အမျိုးသမီးများ ဝမ်းဗိုက်နာကျင်စေခြင်း အကြောင်းရင်း (၅) ချက်
popolay.com
|
2020-11-04

အမျိုးသမီးအများစုဟာ ဗိုက်အောင့်ခြင်းပြဿနာ အဖြစ်များပါတယ်။ အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ ဗိုက်အောင့်ဗိုက်နာခြင်းဟာ အောက်ပါအကြောင်းရင်း ငါးရပ်ကြောင့် အဖြစ်များပါတယ်။

၁။ သားအိမ်အတွင်းလွှာ နေရာလွဲခြင်း

ဖြစ်ပွားနှုန်း- အမျိုးသမီး ငါးသန်းနီးပါး


ရောဂါအကြောင်း ....
သားအိမ်တစ်သျှူးတွေနဲ့တူတဲ့ ဆဲလ်တွေဟာ နေရာလွဲမှားတည်ရှိပြီး ရာသီသွေးဆင်းတိုင်း လိုက်လံကွာကျနေတာမျိုးပါ။


ခံစားရတတ်သော လက္ခဏာများ - ရာသီလာချိန်မှာ ရောပြီး ဗိုက်အောင့်ခြင်းကို ဆိုးဆိုးရွားရွားခံစားရခြင်း၊ ခါးနဲ့ခြေထောက်အထိနာကျင်ခြင်း


စမ်းသပ်စစ်ဆေးခြင်း - တစ်သျှူးအသားစယူ စစ်ဆေးခြင်း


ဆေးကုသမှု - Ibuprofen, Naproxen sodium စတဲ့ အကိုက်အခဲပျောက်ဆေးတွေနဲ့ ဟော်မုန်းပါ သန္ဓေတားဆေးတွေ သုံးပြီး ကုသလေ့ရှိပါတယ်။ ဆိုးရွားတဲ့ အခြေအနေတွေမှာ သားအိမ်အတွင်းလွှာကြီးထွားမှုကို ဖယ်ရှားဖို့ ခွဲစိတ်ကုသတဲ့နည်းကို သုံးလေ့ရှိပါတယ်။

၂။ ဆီးအိတ် တာရှည်ရောင်ရမ်းခြင်း

ဖြစ်ပွားနှုန်း - အမျိုးသမီး သုံးသန်းနီးပါး


ရောဂါအကြောင်း ....
ဆီးအိတ်ထဲမှာ မကြာခဏ မသက်မသာဖြစ်ရတဲ့ ခံစားချက်မျိုးပါ။ ဘက်တီးရီးယားပိုးကြောင့် မဟုတ်ဘဲ ဆီးအိတ်တာရှည် ရောင်ရမ်းတာပါ။


ခံစားရတတ်သော လက္ခဏာများ - ဆီး မကြာခဏ သွားချင်တာနဲ့ ဆီးသွားတဲ့အခါ နာကျင်တာတွေကို ခံစားရတတ်ပါတယ်။


စမ်းသပ်စစ်ဆေးခြင်း- ဆီးလမ်းကြောင်း ပိုးဝင်ခြင်းဟုတ်၊ မဟုတ် သေချာအောင် ဆီးထဲမှာ ဘက်တီးရီးယားပိုးရှိ၊ မရှိ စစ်ဆေးခြင်းနဲ့ ဆီးအိတ်ကို Cytoscope သုံးပြီး ကြည့်ရှုခြင်း။

၃။ ဝမ်းဗိုက်အောက်ပိုင်းရှိ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း

ဖြစ်ပွားနှုန်း - အဖြစ်များပေမယ့် လူဦးရေ ဘယ်လောက်မှာ ခံစားနေရမှန်း အတိအကျမသိပါ


ရောဂါအကြောင်း ....
ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေနှစ်ရပ်စလုံးဟာ တင်ပါးဆုံအင်္ဂါတွေကို ထောက်ပံ့ပေးထားတဲ့ တင်ပါးဆုံကြွက်သားတွေအပေါ် နာတာရှည် ဖိအားသက်ရောက်စေနိုင်ပါတယ်။


