
ပူစီနံဆိုတဲ့ အရွက်ကို ပူရှိန်းပီကေ၊ သကြားလုံး စသဖြင့် အသုံးပြုကြပါတယ်။ ပူစီနံရွက်ရဲ့ အနံ့ကို ကြိုက်နှစ်သက်သူတွေလည်း ရှိသလို မကြိုက်တဲ့သူတွေလည်း ရှိလို့ နေပါတယ်။ ပူစီနံ့ရွက်ကတော့ စားသုံးပေးရင် အခုလို ကျန်းမာရေး ကောင်းကျိုးတွေ ရစေပါတယ်။
၁။ ခံတွင်းနံ့ ကောင်းမွန်စေတယ်
ပူရှိန်းက ခံတွင်းနံ့ကို ကောင်းမွန်စေတာကို သိကြပါတယ်။ ဒီလိုပဲ ပူရှိန်းအဖြစ် ပြုလုပ်လို့ ရတဲ့ ပူစီနံရွက်ကို စားသုံးပေးတာကလည်း ခံတွင်းအနံ့ဆိုးတွေကို သက်သာစေပါတယ်။

doucefleur/Freepik
၂။ အအေးမမိအောင် ကာကွယ်ပေးတယ်
အအေးမိတဲ့အခါမျိုးမှာ မဖျားနာခင် အအေးမိတဲ့ လက္ခဏာတွေ အရင် ပြတတ်ပါတယ်။ ဒီလိုမျိုး အအေးမိခြင်းကနေ သက်သာအောင်လည်း ပူစီနံရွက်က လုပ်ပေးနိုင်ပါတယ်။ အအေးမိတဲ့အခါမှာ ပူစီနံရွက်ကို ရေနွေးနဲ့ စိမ်ပြီး သောက်သုံးပေးလို့ ရပါတယ်။

lesterman/Freepik
၃။ အစာခြေစနစ်ကို ကောင်းမွန်စေတယ်
အူလမ်းကြောင်း လှုပ်ရှားမှု များတာ၊ အစာမကြေတာ၊ စတဲ့ အစာခြေစနစ်ဆိုင်ရာ ပြဿနာတွေ ဖြစ်တတ်တဲ့သူတွေအတွက်လည်း ပူစီနံရွက်က သင့်လျော်ပါတယ်။ အစာခြေစနစ် ကောင်းမွန်နေစေဖို့ ပူစီနံရွက်ကို နေ့တိုင်း စားသုံးပေးနိုင်ရင် အကောင်းဆုံးပါပဲ။

jcomp/Freepik
၄။ ခေါင်းကိုက်တာကို သက်သာစေတယ်
မကြာခဏ ခေါင်းကိုက်တတ်တဲ့သူတွေအတွက် အကိုက်အခဲပျောက်ဆေး မသုံးချင်ရင် ပူစီရွက်ကို စားသုံးပေးလို့ ရပါတယ်။ ပူစီနံရွက်က ဦးနှောက်ကို ပြန်လည် လန်းဆန်းစေပြီး ခေါင်းကိုက်ခြင်းကို သက်သာစေပါတယ်။ ခေါင်းကိုက်ခြင်းကြောင့် မူးဝေတာ၊ အော့အန်ချင်တာမျိုးကိုလည်း သက်သာစေပါတယ်။

kvladimirv/Freepik
၅။ အိပ်ပျော်စေတယ်
ညဘက် အိပ်မပျော်တဲ့သူတွေလည်း ပူစီနံရွက်ကို သုံးပြီး အိပ်ပျော်အောင် ကုသလို့ ရပါတယ်။ ပူစီနံရွက်ကို ရေနွေးနဲ့ စိမ်ပြီး အိပ်ခါနီး ၁ နာရီအလို၊ ၂ နာရီ အလိုမှာ တစ်ခွက် သို့ နှစ်ခွက် သောက်ပေးမယ်ဆိုရင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။ အိပ်ဆေးတွေက ဆိုးကျိုးတွေ ရှိလာနိုင်ပေမယ့် ပူစီနံကတော့ ညအိပ်မပျော်တဲ့သူတွေအတွက် အကောင်းဆုံး သဘာဝ ဆေးတစ်လက်ပါနော်။
Kham