ပြေးတာထက် အဆီတွေကို ပိုလောင်ကျွမ်းစေတဲ့ လေ့ကျင့်ခန်း (၈)မျိုး
lifestylemyanmar.com
|
2020-12-28



ကိုယ်အလေးချိန်ချမယ်လို့ တွေးထားသူတွေရဲ့ စိတ်ထဲမှာ ပထမဆုံးပေါ်လာတဲ့ လေ့ကျင့်ခန်းကတော့ အပြေးလေ့ကျင့်ခန်းဖြစ်မှာပါ။ ဒါက ထိရောက်တဲ့ နည်းလမ်းဖြစ်တယ်လို့ ကျွန်မတို့ အတိအကျပြောနိုင်ပါတယ်။ ၁၅၅ပေါင်ရှိတဲ့ လူတစ်ယောက်အတွက် တစ်နာရီလျှင် ၅မိုင်နှုန်းဖြင့် မိနစ် ၃၀ကြာပြေးတဲ့အခါ ၂၉၈ ကယ်လိုရီလောင်ကျွမ်းသင့်ပါတယ်။ သို့သော် တစ်ချို့လူတွေက အပြေးနဲ့ မလုံလောက်ပါဘူး။ ပြေးတာက ပျင်းစရာကောင်းတယ်လို့ထင်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်၊ ဒါ့ကြောင့် ပြေးတာထက်ပိုပြီး အဆီကို လောင်ကျွမ်းစေနိုင်တဲ့ တခြားလေ့ကျင့်ခန်းလေးတွေကို မျှဝေပေးချင်ပါတယ်။

၁။ ကြိုးခုန်ခြင်း -၃၇၂ ကယ်လိုရီ

ဒါက လူကြိုက်များတဲ့ ကလေးကစားနည်းတစ်ခုသာ မဟုတ်ပါဘူး။ ကစားသမားအများစု လုပ်လေ့ရှိတဲ့ လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ ကြိုးခုန်ခြင်းက Cardio လေ့ကျင့်ခန်းကောင်းတစ်ခုဖြစ်ပါတယ်။




၂။ ရေကူးခြင်း (crawl) – ၄၀၉ ကယ်လိုရီ

ရေကူးခြင်းက ကယ်လိုရီအချို့ကို လောင်ကျွမ်းစေပြီး တစ်ချိန်တည်းမှာပဲ ရောဂါများစွာကို ကာကွယ်ဖို့အတွက် အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ဒါက ဆီးချိုရောဂါ၊ လေဖြတ်ခြင်းနဲ့ နှလုံးရောဂါရဲ့ အခြားပုံစံတွေကို ရှောင်ရှားဖို့ ထိရောက်တဲ့ နည်းလမ်းလည်း ဖြစ်ပါတယ်။ ထို့အပြင် ကြွက်သားတွေကို အားကောင်းစေပါတယ်။




၃။ ကျောက်တောင်တတ်ခြင်း – ၄၀၉ ကယ်လိုရီ

ကယ်လိုရီအချို့ကို လောင်ကျွမ်းစေဖို့ စိတ်လှုပ်ရှားစရာနဲ့ ပျော်စရာနည်းလမ်းဖြစ်ပါတယ်။ ကျောက်တောင်တတ်ခြင်းက ကိုယ်ခန္ဓာတစ်ခုလုံးမှ ကြွက်သားတွေကို လေ့ကျင့်ပေးပါတယ်။ အာရုံစိုက်ခြင်းနဲ့ မိမိကိုယ်ကို ထိရောက်စွာ မြှင့်တင်ပေးခြင်းတို့ကြောင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးမှာတောင် အကျိုးကျေးဇူးတွေ ခံစားရနိုင်ပါတယ်။




