ကလေးငယ်တွေရဲ့ သဘာဝအလျာက် တခါတလေမှာ နားမလည်နိုင်လောက်အောင် အဆက်မပြတ် အော်ငိုနေတတ်တဲ့ အချိန်တွေ ရှိပါတယ်။ ဘယ်လောက်ပဲ စိတ်ရှည်တဲ့ မိဘတွေဖြစ်ပါစေ ဒီလိုအချိန်မှာ တခါတလေ ဒေါသထွက်ကာ မိဘ (ဒါမှမဟုတ်) ကလေးထိန်းသူဟာ ကလေး ပခုံးကိုကိုင်ပြီး အလွန်အကျွံကိုင်လှုပ်လိုက်တာမျိုး လုပ်မိတတ်ကြပါတယ်။ ဒီလိုမျိုး အပြုအမူဟာ ကလေးကိုအငိုမတိတ်စေတဲ့အပြင် shaken baby syndrome လို့ခေါ်တဲ့ ဆိုးဝါးသောအခြေအနေတစ်ခုကို ဦးတည်စေပါတယ်။
Shaken baby syndrome (SBS)ဆိုတာ မွေးကင်းစကလေးကို မိဘ သို့ ကလေးထိန်းသူက ကြမ်းတမ်းစွာ လှုပ်ရမ်းခြင်းကြောင့် ဦးခေါင်းကို ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရစေတဲ့ အခြေအနေဖြစ်ပါတယ်။ ဒီလိုမျိုးပြုလုပ်လိုက်တာကြောင့် ဦးနှောက်ထိခိုက်ဒဏ်ရာရစေပြီး ဦးနှောက်ကို ပျက်စီးစေကာ အသက်သေဆုံးတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ဒါ့ကြောင့် shaken baby syndrome ကို child abuse ပုံစံတခုအဖြစ် သတ်မှတ်ထားပါတယ်။
Shaken Baby Syndrome ဟာမွေးကင်းစကလေးအားလုံးမှာ အန္တရာယ်ရှိပါတယ်။ နို့စို့ကလေး ဘယ်အသက်အရွယ်အုပ်စုမဆို shaken baby syndrome ခံစားရနိုင်ပါတယ်။ အထူးသဖြင့်အောက်မှာ ၆လ အသက်အရွယ်နှင့် ၁ နှစ်အသက်အရွယ်တွေမှာ အများဆုံး ဖြစ်ပေါ်နိုင်ပါတယ်။ ကလေးတွေမှာ နူးညံ့တဲ့ ဦးနှောက်တစ်သျှူးတွေရှိပြီး ဦးခေါင်းခွံအရိုးတွေဟာ မဆက်သေးပါဘူး။ လည်ပင်းကြွက်သားများဟာ ခေါင်းရဲ့ လှုပ်ရှားမှုကို ဆက်ခနဲ ရပ်တန့်ဖို့ အလုံအလောက် မသန်မာသေးပါဘူး။ ဒါ့ကြောင့် ကလေးတွေဟာ ဦးခေါင်းရဲ့ ရုတ်တရတ်လှုပ်ရှားမှုက ပြင်းထန်မှု နည်းတယ်ဆိုရင်တောင် ဦးနှောက်ဒဏ်ရာကို ဖြစ်ပေါ်စေနိုင်ပါတယ်။
ကလေးကို လှုပ်ရမ်းတဲ့အခါ ဦးခေါင်းခွံ အတွင်းက ဦးနှောက်ဟာ ခုန်ပြီး ဦးခေါင်းခွံနံရံတွေကို ရိုက်မိပါတယ်။ ဒီဆောင့်မိခြင်းကြောင့် ဦးနှောက်ရဲ့ အစိတ်အပိုင်းဟာ အတွင်းကြေဖြစ်ပြီး ရောင်ရမ်းတာတွေ ဖြစ်လာနိုင်ပါတယ်။ ဦးနှောက်ပြင်ပရှိသွေးကြောများဟာ ဦးခေါင်းခွံနဲ့ ဆောင့်မိခြင်းကြောင့် သွေးကြောပေါက်သွားတာတွေ ဖြစ်လာပါလိမ့်မယ်။ ဒဏ်ရာနှင့်အတူ သွေးထွက်ခြင်းက ထာဝရ ဦးနှောက်ပျက်စီးမှုကို တောင်ဖြစ်ပေါ်စေနိုင်ပါတယ်။ ကလေးငယ်တွေဟာ သူတို့ပုခက်ထဲမှာ အိပ်နေစဉ် သို့မဟုတ် နူးညံ့တဲ့ မွေ့ယာပေါ်မှာ အိပ်နေစဉ်မှာတောင် လှုပ်ရမ်းခဲ့ရင် SBS ဖြစ်နိုင်ပါတယ်။ စက္ကန့်အနည်းငယ်လှုပ်ကိုင်ခြင်းကလည်း ကလေးငယ်တွေရဲ့ ဦးနှောက်ကို ဒဏ်ရာဖြစ်ပေါ်စေနိုင်ပါတယ်။
