အလှဖျက်နေတဲ့ ဗိုက်ခေါက်ကို ၇ ရက်အတွင်း ပြုတ်သွားစေမယ့်နည်းလမ်းကောင်း
myanmaplatform.com
|
2020-10-23


ခန္ဓာကိုယ်အလှကို ဖျက်ဆီးနေတဲ့ ဗိုက်ခေါက်က အဆီတွေကို ၇ ရက်အတွင်း သိသိသာသာ ကျသွားအောင် လုပ်နိုင်မယ့် နည်းလမ်းလေးတွေကို ပြောပြပေးချင်ပါတယ် ။
လေ့ကျင့်ခန်းပြုလုပ်မှု အားနည်းခြင်း ၊ သွားရည်စာများကို အလွန်အကျွံစားသုံးခြင်း ၊ အယ်လ်ကိုဟော ပါဝင်တဲ့ အဖျော်ယမကာတို့သောက်သုံးခြင်း စတဲ့ ကျန်းမာရေးနဲ့မညီညွတ်တဲ့ နေထိုင်မှုပုံစံကြောင့် ဗိုက်မှာ အဆီတွေ စုလာပြီး ဗိုက်ခေါက်ဖြစ်ပေါ်လာရတာပါ ။ တချို့လူတွေဆိုရင် ခန္ဓာကိုယ်က ပိန်နေပေမယ့်လည်း ဗိုက်တစ်နေရာမှာပဲကွက်ပြီး အဆီပြင်ဖြစ်ပေါ်နေတာကြောင့် ပင်ကိုယ်အလှကိုမမြင်နိုင်တော့ပါဘူး။ အခုပြောပြမယ်နည်းကတော့ (၇)ရက်ဆိုတဲ့အချိန်တိုအတွင်း ဗိုက်ခေါက်အဆီတွေကို သိသိသာသာကျသွားစေမယ့် နည်းလမ်းတွေဖြစ်လို့ အရေးပေါ်လိုအပ်နေတဲ့သူတွေအတွက်အသုံးတည့်မယ့်နည်းလမ်းကောင်းလေးပဲဖြစ်ပါတယ်။



နေ့စဉ် လေ့ကျင့်ခန်းပြုလုပ်ဖို့အချိန် တစ်ချိန်ပေးပါ
အဆီတွေကို မြန်မြန်လောင်ကျွမ်းစေဖို့ဆိုရင် လေ့ကျင့်ခန်းလုပ်တာကိုတော့ချန်ထားလို့ မရပါဘူး။ လေ့ကျင့်ခန်ပြုလုပ်ခြင်းဟာ သင့်ရဲ့ဝမ်းဗိုက်အဆီကို လောင်ကျွမ်းစေရုံ တင်မဟုတ်ဘဲ ကိုယ်ခန္ဓာကိုလည်း ကျန်းမာကြံ့ခိုင်စေပါတယ်။ ဒါပေမဲ့ အချိန်တိုတွင်းထိရောက်သက်သာ မယ့်လေ့ကျင့်ခန်းကို မှန်ကန်စွာရွေးချယ်နိုင်ဖို့တော့လိုပါတယ်။ အဲဒီအတွက်ကိုတော့မပူပါနဲ့။ အပြေးလေ့ကျင့်ခန်း အပါအဝင် ရေကူးအားကစား နှင့် အေရိုးဗစ် လေ့ကျင့်ခန်း တို့ဟာနှလုံးကြွက်သားတွေကို အလုပ်လုပ်စေလို့ ဒီလိုလေ့ကျင့်ခန်းတွေကို နေ့စဉ် မပျက်မကွက် လုပ်ပေးမယ်ဆိုရင် (၇)ရက်အတွင်း သင့်ရဲ့ဗိုက်ခေါက်ကိုပြုတ်သွားစေနိုင်ပါတယ်။ ဒါကြောင့်သင့်အတွက်အရေးပေါ်အချိန်တိုတွင်း ဝမ်းဗိုက်အဆီကျဖို့လိုအပ်လာတဲ့အခါတိုင်း ဒီလေ့ကျင့်ခန်းအဆင့်ကိုကျော်မသွားပါနဲ့လို့အကြံပြုချင်ပါတယ်။

