ဗိုက်ဆာနေတာကို အစားမစားဘဲနေမိရင် ဘာတွေဖြစ်လာနိုင်လဲ
myanmaplatform.com
|
2020-10-18



ကျွန်တော်တို့ ရဲ့ ခန္ဓာကိုယ်က ပုံမှန်အလုပ်လုပ်နေတဲ့ အခါမှာ ဇီဝဖြစ်စဉ်တွေ မှန်ကန်စေပြီး ဗိုက်ဆာခြင်းနှင့် အညစ်အကြေးစွန့်ထုတ်ခြင်းတို့ကို ပုံမှန်ပြုလုပ်နိုင်ပါတယ်။ခန္ဓာကိုယ်က အာဟာရတွေကို စားသောက်ဖို့လိုအပ်လာတဲ့ အခါမှာ ဗိုက်ဆာခြင်းဆိုတဲ့ ခံစားချက်ကို ဖြစ်ပေါ်လာစေပါတယ်။ ဗိုက်ဆာနေချိန်မှာ အစားမစားဘဲ အလုပ်ကိုပဲ အာရုံစိုက်နေတဲ့ အခါမှာ ရေရှည်မှာတော့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ခံစားလာရနိုင်ပါတယ်။ ဆက်လက်ပြီးတော့ ဖတ်ရှုလိုက်ရအောင်နော်။

ဗိုက်ဆာခြင်းကို အောင့်ထားရင် ပိုစားမိတတ်ပါတယ်




ထမင်းစားချိန် ပုံမှန်စားလေ့မရှိတဲ့ အကျင့်နှင့် ဗိုက်ဆာချိန်မှာ အစားမစားတတ်တဲ့ အကျင့်ဟာ အစားစားတဲ့ အချိန်မှာ ပိုစားမိတတ်စေပါတယ်။လူ့ခန္ဓာကိုယ်စာ အစားစားသောက်ပြီး ဇီဝဖြစ်စဉ် မှန်ကန်စေဖို့ အတွက် အချိန် ၃နာရီကနေ ၄နာရီအထိ လိုအပ်တာဖြစ်ပါတယ်။အစာဖြိုခွဲခြင်းနှင့် စွမ်းအင် မျှဝေခြင်း စတာတွေကို ပုံှမှန်လုပ်ဆောင်နေဖို့ လိုအပ်ပါတယ်။အစားမစားဘဲ အချိန်ကြာကြာနေ နေတဲ့ အခါမှာတော့ သင့်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ သွေးတွင်း သကြားဓာတ်ကကျလာတဲ့ အခါမှာတော့ အစားစားတဲ့ အခါမှာ ပိုစားမိတဲ့ အပြင် အချိုဓာတ်များတာတွေကို စားမှသာ လူက ပြန်လည်လန်းဆန်း လာမှာဖြစ်ပါတယ်။

အစားမစားဘဲ နေခြင်းက ဝိတ်မကျပါဘူး။




လူအများစု လိုက်လုပ်နေကြတဲ့ မှားယွင်းတဲ့ ယူဆချက်တစ်ခုကတော့ ဗိုက်ဆာနေချိန်မှာ အစားမစားဘဲ နေလိုက်ရင် ဝိတ်ကျသွားလိမ့်မယ်လို့ ထင်နေကြတာပါ။အစားမစားဘဲနေခြင်းက သင့်ကို ဆာလောင်စိတ်က လွဲရင် ပိန်မသွားစေနိုင်ပါဘူး။ ကယ်လိုရီအနည်းငယ်လောက်တော့ ဝင်အောင် စားရမှာပါ။ဒါမှသာ ခန္ဓာကိုယ်က စားလိုက်တဲ့ အစားအစာများကို စွမ်းအင်အဖြစ် ပြောင်းလဲပြီး အဆီကျစေဖို့ အတွက် လုပ်ဆောင်နိုင်မှာပဲဖြစ်ပါတယ်။

ကျန်းမာရေးနှင့် ညီညွတ်တဲ့ အစားအစာတွေကို မစားဖြစ်တော့ပါဘူး။




ဗိုက်အရမ်းဆာနေတဲ့ အခါမှာ သင့်အနေနှင့် ဘယ်လို အစားအစာမျိုးကို ပိုမို ရွေးချယ်မိမယ်လို့ထင်ပါသလည်း။ကျန်းမာရေးနှင့် မညီညွတ်တဲ့ အသင့်စားနှင့် အချိုမုန့်တွေကို ဗိုက်အလွန်အကျွန်စားနေချိန်မှာ လူတိုင်းက စားသုံးဖို့ အတွက် ရွေးချယ်တတ်ကြပါတယ်။ ကျန်းမာရေးနှင့် မညီညွတ်တဲ့ အစားအစာတွေက သင့်ကို အဝလွန်စေရုံသာမကဘဲ နာတာရှည်ရောဂါ တွေကိုခံစားရနိုင်ဖို့အတွက် ရာခိုင်နှုန်း ပိုမြင့်စေတာပဲဖြစ်ပါတယ်။

ဗိုက်အလွန်အကျွန်ဆာလာတဲ့ အခါမှာ ကြုံလာရနိုင်တဲ့ ဆိုးကျိုးတွေကတော့...........



၁။အာရုံစိုက်နိုင်စွမ်း လျော့နည်းလာနိုင်ခြင်း
၂။ဗိုက်မအီမသာဖြစ်လာခြင်း
၃။ခန္ဓာကိုယ် အားနည်းလာခြင်း
၄။ခေါင်းထဲမှာ မူးနောက်နောက်ဖြစ်လာခြင်း
၅။ရုတ်တရက် ပျို့အန်ခြင်း
၆။ခေါင်းကိုက်ခြင်း
၇။ရင်တုန်ပြီး အသက်ရှုကျပ်လာခြင်း
၈။အိပ်စက်ရခက်ခဲခြင်း ...စတာတွေပဲဖြစ်ပါတယ်။


#ခန္ဓာကိုယ်
#အစား
#အစားအစာ
#ဇီဝ
#စွမ်းအင်

Some text some message..