သကြားသီး (သို့) Jamaica Cherry သီးစားသုံးပေးခြင်းကြောင့် ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ
myanmaplatform.com
|
2020-10-20

သကြားသီး (သို့) Jamaica Cherry သီးက အလျင်မြန်ကြီးထွားနိုင်သလို အမြဲတမ်းစိမ်းစိမ်းစိုစိုဖြစ်နေတဲ့အ ပင်တစ်မျိုးဖြစ်ပါတယ်။ ရှမ်းပြည်မှာတော့ နွားနို့သီးလို့လည်း ခေါ်ကြပါသေးတယ်။ နိုင်ငံတိုင်းလိုလိုမှာ ရှိကြပါတယ်။ အဓိက ကတော့ အာရှဒေသတွေမှာ တော်တော်များများစိုက်ပျိုးကြလေ့ရှိပါတယ်။ အသီးက အစိမ်းကနေမှ မှည့်လာတဲ့အခါမှာ အနီရောင်ပြောင်းသွားတာဖြစ်ပါတယ်။ သကြားသီး (သို့) Jamaica Cherry သီးက အသီးသေးလေးတွေဖြစ်သလို ကျန်းမာရေးအတွက်လည်း များစွာ အထောက်အကူပြုစေနိုင်ပါတယ်။ သကြားသီး (သို့) Jamaica Cherry သီးကိုတိုင်းရင်းဆေးအဖြစ်လည်း အသုံးပြုကြပါတယ်။ သကြားသီး (သို့) Jamaica Cherry မှာ အာဟာရဓာတ်တွေ များစွာပါဝင်တာကြောင့် ကျန်းမာရေးအတွက် ဘယ်လိုအထောက်အကူပြုပေးနိုင်သလဲဆိုတာကိုပြောပြပေး လိုက်ပါတယ်နော်။




၁။ နာကျင်မှုကို သက်သာစေနိုင်ခြင်း

သကြားသီး (သို့) Jamaica Cherry မှာပါဝင်တဲ့ အာဟာရဓာတ်တွေက နာကျင်ခြင်း၊ ရောင်ရမ်းခြင်းတွေကို သက်သာစေနိုင်ပါတယ်။ သကြားသီး (သို့) Jamaica Cherryက အဓိကရောဂါကို မကုသပေးနိုင်ပေမယ့် နာကျင်မှုတွေကိုတော့ လျော့နည်းအောင် ကာကွယ်ပေးနိုင်ပါတယ်။




၂။ သွေးဖိအားကိုလျှော့ချပေးနိုင်ခြင်း

ယနေ့ခေတ်မှာ လူအဖွဲ့အစည်းတွေမှာ ဆေးလိပ်သောက်ခြင်း၊ အရက်သေစာ၊ အဆီများတော့ အစားအစာ တွေကိုသောက်စားခြင်းတို့ကြောင့် အဆီဓာတ်မြင့်မားခြင်း၊ သွေးပေါင်ချိန်မြင့်တတ်ခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ ခန္ဓာကိုယ်ရှိ သွေးကြောများ ကျုံသွားသောအခါ ခန္ဓာကိုယ်က ရွေးလျာရန် ခက်ခဲလာပါတယ်။ ဒီအချိန်မှာသွေးပေါင်ချိန်မြင့်တတ်ခြင်း၊ နှလုံးရောဂါနဲ့ လေဖြတ်ခြင်းတွေကိုဖြစ်စေနိုင်ပါတယ်။ သကြားသီး (သို့) Jamaica Cherry ပါဝင်တဲ့ ဒြပ်ပေါင်းတွေကြောင့် သွေးကြောတွေကို လျှော့ချပေးပြီး သွေးများကို လွတ်လပ်စွာ စီးဆင်းစေပြီး သွေးဖိအားတွေကို လျော့နည်းစေတာဖြစ်ပါတယ်။




၃။ ကြွက်တတ်ခြင်းကို သက်သာစေနိုင်ခြင်း

သကြားသီး (သို့) Jamaica Cherry သီးကို ဖျော်ရည်လုပ်ပြီး သောက်သုံးပေးပါက နာကျင်မှုကို ပိတ်ဆိုခြင်း၊ ကြွက်တတ်ခြင်းတွေကို သက်သာစေနိုင်ပါတယ်။ သကြားသီး (သို့) Jamaica Cherry က ကြွက်တတ်ခြင်းတွေအတွက် အိမ်တွင်းဆေးနည်းတစ်မျိုးဖြစ်ပါတယ်။




၄။ ဘက်တီးရီးယားပိုးမွှားများကို သေစေနိုင်ခြင်း

သကြားသီး (သို့) Jamaica Cherry သီးကို စားသုံးပေးမယ်ဆိုရင်ကူးစက်ရောဂါနဲ့ ကူးစက်ရောဂါကို ကာကွယ်နိုင်တဲ့ ကျန်းမာရေးကို တိုးတက်စေနိုင်ပါတယ်။ သကြားသီး (သို့) Jamaica Cherry သီးမှာ ဘက်တီးရီးယားပိုးမွှားတွေကိုသေစေနိုင်တဲ့ ဒြပ်ပေါင်းတွေပါဝင်ပါတယ။်




၅။ ခေါင်းကိုက်ခြင်းကို သက်သာစေနိုင်ခြင်း

ပြင်းထန်တဲ့ ခေါင်းကိုက်ဝေဒနာကို ခံစားရသူများအနေနဲ့ သကြားသီး (သို့) Jamaica Cherry သီးကို စားသုံးပေးသင့်ပါတယ်။ သကြားသီး (သို့) Jamaica Cherry သီးက သွေးကြောများကို သက်သာစေနိုင်ပြီး သွေးတွေကိုလည်း ပုံမှန်စီးဆင်းစေပါတယ်။ များသောအားဖြင့် အသီးအရွက်များမှ ပြုလုပ်တဲ့ဖျော်ရည်ကို သောက်သုံးပေးခြင်းက ခေါင်းကိုက်ခြင်းကို သက်သာစေနိုင်ပါတယ်။


#သကြား
#သွေးကြော
#ဒြပ်ပေါင်း
#ခေါင်းကိုက်ခြင်း
#သွေးပေါင်ချိန်

Some text some message..