ထမင်းကဲ့သို့သော ကာဗိုဟိုက်ဒြိတ်ဓာတ်စာတွေရှောင်ပါ

ဗိုက်က အဆီတွေကို ၇ရက်အတွင်း မြန်မြန်ကျချင်တယ်ဆိုရင်တော့ ထမင်းအပါအဝင် ကာဗိုဟိုက်ဒြိတ်ဓာတ်ပါတဲ့ အစားအစာတွေကိုရှောင်ဖို့လိုပါတယ်။ ဒီလိုရှောင်လိုက်ခြင်းအားဖြင့် ဝမ်းဗိုက်နှင့်ခါးတစ်ဝိုက်က အဆီတွေ မြန်မြန်လောင်ကျွမ်းစေပါတယ်။ ဒါ့အပြင် ဇီဝကမ္မဖြစ်စဉ်ကိုလည်း မှန်ကန်စေတဲ့အတွက် ခန္ဓာကိုယ်အတွင်းမလိုအပ်ဘဲအဆီတွေစုပုံနေတာမျိုးကိုမဖြစ်စေတော့ပါဘူး။ ဒါကြောင့်သင့်အနေနဲ့ အရေးကြီးပွဲအခမ်းအနားတက်စရာရှိလို့ပဲဖြစ်ဖြစ်၊ အရေးပေါ်ကိစ္စအတွက် ဝမ်းဗိုက်အဆီကျချင်လို့ပဲဖြစ်ဖြစ် ဒီလိုအရေးပေါ်အချိန်ကြုံလာတိုင်း ထမင်း ၊ ပေါင်မုန့် ၊ ဆိုဒါအပါအဝင် ဂျုံနှင့်လုပ်ထားတဲ့အစားအစာတွေကိုကြိုတင်ရှောင်ပြီး ဝမ်းဗိုက်အဆီကျအောင်လုပ်နိုင်ပါတယ်။ အဲဒီအချိန်မှာ ဟင်းသီဟင်းရွက်နှင့် အသီအနှံတို့ကို များများစားသုံးပေးနိင်ပါတယ် ။ တကယ်လို့ (၇)ကျော်သွားလို့ အမြဲတမ်းရှောင်သွားနိုင်တယ်ဆိုရင်တော့ ညစာမှာ ထမင်းကိုလုံးဝရှောင်သွားမယ်ဆိုရင် ဗိုက်ခေါက်အဆီတွေပြန်ဖြစ်တော့မှာပါဘူး။



အဆီပါဝင်တဲ့ ငါးကို စားသုံးပါ
အဆီပါဝင်တဲ့ ငါးတွေဖြစ်တဲ့ ဆော်လ်မွန်ငါး ၊ ငါးသေတ္တာ နှင့် တူနာငါးတို့မှာ ပရိုတင်း ဓာတ်နှင့် အိုမီဂါ သရီးအက်စစ် တို့ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒါကြောင့် တစ်ပတ်အတွင်း ဝမ်းဗိုက်အဆီကိုသိသိသာသာကျချင်တယ်ဆိုရင် စောစောကပြောခဲ့တဲ့ ငါးတွေကို သုံးရက်တစ်ခါ စားပေးဖို့လိုပါတယ်။ ဒီလိုကျန်းမာတဲ့အဆီတွေက ဝမ်းဗိုက်ကအဆီကိုလောင်ကျွမ်းစေရုံသာမက နှလုံးကျန်းမာရေးကိုလည်းအထောက်အကူဖြစ်စေလို့ (၇)ရက် Dietကိုကောင်းကောင်းကျော်ဖြတ်နိုင်မှာပါ။


