ဒူးရင်းဩဇာ နဲ့ ကျန်းမာရေး
yoyarlay.com
|
2020-10-09



မြင်နေကျ အသီးတွေလိုမဟုတ်ဘဲ အခွံစိမ်းစိမ်းပေါ်မှာ အဆူးလေးတွေ ပါပြီး အတွင်းသား ဖြူဖြူလေးနဲ့ အစေ့ မဲမဲလေး ပါတဲ့ ဒူးရင်းဩဇာသီးက ပုံမှန်တော့ စားမိခဲနိုင်ပါတယ်။ အရသာက စတော်ဘယ်ရီ၊ နာနတ်သီး နဲ့ အချဉ်သီး တစ်မျိုးမျိုး ပေါင်းစပ်ထားတဲ့ အရသာမျိုး ဖြစ်ပြီး ဖျော်ပဲ သောက်သောက်၊ ဒီအတိုင်းပဲ စားစား အရသာ ကောင်းတဲ့ ဒူးရင်းဩဇာသီးလေး ကပေးတဲ့ ကျန်းမာရေး အကြောင်း ပြောပြပေးပါရစေ။

ဒူးရင်းဩဇာမှာပါတဲ့ အာဟာရဓာတ်

ဒူးရင်းဩဇာမှာ


ကယ်လ်လိုရီ
အဆီ
ဆိုဒီယမ်
ကာဗိုဟိုက်ဒရိတ်
အမျှင်ဓာတ်
သကြားဓာတ်
ပရိုတင်း
ဗီတာမင် C
ပိုတက်ဆီယမ် တို့ပါဝင်ပါတယ်။

ဒူးရင်းဩဇာ ကပေးတဲ့ ကျန်းမာရေး

အခွံစိမ်းမှာ ဆူးလေးတွေပါတဲ့ ဒူးရင်းဩဇာသီးက

ကင်ဆာ ကာကွယ်ပေးတယ်


၂၀၁၈ ခုနှစ်က လုပ်ဆောင်ခဲ့တဲ့ လေ့လာမှုအရ ဒူးရင်းဩဇာသီး အပါအဝင် ဒူးရင်းဩဇာပင် ကနေရတဲ့ အဆီအနှစ်က ကင်ဆာ ကာကွယ်ပေးနိုင်စွမ်း ရှိတယ် လို့လေ့လာတွေ့ရှိ ခဲ့ရပါတယ်။ ကင်ဆာ ကာကွယ်ဖို့ရော ကုသဖို့ပါ အသုံးပြုလို့ ရပါတယ်။

အစာကြေစေတယ်


အမျှင်ဓာတ် ကြွယ်ဝတာကြောင့် အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ ဒူးရင်းဩဇာသီးက ဆီးကနေတဆင့် ကိုယ်တွင်းမှာ ပိုလျှံနေတဲ့ ဆိုဒီယမ်တွေကို စွန့်ထုတ်ပေးသလို ဝမ်းမှန်စေပြီး အူလမ်းကြောင်းကို သန့်ရှင်းစေပါတယ်။ အစာခြေစနစ်မှာ အနာတွေ ရှိရင်လည်း သက်သာစေပါတယ်။

နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်တယ်


ဒူးရင်းဩဇာသီးမှာလည်း အခြား အသီးတွေလိုပဲ ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝနေတာကြောင့် ဆဲလ်တွေ ထိခိုက်ပျက်စီးမှု မရှိအောင် ကာကွယ်ပေးပြီး နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။

သွေးတွင်းသကြားဓာတ် ကျဆင်းစေတယ်


လေ့လာမှုတွေအရ ဒူးရင်းဩဇာက ဆီးချိုရှိသူတွေမှာ သွေးတွင်း သကြားဓာတ်ကို ကျဆင်းစေနိုင်ပါတယ်။ ဆီးချိုရှိသူတွေ အနေနဲ့ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိချင်တယ်ဆိုရင် ဒူးရင်းဩဇာသီးကို စားသုံးပေးလို့ ရပါတယ်။


သွေးပေါင်ချိန် ထိန်းညှိပေးတယ်


ဒူးရင်းဩဇာသီးက သွေးပေါင်ချိန်ကိုလည်း ထိန်းညှိပေးပါတယ်။ နှလုံးခုန်နှုန်း မှန်စေဖို့လည်း အားဖြည့်ပေးပါတယ်။ သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး နှလုံး ကျန်းမာစေတဲ့အပြင် လေဖြတ်နိုင်ခြေကိုပါ လျှော့ချပေးပါတယ်။

အစာခြေစနစ် တစ်လျှောက်က အနာတွေကို သက်သာစေတယ်


ဒူးရင်းဩဇာသီးကို စားပေးတာက ပါးစပ်၊ အစာအိမ်နံရံ၊ အစာရေမျို၊ အူ၊ အူသိမ်တွေထဲမှာ ဖြစ်တဲ့ အနာတွေကို သက်သာစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။အစာခြေစနစ်ကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်မှု မရှိစေဖို့လည်း ကာကွယ်ပေးပါတယ်။

ရေယုန် သက်သာစေတယ်


ဗိုင်းရပ်စ် ကူးစက်မှုကြောင့် လိင်အင်္ဂါ နဲ့ နှုတ်ခမ်းတစ်ဝိုက်မှာ ပေါက်တဲ့ ရေယုန်တွေကို သက်သာစေဖို့ အတွက်လည်း ဒူးရင်းဩဇာကို စားပေးလို့ရပါတယ်။ ဒူးရင်းဩဇာသီးရဲ့ သတ္တုရည်က ရေယုန်ဖြစ်စေတဲ့ ဗိုင်းရပ်စ်ကို အကောင်းဆုံး တိုက်ဖျက်ပေးနိုင်ပါတယ်။

အစာလည်း ဆေး၊ ဆေးလည်း အစာ ဆိုတဲ့အတိုင်း ဒူးရင်းဩဇာသီးလေး စားပြီး ကျန်းမာအောင် နေလိုက်ကြရအောင်လား။

Ref : hellosayarwon


ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

Team ( ရိုးရာလေး )


#ရေယုန်
#သွေးပေါင်ချိန်
#သကြား
#ဆိုဒီယမ်
#အနာ

Some text some message..