ်။

အများစုက Bra ဝတ်မှ ရင်သားကို ပုံစံကျလှပစေတယ်လို့ဆိုပေမယ့် လေ့လာမှုတွေအရ Bra ဝတ်ဆင်တာကြောင့် ရင်သားမှာရှိတဲ့ကြွက်သားတွေကို အားနည်းစေပြီး ရင်သားတွဲကျတာမျိုးတွေဖြစ်နိုင်ပါတယ်တဲ့။ အဲ့ဒါကြောင့် မိမိရဲ့ရင်သားကို လုံးဝန်းပြီး လှပတဲ့ပုံစံရှိဖို့အတွက် Bra မဝတ်ဘဲ သဘာဝအတိုင်းနေကြည့်လိုက်ပါ။




၂။ ညဘက်ကောင်းကောင်းအိပ်ပျော်စေတယ်။

တချို့တွေဆို အင်မတန်လှချင်တာကြောင့် ညအိပ်ရင်တောင် Bra ဝတ်အိပ်လေ့ရှိပါတယ်။ ဒါပေမယ့် ဒီလိုမျိုး Bra ဝတ်အိပ်တာက မိမိကို စိတ်သက်သာရာမရစေဘဲ ကောင်းကောင်းအိပ်ပျော်စေမှာမဟုတ်ပါဘူး။ Bra ဝတ်အိပ်တာက ရင်သားကင်ဆာဖြစ်ပွားနိုင်ခြေကို မြင့်တက်စေတယ်ဆိုပေမယ့် ဒီအချက်ကို အခိုင်အမာသက်သေပြနိုင်တာမျိုးတော့မရှိသေးပါဘဲ ဆက်စပ်အကြောင်းအရာတွေနဲ့ပဲ ပြောနိုင်တာပါ။ ဒီအကြောင်းကို အောက်ကနံပါတ် (၆) မှာ ပြောပြထားပါတယ်။




၃။ သွေးလည်ပတ်မှုကို ကောင်းမွန်စေတယ်။

Bra လိုမျိုး ခပ်ကြပ်ကြပ်အဝတ်အစားတွေကို ဝတ်ဆင်တာက ကိုယ့်ရဲ့ခန္ဓာကိုယ်အတွင်း သွေးလည်ပတ်မှုကို ထိခိုက်စေပါတယ်။ Bra ရဲ့ တင်းမာမှုကြောင့် ရင်သားတစ်ဝိုက်မှာ သွေးကောင်းကောင်း မစီးဆင်းနိုင်ဘဲ နှလုံးသွေးကြောနဲ့သက်ဆိုင်တဲ့ပြဿနာတွေကို ဖြစ်ပွားစေနိုင်ပါတယ်။




၄။ ရင်သားကျန်းမာရေးကို ကောင်းမွန်စေတယ်။

Bra လို့ဆိုလိုက်တာနဲ့ ရင်သားကင်ဆာကို တွဲမြင်လေ့ရှိပါတယ်။ တကယ်တမ်းမှာ ရင်သားကင်ဆာက မျိုးရိုးဗီဇကိုလိုက်ပြီးတော့လည်း ဖြစ်ပွားနိုင်တဲ့ရောဂါပါ။ ဒါပေမယ့် Bra မဝတ်တာကြောင့် မိမိရင်သားရဲ့ ကျန်းမာရေးကို အခြားသောနည်းလမ်းတွေနဲ့ တိုးတက်ကောင်းမွန်စေပါတယ်။ Bra မဝတ်ထားဘူးဆိုရင် သွေးလည်ပတ်မှုကောင်းစေတယ်၊ ချွေးတွေ၊ ချေး (ဂျီး) တွေနဲ့ မညစ်ပတ်စေဘူး၊ ဒီလိုမျိုးအကျိုးကျေးဇူးတွေကြောင့် ရင်သားပေါ်မှာ အနာဖြစ်တာမျိုး၊ အဖုအပိန့်ထွက်တာမျိုးတွေ မဖြစ်နိုင်တော့ပါဘူး။ ဒါ့အပြင် Bra ကြောင့် အသက်ရှူရခက်တာ၊ ရင်ဘတ်နာကျင်တာနဲ့ အခြားသောစိတ်မသက်မသာဖြစ်စရာတွေကို မကြုံတွေ့ရတော့ပါဘူး။




