
လူတွေနေမကောင်းဖြစ်နေသလားဆိုတာ သာမိုမီတာနဲ့လွယ်ကူစွာတိုင်းနိုင်ပေမယ့် ခွေးလေးတွေနေမကောင်း ဖြစ်နေသလားဆိုတာကိုတော့ သူ့ရဲ့အပြုအမူလေးတွေကို သေချာအကဲခတ်ကြည့်မှသာ သိရှိနိုင်ပါတယ်။ သင့်ရဲ့ ခွေးလေးနေမကောင်းဖြစ်နေသလားဆိုတာကို သိရှိနိုင်မယ့် နည်းလမ်းလေးတွေကို ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။
(၁) မျက်လုံးတွေနီနေတယ်

jcomp/ freepik
သင့်ခွေးလေးဟာကျန်းမာနေရင် မျက်လုံးလေးတွေက ကြည်လင်တောက်ပနေပါလိမ့်မယ်။ ဒီလိုမှမဟုတ်ပဲ မျက်လုံးတွေနီရဲနေတယ်ဆိုရင်တော့ ဒါဟာနေမကောင်းတဲ့ လက္ခဏာတွေထဲက တစ်ခုပါ။
(၂) တက်တက်ကြွကြွ မရှိဘူး
ရောဂါဟာ ခန္ဓာကိုယ်ကို အားနည်းစေပါတယ်။ ခွေးလေးတွေဟာ ပုံမှန်အားဖြင့် တက်ကြွတယ်၊ အငြိမ်မနေဘူး၊ ကစားရတာကို နှစ်သက်ကြတယ်။ တကယ်လို့သင့်ခွေးလေးဟာ ပင်ပန်းနေပုံပေါ်တယ်၊ တက်ကြွမှုမရှိပဲ ထိုင်းမှိုင်းနေတယ်ဆိုရင်တော့ ဒါဟာ နေမကောင်းတဲ့ လက္ခဏာလို့ ယူဆနိုင်ပါတယ်။
(၃) အစာမစားဘူး

wirestock/ freepik
ခွေးလေးတွေနေမကော်ငးဖြစ်ပြီဆိုရင် အစားအသောက်စားချင်စိတ်မရှိပါဘူး။ တကယ်လို့ သင့်ခွေးလေးဟာ သူကြိုက်တဲ့အစားအစာကိုတောင် သိပ်ပြီး မစားနိုင်ဖြစ်နေခဲ့ရင် ဒါဟာ နေမကောင်းလို့ဖြစ်နိုင်ပါတယ်။
(၄) နားရွက်နဲ့နှာခေါင်းတွေနွေးနေမယ်
ခွေးလေးတွေရဲ့နှာခေါင်းဟာ ပူနွေးနေတာ ထုံးစံပါပဲ။ ကျန်းမာတဲ့ခွေးလေးတွေရဲ့ နှာခေါင်းဟာ သန့်ရှင်း၊ လတ်ဆတ်ပြီး စိုနေရပါမယ်။ ဒီလိုမှမဟုတ်ပဲ နွေးပြီး ခြောက်သွေ့နေမယ်ဆိုရင် ဒါဟာ ခွေးလေးနေမကောင်းတဲ့ လက္ခဏာဖြစ်ပါတယ်။ နောက်ထပ် စစ်ဆေးရမယ့်နေရာကတော့ ငုင်းရဲ့ နားရွက်တွေပါပဲ။ နားရွက်တွေဟာ တခြားခန္ဓာကိုယ် အစိတ်အပိုင်းတွေထက် ပိုပြီးနွေးနေတယ်ဆိုရင်တော့ ဒါဟာ နေမကောင်းတဲ့ လက္ခဏာဖြစ်ပါတယ်။
(၅) တုန်နေတယ်
ခွေးလေးတွေဟာ တုန်နေပြီး မျက်နှာမှာလည်း ပင်ပန်းနွမ်းနယ်နေပုံပေါ်နေတယ်၊ ဘာမှမလုပ်ချင်မကိုင်ချင်ပုံစံ ဖြစ်နေတယ်ဆိုရင်တော့ နေမကောင်းတဲ့ လက္ခဏာဖြစ်ပါတယ်။
(၆) ချောင်းဆိုးတယ်

freepik by efe-madrid
ခွေးလေးတွေဟာ ချောင်းဆိုးခဲပါတယ်။ တကယ်လို့ ချောင်းဆိုးခဲ့ရင်လည်း ဒါဟာ နာမကျန်းခြင်းနဲ့ ရောဂါကူးစက်ခံရခြင်း လက္ခဏာဖြစ်နိုင်တာကြောင့် မပေ့ါဆသင့်တဲ့ လက္ခဏာဖြစ်ပါတယ်။
(၇) အန်တယ်
ခွေးလေးတွေဟာ တစ်ခါတလေမှာ အန်တတ်ကြပါတယ်။ ဒါပေမယ့် မကြာခဏအန်တယ်၊ အစားမှားတာလည်း မရှိပဲနဲ့ အန်နေတာမျိုးဆိုရင်တော့ နေမကောင်းတဲ့ လက္ခဏာဖြစ်တာကြောင့် လုံးဝမပေါ့ဆသင့်ပါဘူး။
Em Em