ရာသီသွေးအရောင်နဲ့ ပတ်သက်ပြီး ဆက်စပ်နေတဲ့ ကျန်းမာရေးဆိုင်ရာပြဿနာများ
auntymay.com
|
2020-10-22

မိန်းကလေးတိုင်း တစ်လတစ်ခါ ဓမ္မတာလာခြင်းဟာ သဘာဝပါပဲ။ ဒါပေမဲ့ အမျိုးသမီးတိုင်းလိုလို ဆင်းတဲ့ရာသီသွေးအရောင်ဟာ အမြဲတမ်း တစ်သတ်မှတ်တည်းရှိနေပါဘူး။ ဒါကြောင့် ဘယ်လိုသွေးအရောင်ဆိုရင် ဘယ်လိုဖြစ်နေပြီဆိုတာကို သိရဖို့အတွက် အောက်ကစာလေးကို ဆက်ဖတ်ကြည့်လိုက်ရအောင်နော်။


Freepik- freepik


အမည်းပုတ်ရောင်

သွေးပုတ်တွေ ပိတ်စို့ပြီး အကုန်လုံး မဆင်းနိုင်တဲ့အခါမျိုးမှာ ဒီလိုအရောင်မျိုးကို ကြုံရတတ်ပါတယ်။ အဲလိုဖြစ်နေတယ်ဆိုတာကိုတော့
အနံ့သက်မကောင်းခြင်း
ဖျားခြင်း
အပေါ့စွန့်ရာမှာ အခက်အခဲဖြစ်နေခြင်
မိန်းမကိုယ်ယောင်ယမ်းနေခြင်း စတဲ့လက္ခဏာတွေကို ကြည့်ပြီး သိနိုင်ပါတယ်။


Freepik- rawpixels.com


အညိုရောင် ဒါမှမဟုတ် နီညိုရောင်

အရင်ဓမ္မတာတုန်းက ကျန်ခဲ့တဲ့ သွေးပုတ်တွေ ဆင်းတဲ့အခါမျိုးမှာ ဒီလိုအရောင်တွေကို ကြုံရတတ်တာမျိုးအပြင် ရာသီလာတဲ့အခါ sanitary pad တွေကို အချိန်အနည်းငယ်ကြာအောင် မလဲပဲထားရင်လည်း အောက်ဆီဂျင်နဲ့ ဓာတ်ပြုပြီး သွေးအနီရောင်တွေဟာ ဒီလိုခပ်ပုတ်ပုတ်အရောင်တွေ ပြောင်းသွားတတ်ပါတယ်။ ဒါပေမဲ့ ကိုယ်ဝန်သည်တွေ ဆင်းတဲ့အခါမျိုးတွေမှာတော့ ဂရုစိုက်သင့်ပါတယ်။


မီးခိုးရောင်

ကျန်းမာတဲ့ ဘတ်တီးရီးယားတွေနဲ့ အန္တရာယ်ဖြစ်စေနိုင်တဲ့ ဘတ်တီးရီးယားတွေဟာ မိန်းမကိုယ်တစ်ဝှက်မှာ တိုက်ခိုက်နေတာကြောင့် မီးခိုးရောင်ဆန်ဆန် သွေးတွေလည်းဆင်းနိုင်ပါတယ်။ ဒီလိုအခြေအနေဖြစ်နေပြီဆိုတာကို
မိန်းမကိုယ်တစ်ဝှက်ယားယံခြင်း
ငါးညှီနံ့ရခြင်း
အပေါ့စွန့်စဉ်နာကျင်ခြင်း

စတဲ့ လက္ခဏာတွေကို ကြုံလာတတ်ရပါတယ်။ မပေ့ါသင့်တာကြောင့် ဆရာဝန်နဲ့အမြန်ဆုံး သွားတိုင်ပင်သင့်ပါတယ်။


Freepik- freepik


အနီရောင်တောက်တောက်

အနီရောင်တောက်တောက် သွေးဆင်းခြင်းဟာ ပုံမှန်ဖြစ်တဲ့အတွက် ကျန်းမာရေးကောင်းတယ်လို့ ဆိုနိုင်ပေမယ့်လို့ သူ့မှာလည်း သတိထားစရာတွေရှိနေပါတယ်။ အဲဒါကတော့
ပမာဏအရမ်းများနေရင်
ပုံမှန်ကာလထက် ပိုကြာနေရင်
လိင်ဆက်ဆံပြီးတိုင်းသွေးဆင်းနေမယ်ဆိုရင်
အနံ့အရမ်းဆိုးနေရင်
ခါး၊ ဆီးစပ်နဲ့ ခြေထောက်တွေ နာကျင်နေမယ်ဆိုရင်
အစားစားချင်စိတ်မရှိဘဲ ကိုယ်လေးချိန်ကျတာ မြန်နေမယ်ဆိုရင်

ဒီလိုလက္ခဏာတွေဖြစ်နေမယ်ဆိုရင်တော့ သင့်အနေနဲ့ သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ချေရှိနေတာမလို့ စစ်ဆေးမှုတွေ လုပ်သင့်ပါတယ်။


Freepik- freepik


လိမ္မော်ရောင်

လိမ္မော်ရောင် သွေးဆင်းတာမျိုးကတော့ မိန်းမကိုယ်နဲ့ မွေးလမ်းကြောင်းတစ်လျှောက် ပိုးဝင်နေပြီဆိုတာကို အကြမ်းဖျဉ်းပြောလို့ရနိုင်ပါတယ်။


ပန်းရောင်

ပန်းရောင်အနုနဲ့ အရည်ကြည်တွေ ဆင်းနေမယ်ဆိုရင်တော့ သင့်ခန္ဓာကိုယ်မှာ estrogen ပမာဏလျော့နည်းနေပါပြီ။ ဒါဟာ တားဆေးစားတဲ့လူတွေမှာ အဖြစ်များတတ်ပါတယ်။ ဒါမှမဟုတ်လည်း တစ်ခါတစ်ရံမှာ လိင်ဆက်ဆံတဲ့အချိန်မျိုးမှာလည်း မအင်္ဂါကနေပြီး ဒီလိုမျိုးဖြစ်တတ်ပါတယ်။ ဒါမှမဟုတ်လည်း
ဝိတ်ကျတာ အရမ်းများသွားတဲ့အခါ
အစားအရမ်းလျှော့လိုက်တဲ့အခါ
သွေးနီဥနည်းနေတဲ့အခါ စတာတွေလည်းဖြစ်လာနိုင်ပါတယ်။

ကိုယ်ဝန်ရှိနေစဉ် ဓမ္မတာနာကျင်ကိုက်ခဲမှုတွေနဲ့တွဲပြီး ပန်းရောင်သွေးဆင်းတဲ့အခါကျရင်တော့ ကိုယ်ဝန်ပျက်ကျနိုင်ချေရှိနေတာကြောင့် ဆရာဝန်နဲ့အမြန်ဆုံးသွားပြပါ။


penny


#မိန်းမကိုယ်
#အရောင်
#ဓမ္မတာ
#အနီရောင်
#မီးခိုးရောင်

Some text some message..