နှစ်စဉ်နှစ်တိုင်း လူတွေဟာ ရေချို ၄ထရီလီယံ ကုဗစင်တီမီတာကျော် သောက်ကြပါတယ်။ သင့်ခန္ဓာကိုယ်အတွင်းရှိ ဖြစ်စဉ်တွေ အားလုံးအတွက် တစ်နေ့လျှင် ရေ၈ခွက်သောက်ဖို့ လိုအပ်ကြောင်း ကြားဖူးခဲ့မှာပါ။ သို့သော် ကိန်းဂဏန်းတွေက လုံးဝအမှန်ချည်းပဲတော့ မဟုတ်ပါဘူး။ ဒီဆောင်းပါးလေးမှာ တစ်နေ့ကို ရေဘယ်နှစ်ခွက် သောက်သင့်လဲ? ဆိုတာ အတိအကျတွက်နိုင်မယ့် ဖော်မြူလာကို ပြောပြပေးချင်ပါတယ်။
ကျွန်မတို့ရဲ့ ကိုယ်တွင်းအင်္ဂါအားလုံးမှာ ရေ ပါဝင်ပါတယ်။ နှလုံးနှင့် ဦးနှောက်မှာ ရေရ၅% ၊ အဆုတ်မှာ ရေ ၈၃% ဖြစ်ပါတယ်။ လူတစ်ယောက်ဟာ ထိုကိုယ်တွင်းအင်္ဂါတွေကို ထိန်းသိမ်းဖို့ တစ်နေ့လျှင် ရေ ၈ခွက်သောက်ရမယ်ဆိုတဲ့ အယူအဆက အတော်လေး ရေပန်းစားခဲ့ပါတယ်။
မကြာခဏကြားနေရတဲ့ ဒီရေ ၈ခွက်ဆိုတာ စည်းမျဉ်းတစ်ခုမဟုတ်ပါဘူး။ အလယ်အလတ်အကြံပြုချက်သာ ဖြစ်ပါတယ်။ လူတိုင်းအတွက် golden middle ဖြစ်လို့ ပေါ်ပြူလာဖြစ်လာပုံရပါတယ်။ တကယ်တော့ သင့်ခန္ဓာကိုယ်ဟာ ဒီထက်ပိုပြီး (သို့) ဒီထက်နည်းပြီးလည်း ရေလိုအပ်နိုင်ပါတယ်။
“သင်လိုအပ်တဲ့ ရေပမာဏကို လွှမ်းမိုးစေတဲ့အချက်များ”
လိင်နှင့် အသက် – အသက်အရွယ်အမျိုးမျိုးမှာ ကျွန်မတို့ခန္ဓာကိုယ်ရဲ့ ရေပါဝင်မှုပမာဏက မတူညီကြပါဘူး။ ထို့ကြောင့် ရေဓါတ်ကို ထိန်းသိမ်းဖို့ ကွဲပြားခြားနားတဲ့ ပမာဏ လိုအပ်ပါတယ်။ယောက်ျားလေးနဲ့ မိန်းကလေးမှာလည်း ခန္ဓာကိုယ်ထဲက ရေပါဝင်မှုပမာဏ မတူကြပါဘူး။
ကိုယ်အလေးချိန်- ခန္ဓာကိုယ်ထုထည် အညွှန်းကိန်း ( body mass index) မြင့်မားတဲ့ လူကြီးတစ်ယောက်ဟာ ရေဓါတ်ကုန်ခမ်းနိုင်ဖွယ် ပိုရှိပါတယ်။ ဒါ့အပြင် ရေဓါတ်ကို အလုံအလောက် ထိန်းထားနိုင်ခြင်းအပြင် ရေသောက်တာကလည်း သင့်ကို ကိုယ်အလေးချိန် ကျစေနိုင်ပါတယ်။
ပတ်ဝန်းကျင် – ပူပြင်းတဲ့ ရာသီဥတုမှာ နေထိုင်ပါက သိသာစွာ ရေပိုလိုအပ်မှာ ဖြစ်ပါတယ်။ စိုထိုင်းဆမြင့်မားတဲ့ ပင်လယ် (သို့) သမုဒ္ဒရာအနီးမှာ နေထိုင်ပါက သင့်ရဲ့ကိုယ်တွင်းအင်္ဂါအတွက် ရေနည်းနည်းပဲ လိုအပ်ပါလိမ့်မယ်။
လေ့ကျင့်ခန်းများ- သင်ဟာ အားကစားသမားတစ်ယောက်ဖြစ်ရင် (သို့) ပုံမှန်လေ့ကျင့်ခန်းလုပ်ပါက လှုပ်ရှားမှုမရှိတဲ့ အလုပ်ကို လုပ်နေရသူထက် ချွေးပိုထွက်ပါလိမ့်မယ်။
ဒါ့ကြောင့် သင်ဆုံးရှုံးသွားတဲ့ အရည်ကို အစားထိုးရပါမယ်။ ထို့အပြင် ဒီလိုအထူးအခြေအနေတွေနှင့် ပတ်သတ်ပြီး မေ့မထားသင့်ပါဘူး။
ကိုယ်ဝန်ဆောင်နှင့် နို့တိုက်ခြင်း – ကိုယ်ဝန်ဆောင်နေစဉ် အမျိုးသမီးတွေဟာ ပုံမှန်ထက်ရေပိုသောက်ဖို့ လေ့လာမှုများက အကြံပြုထားပါတယ်။။
ကျန်းမာရေးအခြေအနေ – ဖျားခြင်း (သို့) ဝမ်းလျှောခြင်းကဲ့သို့သော အရာတွေက ခန္ဓာကိုယ်အား ပုံမှန်ထက် ရေပိုမိုဆုံးရှုံးစေပါတယ်။ ရေဓါတ်ခန်းခြောက်တာကို ကာကွယ်ဖို့ ရေသောက်ပေးရပါမယ်။
သင်လိုအပ်တဲ့ ရေပမာဏကို ဘယ်လိုတွက်ချက်မလဲ?
