မျက်မှန်ဝတ်ဆင်သူတွေဟာ စမတ်ကျတယ်လို့ ပုံသေကားကျ ပြောကြတာကို ကြားဖူးကြပါတယ်နော်။ Edinburgh တက္ကသိုလ်က လေ့လာမှုတစ်ခုအရ ဒီထဲမှာ တစ်ချို့က မှန်တာလည်းရှိတယ်လို့ ဆိုပါတယ်။ သိပ္ပံပညာအရ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ် အင်္ဂါရပ်တွေက သူတို့ ဘယ်လောက် စမတ်ကျသလဲဆိုတဲ့အပေါ် လွှမ်းမိုးနိုင်တဲ့ နည်းလမ်းများစွာ ရှိပါတယ်။ လူတွေမှာ ဦးနှောက်စွမ်းအားမြင့်မားမှုရဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်တယ်လို့ သိပ္ပံပညာက အကြံပြုထားတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ချို့ရှိတယ်လို့ ဆိုပါတယ်။
၁။ အရပ်ရှည်ခြင်း
အရပ်ရှည်တဲ့ သူတွေဟာ များသောအားဖြင့် အရပ်ပုတဲ့သူတွေထက် ပိုပြီးတော်ကြပါတယ်။ သမိုင်းကြောင်းတွေအရ အရပ်ရှည်တဲ့သူတွေဟာ သတင်းအချက်အလက်တွေကို ပိုပြီးရယူခွင့်နှင့် ခေါင်းဆောင်မှုအတွက် ပိုပြီးအခွင့်အလမ်းရှိခဲ့ပါတယ်။ အရပ်မြင့်တဲ့သူတွေဟာ အလုပ်ကောင်းရလေ့ရှိပြီး သားသမီးတွေကို ပိုမိုကောင်းမွန်သော ပညာတတ်တွေအဖြစ် မွေးထုတ်ပေးနိုင်ပါတယ်။
၂။ ရင်သားကြီးခြင်း
လေ့လာမှုတစ်ခုအရ ရင်သားပိုကြီးတဲ့ အမျိုးသမီးတွေဟာ ဉာဏ်ရည်မြင့်မားလေ့ရှိပါတယ်။ ရင်သားပိုကြီးတဲ့ အမျိုးသမီးတွေဟာ ယေဘုယျအားဖြင့် ဉာဏ်အကောင်းဆုံးဖြစ်ပုံပေါ်ရုံသာမက ရင်သားသေးတဲ့ အမျိုးသမီးတွေထက် ပိုတော်ကြောင်း ပြသခဲ့ပါတယ်။
၃။ ဦးခေါင်းကြီးခြင်း
ဦးနှောက်ရဲ့အရွယ်အစားက ဉာဏ်ရည်ကို ဘယ်လောက်အထောက်အကူပြုတယ်ဆိုတာနဲ့ ပတ်သတ်ပြီး ဆွေးနွေးငြင်းခုံမှုတွေ ရှိနေသော်လည်း ခေါင်းကြီးကြီးတစ်လုံးရှိခြင်းက သင့်ကိုပိုပြီး လိမ္မာပါးနပ်စေနိုင်ပါတယ်။ သို့သော် သင်တွေးထားတဲ့ အကြောင်းရင်းတွေကြောင့် မဟုတ်ပါဘူး။ ဦးနှောက်အတွင်းရှိ အာရုံခံဆဲလ် သိပ်သည်းဆနိမ့်ခြင်းက သင့်ဦးနှောက်ကို အကျိုးရှိစွာ အလုပ်လုပ်စေနိုင်ပါတယ်။

.
၄၊ နဖူးကျယ်ခြင်း
တရုတ်မျက်နှာဖတ်ခြင်းအလေ့အကျင့်အရ ကျယ်ပြန့်သောနဖူးရှိခြင်းက ဉာဏ်ရည်နှင့် ကျွမ်းကျင်မှုရဲ့ လက္ခဏာဖြစ်ပါတယ်။ ယေဘုယျအားဖြင့် သူတို့ဟာ လုပ်ငန်းတွေကို စောစောစီးစီး ပြီးအောင်လုပ်နိုင်တယ်လို့ ယုံကြည်ကြပါတယ်။ များသောအားဖြင့် သူတို့ကို ရှင်းပြစရာ မလိုပါဘူး။
၅။ ပါးလွှာပြီး ပြုံးရိပ်ထင်နေတဲ့နှုတ်ခမ်း
သိပ္ပံပညာရင်တွေက ပါးလွှာပြီး ပြုံးယောင်သန်းနေတဲ့ နှုတ်ခမ်းတွေက အမျိုးသားတစ်ယောက်ကို ပိုမိုဉာဏ်ကောင်းစေနိုင်လို့ ယုံကြည်ကြပါတယ်။ ဝမ်းနည်းဖွယ်ကောင်းတဲ့ နှုတ်ခမ်းတွေက ဉာဏ်နည်းတဲ့ လက္ခဏာတစ်ခုအဖြစ် မှတ်ယူခဲ့ကြပါတယ်။ ဒါက ဘယ်လိုအပြန်အလှန်ဆက်စပ်နေသလဲဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပေမယ့် လူသားတွေဟာ အချိန်ကြာလာတာနှင့်အမျှ ဒီလက္ခဏာကို သတိမဲ့စွာ အသိအမှတ်ပြုလာကြပါတယ်။