ကလေးရဲ့ ဦးခေါင်းအတွင်းမှာ ဒဏ်ရာရခဲ့ရင် သိသာတဲ့ရောဂါလက္ခဏာတွေ ပြသမှာမဟုတ်ပါဘူး။ ရောဂါလက္ခဏာတွေ အများစုဟာ ကောက်ခါငင်ခါ ပေါ်ပေါက်တတ်ပါတယ်။ shaken baby syndrome ရဲ့ ပြင်ပလက္ခဏာများကတော့
အစာစားမှုပုံစံ ရုတ်တရက်ပြောင်းလာခြင်း (ကလေးဟာ ပုံမှန်အချိန်မှာ အစာကျွေးလို့မရတာ၊ မစားဘဲနေတာ) နဲ့အစာစားချင်စိတ် ဆုံးရှုံးမှုဖြစ်လာပါတယ်။
အမြဲမှိန်းနေခြင်း- eye socket ကြမ်းတမ်းတဲ့ လှုပ်ရှားမှုကြောင့် မျက်ဆန်မှာ ဒဏ်ရာရခြင်းရဲ့ ရလဒ်ဖြစ်ပါတယ်။ပြင်းပြင်းထန်ထန်ဖြစ်ပွားရင် အမြင်အာရုံတောင် ဆုံးရှုံးနိုင်ပါတယ်။ စကားပြောပြောင်းလဲခြင်း- စကားပြောနေရင်း ရုတ်တရက် စကားတွေထစ်လာပါတယ်။ အပြုအမှုပြောင်းလဲခြင်း- ဂျီကျလာတာ၊ စိတ်တိုလာတာ စတဲ့ အပြုအမှုတွေ ပြောင်းလာပါတယ်။
လေးလံထိုင်းမှိုင်းလာပြီး အားမရှိသလို ဖြစ်လာနိုင်ပါတယ်။ နာကျင်မှုကြောင့် ခဏခဏ ခေါင်းကို ကိုင်ပြီး ငိုပါလိမ့်မယ်။ နည်းနည်းကြီးတဲ့ ကလေးတွေဆိုရင် သူတို့ နာကျင်နေတဲ့ နေရာကို ညွန်ပြပါလိမ့်မယ်။ အကြားစွမ်းရည် ဆုံးရှုံးလာပါတယ်။
ကလေးကို အကြမ်းပတမ်းလှုပ်ရမ်းမှုကြောင့် ဖြစ်ပေါ်တဲ့ ဦးခေါင်းဒဏ်ရာတွေက အောက်ပါလက္ခဏာများဖြစ်ပါတယ်။ တက်ခြင်း၊ retinal hemorrhage Chronic vomiting လို့ခေါ်တဲ့ မျက်လုံး၊ နှာခေါင်းမှ သွေးထွက်ခြင်း၊ အသားအရေ ဖြူဖပ်ဖြူရော်ဖြစ်လာခြင်း၊ ငယ်ထိပ်ပေါ်မှာ ရောင်ရမ်းခြင်း၊ ပျို့အန်ခြင်း၊ ခြေလက်တို့ မလှုပ်ရှားနိုင်ခြင်း စတာတွေ ဖြစ်ပါတယ်။
ဦးခေါင်းဒဏ်ရာပြင်းထန်စွာရတဲ့ နို့စို့ကလေး ၂၅%လောက်က သေဆုံးပြီး ၈၀%နီးပါးဟာ သူတို့ဘဝတစ်လျှောက်လုံး မသန်စွမ်းဘဝဖြစ်သွားတယ်လို့ ဖော်ပြထားပါတယ်။ ဒါ့ကြောင့် ကလေးငယ်တွေကို SBS မဖြစ်စေဖို့ ကြမ်းတမ်းစွာလှုပ်ရမ်းတာမျိုး မလုပ်မိဖို့ လိုအပ်ပါတယ်ဆိုတဲ့အကြောင်း ဖော်ပြပေးလိုက်ပါတယ်။
#Chit_May_May
#Dmo_aung
#Ref- momjunction
Chit May May မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ကူးယူဖော်ပြခြင်းမပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။