သင့်ခန္ဓာကိုယ်က လိုအပ်တဲ့ ရေပမာဏကို တွက်ချက်ဖို့ ကူညီနိုင်မယ့် ပုံသေနည်းတစ်ခုရှိပါတယ်။
တနေ့သောက်ဖို့ လိုအပ်တဲ့ ရေလီတာပမာဏဟာ သင့်ကိုယ်အလေးချိန်ကီလိုဂရမ်ကို 0.003 နှင့် မြှောက်ထားတာနဲ့ ညီရပါမယ်။ ဥပမာ- ကိုယ်အလေးချိန်က ၆၀ ကီလိုဂရမ်ဆိုရင် ( 60 x0.033=1.98) ၂လီတာသောက်သင့်ပါတယ်။ ၉၀ ကီလိုဂရမ်ဆိုရင် ၃လီတာလောက်သောက်ရပါမယ်။
ပမာဏကို တွက်ချက်ပြီးတာနဲ့ သင်လိုအပ်တဲ့ ရေကို သောက်ဖို့ မှတ်မိအောင် အထောက်အကူပြုမယ့် အချိန်ဇယားဆွဲနိုင်ပါတယ်။ ဥပမာအားဖြင့် ဗိုက်ထဲအစာမရှိချိန်မှာ ရေတစ်ဖန်ခွက် (သို့) ရေ ၂ခွက် စသောက်တာဖြစ်ပါတယ်။ နံနက်ခင်းရေသောက်တာက စွမ်းအင်ကို တိုးစေပြီး ဇီဝဖြစ်ပျက်မှုကို မြန်စေပါတယ်။ ဒါ့ကြောင့် တစ်နေ့တာလုံး ကောင်းမွန်စွာ ရွှင်လန်းနေစေပါလိမ့်မယ်။
မှတ်ရန်- အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း မတူညီတဲ့ အခြေအနေတွေက ဒီအချက်အလက်တွေအပေါ် သက်ရောက်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ခန္ဓာကိုယ်က ဘာပြောနေသလဲဆိုတာကို နားထောင်ဖို့ အရေးကြီးပါတယ်။
“ရေကို အစားထိုးနိုင်တဲ့ စားသောက်ကုန်များ”
ကျွမ်းကျင်သူတွေက သင်လိုအပ်တဲ့အရည်အားလုံးရဖို့အတွက် သန့်စင်တဲ့ရေသောက်ဖို့ အကြံပြုထားသော်လည်း အချို့လူတွေက တစ်နေ့တာအတွင်းမှာ ထိုရေကို မသောက်နိုင်ကြပါဘူး။
ရေဓါတ်များစွာ ပါဝင်တဲ့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေနဲ့ သူတို့ရဲ့ ရေသောက်သုံးမှု အစိတ်အပိုင်းကို အစားထိုးနိုင်ပါတယ်။ ဖရဲသီး၊ လိမ္မော်သီးနှင့် သခွားသီး မှာ ရေ ၈၀%ကျော်ပါဝင်ပါတယ်။ ကော်ဖီ၊ လက်ဖက်ရည်လို သောက်စရာတွေနဲ့ စွပ်ပြုတ်အမျိုးမျိုးက ရေခွက်ပေါင်းများစွာကို အစားထိုးနိုင်ပါတယ်။ ဒါပေမယ့် ရေကတော့ မဖြစ်မနေသောက်ပေးသင့်ပါတယ်။
Lifestyle_Myanmar
LM_Nandar
Source-brightside