၅။ ပိုက်ဆံစုနိုင်မယ်။

Bra ကောင်းကောင်းတစ်ထည်ဝယ်မယ်ဆိုရင် ကုန်ကျစရိတ် တကယ်ကြီးမားပါတယ်။ တော်တော်များများက အဆင်ပြေသလို ဝယ်ဝတ်နေကြပေမယ့် တကယ်တမ်း ပစ္စည်းရဲ့အရည်အသွေး၊ သက်သောင့်သက်သာဖြစ်မှုတွေကို တွက်ချက်ပြီးမှ ဝယ်ရင်တော့ အဲ့ဒီ Bra ရဲ့ ကုန်ကျစရိတ်က အင်မတန်မြင့်မားနေမှာ အသေအချာပါပဲ။ ဒီတော့ Bra မဝတ်ရင် Bra ဝယ်စရာမလိုဘူး။ Bra ဝယ်မယ့် ပိုက်ဆံနဲ့ မာလာရှမ်းကောစားပြီး Bubble Milk Tea သာသောက်လိုက်ပါ။




၆။ ရင်သားတစ်သျှူးတွေကို ကျန်းမာစေတယ်။

(၁၅) နှစ်ကြာလေ့လာမှုတွေအရ Bra ဝတ်ဆင်တာက ရင်သားတစ်သျှူးတွေ ကြီးထွားဖို့အတွက် အနှောင့်အယှက်ဖြစ်စေနိုင်တယ်လို့ဆိုပါတယ်။ Bra မဝတ်ဘူးဆိုရင် ရင်သားတစ်သျှူးတွေကို ကောင်းကောင်းကြီးထွားစေနိုင်တယ်၊ အဲ့ဒါဆိုရင် ရင်သားနဲ့ပတ်သက်တဲ့ ရင်သားကင်ဆာလိုရောဂါတွေ ဖြစ်ပွားမှုနည်းပါးသွားနိုင်ပါတယ်။ ကျန်းမာတဲ့ရင်သားတစ်သျှူးတွေက ရင်သားမှာရှိတဲ့ကြွက်သားတွေကို သဘာဝအတိုင်း သန်မာစေပြီး ပိုကြီး၊ ပိုလုံးဝန်းတဲ့ရင်သားတွေကို ခွဲစိတ်ပြုပြုင်စရာမလိုဘဲ ရရှိစေပါလိမ့်မယ်။




၇။ အထူးစပါယ်ရှယ်ကို သက်သောင့်သက်သာဖြစ်စေတယ်။

မိန်းကလေးတွေက တစ်နေ့လုံး Bra မဝတ်ဘဲနေရတဲ့ စည်းစိမ်ချမ်းသာကို ဘာနဲ့မှလဲနိုင်မှာမဟုတ်ပါဘူး။ အသက်ရှူကျပ်တာ၊ နေရထိုင်ရကျဉ်းကျပ်တာ၊ ယားယံတာဘာမှမရှိဘဲ လုံးဝကို လွတ်လွတ်လပ်လပ်နဲ့ နေထိုင်ခွင့်ရတာပါ။ တစ်နေကုန် Bra ဝတ် အပြင်ထွက်သွားလာနေပြီး အိမ်ပြန်ရောက်တဲ့အချိန် Bra ကိုချွတ်ပြီး နေလိုက်ရတဲ့ အခိုက်အတန့်က မိန်းကလေးတွေ အင်မတန်မှ ကြိုက်နှစ်သက်တဲ့အခိုက်အတန့်လေးတစ်ခုပါပဲ။ အဲ့ဒီတော့ ချစ်မတို့ရော Bra ဝတ်တာကောင်းလား၊ မဝတ်တာ ကောင်းလား၊ သဘောကျလား၊ မကျဘူးလားဆိုတာ ကိုယ့်အမြင်လေးတွေကို မျှဝေပေးသွားကြပါဦး။




#HM

#LifestyleMyanmar

Source: tiphero


#ရင်သား
#သျှူး
#ရင်သားကင်ဆာ
#သားတစ်
#ကောင်းကောင်း

Some text some message..