၄။ စက်ဘီးစီးခြင်း -၆၄၁ ကယ်လိုရီ

စက်ဘီးစီးခြင်းဖြင့် ရရှိသော ကယ်လိုရီဆုံးရှုံးမှုက အပြေးလေ့ကျင့်ခန်းလိုပဲ လေ့ကျင့်ခန်းရဲ့ ပြင်းထန်မှုနဲ့အတူ အများကြီးလုပ်ရပါတယ်။ စက်ဘီးစီးနေစဉ် တာတိုပြေးတာပါ ထည့်သွင်းတာက ပိုထိရောက်နိုင်ပါတယ်၊ စက်ဘီးစီးခြင်းက လေ့ကျင့်ခန်းကောင်းတစ်ခုဖြစ်ရုံသာမက နှလုံးနဲ့ ကြွက်သားအတွက် အကျိုးကျေးဇူးတွေ ရရှိပါတယ်။




၅။ step aerobics- ၃၇၂ ကယ်လိုရီ

အေရိုးဗစ်လေ့ကျင့်ခန်းတွေက လေ့ကျင့်ခန်းတွေထဲမှာ စွဲဆောင်မှုအရှိဆုံး လေ့ကျင့်ခန်းဖြစ်ပါတယ်။ မြူးကြွတဲ့ တီးလုံးလေးနဲ့အတူ စိတ်ဓါတ်ကိုပါမြှင့်တင်ပေးပါတယ်။ ဒီလေ့ကျင့်ခန်းက အဆီကို လောင်ကျွမ်းစေရုံသာမက နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။ step aerobics ဟာ အဆစ်တွေကို ဖိအားမဖြစ်စေတာကြောင့် အရိုးပွရောဂါ ရှိသူတွေပြုလုပ်လို့ရမယ့် လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။




၆။ Elliptical လေ့ကျင့်ခန်း

elliptical machines တွေကကိုယ်ခန္ဓာတစ်ခုလုံးကို လေ့ကျင့်ဖို့ ကောင်းတဲ့နည်းလမ်းဖြစ်ပါတယ်။ ဒါက အောက်ပိုင်း (ခြေသလုံး၊ ပေါင်နဲ့ တင်ပါးကြွက်သား)၊ ခန္ဓာကိုယ်အပေါ်ပိုင်း (လက်မောင်း၊ နောက်ကျောနဲ့ ရင်အုပ်ပိုင်း) ကိုပုံသွင်းပေးပါတယ်။ သက်ရောက်မှုနည်းတဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်တာကြောင့် ကိုယ်ဝန်ဆောင်ပြီးနောက် အချိုးအစားကျချင်တဲ့အမျိုးသမီးတွေအတွက် ကောင်းမွန်သော ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။




၇။ Handball -၄၄၆ ကယ်လိုရီ

အားကစားတွေက ယှဉ်ပြိုင်ရတဲ့ဂိမ်းတွေထက် အရမ်းကောင်းသော လေ့ကျင့်ခန်းဖြစ်ပါတယ်။ အထူးသဖြင့် ဒီဂိမ်းက ပွဲစဉ်တစ်လျှောက်လုံး ကစားသမားတွေကို တစ်ချိန်လုံးရွေ့လျားနေတာကြောင့် ကယ်လိုရီအများဆုံး လောင်ကျွမ်းစေတဲ့အရာတွေထဲက တစ်ခုဖြစ်ပါတယ်။




၈။ ကလေးနဲ့ ကစားခြင်း -၃၇၂ ကယ်လိုရီ (၁နာရီ)

ကိုယ်အလေးချိန်ကျဖို့ အားကစားရုံသွားစရာမလိုပါဘူး၊ သင့်ကလေးနဲ့အတူ တစ်နာရီကြာ ကစားရတဲ့အချိန်က ကယ်လိုရီပမာဏများစွာကို လောင်ကျွမ်းစေနိုင်ပါတယ်။ အားကစားခန်းမသွားဖို့ အချိန်မရှိသော ကလေးအမေတွေအနေနဲ့ ဒီအကြောင်းကို သိရင်ပျော်ရွင်ပါလိမ့်မယ်၊


Lifestyle_Myanmar
LM_Nandar


Source-brightside


#လေ့ကျင့်ခန်း
#စက်ဘီး
#ကြွက်သား
#အပြေး
#ရေကူးခြင်း

Some text some message..