မနက်စာကို ပရိုတင်းဓာတ်ပါဝင်အောင်စားပါ
ပရိုတင်း ကြွယ်ဝစွာ ပါဝင်တဲ့ ဒိန်ချဉ် ၊ ကြက်ဥ နဲ့ ပဲအမျိုးမျိုး စတာတွေကို မနက်စာမှာ ထည့်သွင်းစားသုံးပေးဖို့ကလည်း အချိန်တိုတွင်း ဝမ်းဗိုက်အဆီကျရေးမှာ အရေးကြီးတဲ့အချက်ပါပဲ။ ဒီလို ပရိုတင်းကြွယ်ဝတဲ့ မနက်စာကိုစားသုံးပေးခြင်းအားဖြင့် နေ့လည်စာ စားချိန်မတိုင်ခင် ဗိုက်ဆာပြီးသရေစာတွေစားမိတာမျိုးမဖြစ်စေတော့ပါဘူး။




ရေများများသောက်ပါ


ဝမ်းဗိုက်အဆီသာကျပြီး ကိုယ်အလေးချိန်မကျချင်ဘူးဆိုတဲ့သူတွေအနေနဲ့ ဒီ (၇)ရက်အတွင်းမှာတော့နေ့စဉ်ရေကိုများများသောက်သုံးပေးဖို့လိုပါတယ်။ ဒီ(၇)ရက် plan က ဝိတ်ချတဲ့အစီအစဉ်မဟုတ်ဘဲ ဝမ်းဗိုက်အဆီကိုသာကျစေတဲ့အစီအစဉ်ဖြစ်လို့ ခန္ဓာကိုယ်ကကျန်းမာကြံ့ခိုင်နေဖို့လိုပါတယ်။ သင့်ရဲ့ခန္ဓာကိုယ်ကရေဓာတ်ပြည့်ဝနေခြင်းအားဖြင့် ခန္ဓာကိုယ်တွင်းကယ်လိုရီတွေလောင်ကျွမ်းဖို့ အထောက်အကူဖြစ်စေပါလိမ့်မယ်။ ဒါကြောင့် ကိုယ်ကဒီလိုရက်တိုတိုနဲ့ ဗိုက်ခေါက်ပြုတ်ချင်တယ်ဆိုရင် တစ်နေ့ကို ရေ ၄လီတာကနေ ၅ လီတာအထိ သောက်နိုင်ဖို့အရေးကြီးပါတယ်။
နောက်ပြီး အစာမစားခင် ရေသောက်ခြင်းက အစာစားချင်စိတ်ကို လျော့စေပြီး သကြားနှင့် ကယ်လိုရီဓာတ်များတဲ့အစားအစာတွေကို ရှောင်ကြဉ်ပြီးသားဖြစ်စေပါတယ်။


အခုပြောပြပေးခဲ့တဲ့ နည်းလမ်း ၅ ခုကို နေ့စဉ် ပုံမှန်လုပ်ပြီးတော့ (၇)ရက်အတွင်း ဗိုက်ကအဆီပြင်ကြီးတကယ်ကျမကျဆိုတာ စမ်းသပ်လိုက်တော့နော်။
သဘာဝနည်းလမ်းကောင်းတွေဖြစ်လို့ ဘေးထွက်ဆိုးကျိုးမရှိဘဲထိရောက်စေတဲ့နည်းလမ်းတွေဖြစ်ပါတယ်။ ဒီနည်းလမ်းတွေကိုသာ စနစ်တကျ လိုက်နာပြီး ကျန်းမာရေးနဲ့မညီညွတ်တဲ့နေထိုင်စားသောက်မှုပုံစံတွေကိုရှောင်လိုက်မယ်ဆိုရင် တစ်ပတ်အတွင်းသိသာတဲ့ရလဒ်ကိုခံစားရစေမှာပါ။


#အဆီ
#ဝမ်းဗိုက်
#လေ့ကျင့်ခန်း
#ပရိုတင်း
#နည်းလမ်း

Some text some message..