
ထန်းပင်ဆိုတာက အညာဒေသတွေအတွက် အမှတ်အသားတစ်မျိုးအဖြစ်တောင် သတ်မှတ်လို့ ရနေပါပြီ။ ထန်းပင်ရဲ့ အရွက် ထန်းရွက်ကို အမိုး မိုးလို့ ရပါတယ်။ ထန်းပင်အသက်ကြီးလာတဲ့အချိန်မှာ ခုတ်လှဲပြီးတော့ အိမ်တိုင်အဖြစ် အသုံးပြုလို့ ရသလို ထန်းရွက်ရဲ့ အရိုးတွေကိုလည်း ထန်းတပိုး၊ ထင်းအဖြစ် အသုံးပြုလို့ ရပါသေးတယ်။ ထန်းပင်က အိမ်တွင်းပစ္စည်းတွေအဖြစ်လည်း အသုံးပြုလို့ ရသလို ဝမ်းစာအတွက်လည်း အသုံးပြုလို့ ရပါတယ်။ ထန်းသီးနုနုလေးတွေကို စားတဲ့အချိန်မှာ ဂျယ်လီလေးတွေကို စားရသလို အရသာရှိလှ ပါတယ်။ ထန်းသီးက သဘာဝက ပေးတဲ့ ဂျယ်လီဖြစ်တာကြောင့် ဆိုးဆေးကင်းပြီး လူလုပ်အချိုဓာတ်တွေကို ကင်းစင်ပါတယ်။ ထန်းသီးနုနုလေးတွေ စားလို့ ရသလို ထန်းမြစ်ကိုလည်း စားလို့ ရပါတယ်။ ထန်းပင်မှ ထန်းသီး၊ ထန်းရည်၊ ထန်းလျက်၊ ကြာရှည်ခံထန်းရည်၊ ရှာလကာရည်၊ ဝိုင်၊ အရက်၊ ထန်းသီးနုမှ ထန်းသီး၊ ထန်းသီးယို၊ ထန်းသီးအမှည့်မှ ဖျော်ရည်၊ ပူတင်း၊ ဂျယ်လီနှင့် မြန်မာ့ရိုးရာမုန့် အမျိုးမျိုးတို့ ပြုလုပ်ရာတွင် အသုံးချနိုင်ပြီး ထန်းမြစ်၊ ထန်းလက်စသဖြင့် တစ်ပင်လုံးတွင် လွှင့်ပစ်စရာမလိုသည့်အပြင် နှစ်ရှည်ဝင်ငွေရ အပင်အဖြစ် အသုံးဝင်လှပါတယ်။ ဒါကြောင့် ထန်းသီးကို စားသုံးပေးမယ်ဆိုရင် ဘယ်လို အကျိုးကျေးဇူးတွေ ရရှိနိုင်သလဲဆိုတာကို ပြောပြပေးလိုက်ပါတယ်နော်။
၁။ ဆီးချိုရောဂါ
ထန်းသီးမှာ ပါဝင်တဲ့ အာဟာရ သတ္တုဓာတ်တွေက ခန္ဓာိုယ်အတွက် အထောက်အကူပြုစေနိုင်ပါတယ်။ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်တာကြောင့် ဆီးချိုးသမားတွေအနေနဲ့ စားသုံးပေးသင့်တဲ့ အစားအစာတစ်မျိုး ဖြစ်ပါတယ်။
၂။ ကျန်းမာစေတဲ့ အစားအစာ
ထန်းသီဟာ ကျန်းမာရေးကို ကောင်းမွန်စေနိုင်တဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ ထန်းသီမှာ ရေပါဝင်မှုနှုန်း ၉၃% လောက်ပါဝင်ပါတယ်။ ထန်းသီးမှာ ပါဝင်တဲ့ရေဓာတ်က အစာစားချင်စိတ်ကိုလည်း ထိန်းချုပ်ရာမှာ များစွာအကူအညီပေးနိုင်ပါတယ်။
၃။ အဆစ်ရောင်ရောဂါကို သက်သာစေနိုင်ခြင်း
အဆစ်ရောင်ရောဂါဟာ ကျွန်တော်တို့ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို အနှောက်အယှက်ဖြစ်စေနိုင်ပါတယ်။ ထန်းသီးမှာ ပါဝင်တဲ့ သတ္တုဓာတ်တွေကြောင့် အဆစ်ရောင်ရောဂါကိုလည်း သက်သာစေနိုင်ပါတယ်။ တစ်နေ့လျှင် ၁၀၀ ဂရမ်လောက်စားသုံးပေးပါက အဆစ်ရောင်ရောဂါကို ပျောက်ကင်းတဲ့အထိ ကုသပေးနိုင်ပါတယ်။
၄။ အစာခြေစနစ်ကို ကောင်းမွန်စေနိုင်ခြင်း
ထန်းသီးမှာ အမျှင်ဓာတ် များစွာပါဝင်နေပါတယ်။ ဝမ်းချုပ်ခြင်းကိုလည်း သက်သာစေနိုင်ပါတယ်။ တစ်ရက်ကို ထန်းသီး ၅ခုမှ ၁၀ ခုအထိစားသုံးပေးသင့်ပါတယ်။ ဒီလို စားသုံးပေးခြင်းကြောင့် ဝမ်းချုပ်ခြင်းနှင့် အူလမ်းကြောင်းဆိုင်ရရောဂါတွေကိုလည်း ရှောင်ရှားပေးနိုင်ပါတယ်။
၅။ ယားယံခြင်းကို သက်သာစေနိုင်ခြင်း
ထန်းရည်က ခန္ဓာကိုယ်ယားယံခြင်းတွေကိုလည်း သက်သာစေနိုင်ပါတယ်။ ဒါကြောင့် ယားယံခြင်းတွေကို သက်သာစေဖို့အတွက် ထန်းရည်ကို အသုံးပြုသင့်ပါတယ်။
၆။ အရိုးပွရောဂါကို ကာကွယ်ပေးခြင်း
လူတွေက အိုမင်းလာတာနဲ့ အမျှ အရိုးပွရောဂါဖြစ်ပွားတတ်ကြပါတယ်။ ယနေ့ခေတ်မှာကတော့ သက်ကြီးရွယ်အိုသာမက လူငယ်တွေမှာလည်းဖြစ်ပွားနေကြပါတယ်။ ထန်းသီးမှာ ကယ်လ်ဆီယမ် ၉၁ မီလီဂရမ်ပါဝင်တာကြောင့် နေ့စဉ်စားသုံးပေးမယ်ဆိုရင် ကယ်လ်စီယမ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးပြီးသားဖြစ်ကာ အရိုးပွရောဂါဖြစ်နိုင်ခြေကိုလည်း ကာကွယ်ပေးပါတယ်။