ခံစားရတတ်သော လက္ခဏာများ - ဝမ်းဗိုက်အောက်ပိုင်းနာကျင်ခြင်း၊ မိန်းမကိုယ်နာကျင်ခြင်း၊ ပူစပ်ပူလောင်ဖြစ်ခြင်းနဲ့ ဆီးပြွန်နာကျင်ခြင်း


စမ်းသပ်စစ်ဆေးခြင်း - ခန္ဓာကိုယ်ကို စစ်ဆေးမှု ပြုလုပ်ခြင်း (Physical Examination)

၄။ ဝမ်းဗိုက်တွင်း သွေးကြောထုံးခြင်း

ဖြစ်ပွားနှုန်း- အမျိုးသမီး ခုနစ်သန်းနီးပါး


ရောဂါအကြောင်း ....
ဝမ်းဗိုက်ထဲက သွေးကြောတွေ ထုံးတာကြောင့် နာကျင်မှု ဖြစ်စေနိုင်ပါတယ်။ ခြေထောက်သွေးကြော ထုံးခြင်းလိုပဲ သွေးပြန်ကြောထဲက အဆို့ရှင်တွေဟာ အားနည်းပြီး သွေးစီးဆင်းအားနည်းတာကြောင့် နာကျင်တဲ့ ဖိအားကို ဖြစ်စေပါတယ်။


ခံစားရတတ်သော လက္ခဏာများ - ဝမ်းဗိုက်အောက်ပိုင်းမှာ စူးစူးရှရှအောင့်ခြင်း၊ နံနက်ခင်းမှာ သိပ်မနာဘဲ တဖြည်းဖြည်း ပိုမိုနာကျင်လာခြင်း (လဲလျောင်းလိုက်တဲ့အခါ ဒါမှမဟုတ် အပူကပ်တဲ့အခါမှာ နာကျင်မှု ပိုဆိုးတတ်ပါတယ်)


စမ်းသပ်စစ်ဆေးခြင်း - Transcervical venogram လို့ခေါ်တဲ့ အထူးစစ်ဆေးနည်းသုံးပြီး ပုံမမှန်သွေးပြန်ကြော အရွယ်အစားနဲ့ သွေးစီးဆင်းနှုန်းကို တိုင်းတာနိုင်ပါတယ်။

၅။ တာရှည် မိန်းမကိုယ်နာခြင်း

ဖြစ်ပွားနှုန်း - အမျိုးသမီး ခြောက်သန်းနီးပါး


ရောဂါအကြောင်း ....
တာရှည်မိန်းမကိုယ်နာတာဟာ ဘာကြောင့် ဖြစ်ရသလဲဆိုတာ သေချာမသိသေးပါ။ မှိုကူးစက်ပိုးဝင်ခြင်းကြောင့် ဖြစ်နိုင်သလို မြင်းစီးခြင်းနဲ့ ကလေးမွေးဖွားရာမှ နာ့ဗ်ကြော ထိခိုက်သွားတာကြောင့် ဖြစ်တတ်ပါတယ်။


ခံစားရတတ်သော လက္ခဏာများ - မိန်းမကိုယ်မှာ တာရှည်နာကျင်မှု ဒါမှမဟုတ် သက်သာလိုက် ပြန်ဖြစ်လိုက် နာကျင်မှုဟာ တင်ပါးနဲ့ ပေါင်ရင်းနေရာအထိ ပျံ့နှံ့သွားတတ်ခြင်း၊ ရာသီသွေးထိန်းတောင့်ထည့်ခြင်း၊ ကျပ်တဲ့ ဂျင်းဘောင်းဘီဝတ်ခြင်းနဲ့ အထိုင်များခြင်းတွေကြောင့်လည်း မိန်းမကိုယ် နာကျင်တတ်ပါတယ်။


စမ်းသပ်စစ်ဆေးခြင်း- နာကျင်မှုကို စစ်ဆေးနိုင်ဖို့ မိန်းမကိုယ်ဝကို စစ်ဆေးတဲ့ Cotton Swab test နဲ့ စစ်ဆေးလေ့ရှိပါတယ်။
Credit:


#မိန်းမကိုယ်
#စစ်ဆေးခြင်း
#ဖြစ်ပွားနှုန်း
#ဝမ်းဗိုက်
#လက္ခဏာ

Some text some message..