လေ့လာမှုအရ ၆၆ရာခိုင်နှုန်းသောလူတွေဟာ သူတို့ဘဝတစ်ချိန်ချိန်မှာ အိပ်မောကျနေရင်း စကားပြောတဲ့ ဖြစ်စဉ်တွေ ကြုံတွေ့ခဲ့ရပါတယ်။ အိပ်ပျော်နေစဉ် စကားပြောခြင်းက များသောအားဖြင့် အန္တရာယ်ကင်းပြီး ဘာဆေးကုသမှုမှ မလိုသော်လည်း သင့်လက်တွဲဖော်ကို အနှောက်အယှက်ဖြစ်စေပြီး မဖြစ်မနေလိုအပ်တဲ့ အိပ်စက်ခြင်းကို အနှောက်အယှက်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် ယနေ့မှာ အိပ်စက်ရင်း စကားပြောရတဲ့ အကြောင်းရင်းနှင့် ဘာလုပ်နိုင်မလဲဆိုတာကို ရှာဖွေဖို့ သုတေသနအချို့ကို မျှဝေပေးလိုက်ပါတယ်။
ဘယ်အရာက sleep talk ကိုဖြစ်ပေါ်စေတာလဲ?
၁။ မျိုးရိုးဗီဇ
ကျွမ်းကျင်သူတွေက လူတွေဘာ့ကြောင့် အိပ်ပျော်နေရင်းစကားပြောရသလဲဆိုတဲ့ အကြောင်းကို အတိအကျမပြောနိုင်ပါဘူး။ ဆေးဘက်ဆိုင်ရာ လေ့လာမှုတွေကတော့ မိသားစုတွေမှာ မျိုးရိုးရှိနိုင်ကြောင်း ပြသခဲ့ကြပါတယ်။ ဖင်လန်နှင့် ဂျပန်နိင်ငံရဲ့ လေ့လာမှုတွေအရ အမွှာတွေမှာ အိပ်နေရင်း စကားပြောတာက အိပ်နေရင်းလမ်းလျှောက်ခြင်း၊ အိပ်မက်ဆိုးတွေမက်ခြင်းနှင့်အတူ တွဲဖက်ပြီး ဖြစ်ပေါ်နိုင်တယ်လို့ တွေ့ရှိခဲ့ကြပါတယ်။ သုတေသီအချို့က အိပ်စက်ရင်းစကားပြောတတ်တဲ့မိဘတွေဟာ အိပ်ရင်းစကားပြောတဲ့ကလေးတွေ မွေးဖွားနိုင်ဖွယ် ပိုရှိကြောင်း တင်ပြထားပါတယ်။
၂။ အိပ်ရေးမဝခြင်း
ဘယ်သူမဆို အိပ်စက်ချိန်မှာ ဗလုံးဗထွေးပြောနိုင်ပေမယ့် တချို့ကိစ္စတွေမှာ အထူးသဖြင့် အိပ်ရေးမဝခြင်းက အိပ်ပျော်နေရင်းစကားပြောခြင်းကို ဦးတည်စေနိုင်ပါတယ်။ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေက လူအများစုဟာ စိတ်ဖိစီးမှုရှိတဲ့အခါ (သို့) အိပ်ရေးမဝတဲ့အခါ အိပ်နေရင်းစကားပြောတတ်ကြတယ်လို့ ယုံကြည်ကြပါတယ်။ ကျွန်မတို့ အလုံအလောက် မနားရတဲ့အခါ ၎င်းက ဦးနှောက်ကို လွှမ်းမိုးပြီး အိပ်စက်ခြင်းအရည်အသွေးကို သက်ရောက်စေနိုင်ပါတယ်။
၃။ Sleep disorders
အိပ်နေရင်း အလိုလိုစကားပြောခြင်းက somniloquy လို့သိကြတဲ့ အိပ်စက်မှု ပုံမှန်မဟုတ်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ ဒါက ဘယ်အချိန်မှာမဆို၊ ဘယ်သူ့ဆီမှာမဆို ဖြစ်ပျက်နိုင်ပေမယ့် အခြား sleep disorders ရောဂါရှိသူတွေဟာ စကားများခြင်းအားဖြင့် သူတို့ရဲ့ အိပ်ယာဖော်တွေကို စိတ်အနှောက်အယှက်ဖြစ်စေနိုင်ပါတယ်။ somniloquy, sleepwalking, နှင့် nightmares တို့အကြားမှာ ဆက်နွယ်မှုရှိတယ်လို့ ဆရာဝန်တွေက ယုံကြည်ကြပါတယ်။
၄။ အချို့ ဆေးဝါးတွေ
ဘေးထွက်ဆိုးကျိုးအဖြစ် အိပ်ခြင်းကို အနှောက်အယှက်ဖြစ်စေနိုင်တဲ့ ဆေးများစွာ ရှိပါတယ်၊ အိပ်စက်ခြင်းအပြုအမှုတစ်ချို့ကို ဦးတည်စေနိုင်တဲ့ ဆေးဝါးတွေက အိပ်နေရင်း စကားပြောခြင်း အပါအဝင် အိပ်ချိန်အတွင်း ကြွက်သားထိန်းချုပ်မှုကို သက်ရောက်စေပါတယ်။ ကျွန်မတို့ရဲ့ muscle tone တိုးလာတဲ့အခါ ကန်ခြင်း၊ လက်သီးနဲ့ထိုးခြင်း၊ အိပ်ရာပေါ်ကခုန်ချခြင်းနှင့် စကားပြောခြင်းတို့ကို ဖြစ်ပေါ်စေပါတယ်။ antidepressants ကဲ့သို့သော ဆေးဝါးတွေကို သောက်သုံးခြင်းက အိပ်ပျော်နေချိန်မှာ စကားများစေနိုင်ပါတယ်။
အိပ်ပျော်နေရင်း စကားပြောခြင်းကို ဘယ်လိုထိန်းချုပ်မလဲ?
အိပ်စက်ရင်း စကားပြောခြင်းကို လျှော့ချဖို့ နည်းလမ်းတွေကို မသိရှိရသေးသော်လည်း အချို့သောအလေ့အထတွေကို ပြောင်းလဲခြင်းက ထိန်းချုပ်မှုအောက်သို ့ကျရောက်စေနိုင်ပါတယ်။ ကျန်းမာသော အိပ်စက်ခြင်းဆိုင်ရာ အကြံပြုချက်တွေမှာ
အိပ်ရာဝင်ချိန်မှာ ညစာအများကြီးစားတာကို ရှောင်ပါ
အရည်အသွေးကောင်းတဲ့ မွေ့ယာတွေ၊ ခေါင်းအုံးတွေနဲ့ နွေးနွေးထွေးထွေးအိပ်ပါ
နေ့လည်ခင်းနှင့် ညနေပိုင်းမှာ ကဖိန်းဓါတ်ကို ရှောင်ပါ
နေ့စဉ်ပုံမှန်အိပ်စက်ချိန်ကို တသမတ်တည်းထားပါ။
Lifestyle_Myanmar
LM_Nandar
Source-brightside