၆။ မေးစေ့ချွန်ခြင်း
လူသားတွေဟာ သူဘယ်လောက်တော်ကြောင်းကို ဆုံးဖြတ်ဖို့ အမျိုးသားတစ်ယောက်ရဲ့မေးစေ့ကိုကြည့်ပြီး အသိအမှတ်ပြုလာကြပါတယ်။ သေးငယ်ပြီး ချွန်တဲ့မေးစေ့တွေက အမျိုးသားတစ်ယောက် ဉာဏ်ကောင်းကြောင်းကို ဖော်ပြနေတယ်လို့ ဆိုပါတယ်။ မေးစေ့ကြီးတဲ့သူကတော့ သိပ်မတော်ဘူးလို့ ပြောလို့ရပါတယ်။
၇။ ခန္ဓာကိုယ်အမွေးအမျှင်
ခန္ဓာကိုယ်အမွေးအမျှင်ထူတဲ့ အမျိုးသားတွေဟာ အိုင်ကျူပိုမြင့်ကြောင်း တွေ့ရှိရပါတယ်။ ခန္ဓာကိုယ်အမွေးများတဲ့ အမျိုးသားတွေဟာ တော်တဲ့ကျောင်းသားတွေဖြစ်ကြောင်း တွေ့ရှိရပါတယ်။ အမေရိကန်ဆေးဘက်ဆိုင်ရာ ကျောင်းသားတွေ ပြုလုပ်တဲ့ လေ့လာမှုတစ်ခုအရ တိုင်းပြည်ရှိ အမျိုးသားဆရာဝန်ထက်ဝက်နီးပါးဟာ အမွေးအမှင်များကြတယ်လို့ ဆိုပါတယ်။
၈။ ရောမနှာခေါင်း
“nasology” လို့ခေါ်တဲ့ ၁၉ရာစုက pseudoscience ဟာ လူတစ်ယောက်ရဲ့နှာခေါင်းပုံစံနှင့် သူတို့ရဲ့ ကိုယ်ကျင့်တရားကာရိုက်တာအကြား ဆက်နွယ်မှုရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။ ရောမနှာခေါင်း (သို့) လင်းယုန်ကဲသို့ နှာခေါင်းရှိသူတွေဟာ ဆုံးဖြတ်ချက်ချတဲ့နေရာမှာ ကောင်းကြောင်း ဖော်ပြနေပါတယ်။ နှာတံစင်းတဲ့သူဆိုရင် အနုပညာကို မြတ်နိုးတဲ့သူဖြစ်ကြောင်း ဖော်ပြနေပါတယ်။ နှာခေါင်းပေါက်ကျယ်တဲ့သူဆိုရင် သိမြင်မှုနှင့် လေးနက်သော စိတ်ကို ဖော်ပြနေပါတယ်။
၉။ သေးငယ်တဲ့ လက်ညိုး
လက်ချောင်းအရှည်က SAT ရမှတ်တွေကို ကြိုတင်သတ်မှတ်နိုင်ပါတယ်။ လေ့လာမှုတစ်ခုအရ လက်ညိုးနှင့် လက်သူကြွယ်ပိုသေးတဲ့ မိန်းကလေးတွေဟာ ဉာဏ်ပိုကောင်းပုံရပြီး လက်ညိုးတွေ သေးသွယ်တဲ့ ယောက်ျားလေးတွေဟာ သင်္ချာ ပိုတော်ကြောင်း အတည်ပြုထားပါတယ်။

.
၁၀။ ဘယ်သန်ဖြစ်ခြင်း
ဘယ်သန်တဲ့သူတွေဟာ သတင်းအချက်အလက်တွေကို လျင်မြန်စွာ လုပ်ဆောင်နိုင်အောင် ပိုကြီးတဲ့ corpus callosum တစ်ခုရှိပါတယ်။ သူတို့ဟာ ညာဘက်ဦးနှောက်ခြမ်း ဖွံ့ဖြိုးပြီး ပိုတော်လေ့ရှိပါတယ်။
၁၁။ တင်ပါးထက် ခါးပိုသေးခြင်း
တင်ပါးထက် ခါးပိုသေးတဲ့ အမျိုးသမီးတွေ (သို့) သဲနာရီပုံခန္ဓာကိုယ်ရှိတဲ့ အမျိုးသမီးတွေဟာ ပိန်ပိန်ပါးပါးအမျိုးသမီးတွေထက် ပိုတော်ကြောင်း လေ့လာမှုတစ်ခုမှာ တွေ့ရှိရပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာတောင် သူတို့ကလေးရဲ့ အာရုံကြောဖွံ့ဖြိုးမှုကို တိုးတတ်စေဖို့ ကူညီပေးပြီး စွမ်းအင်ပိုပေးနိုင်တဲ့ အိုမီဂါ ၃ဖက်တီးအက်စစ် လယ်ဗယ် မြင့်တာကြောင့်လို့ ယုံကြည်ကြပါတယ်။
Lifestyle_Myanmar
LM_Nandar
Source-brightside