ညဘက် ခြေအိတ် ဝတ်အိပ်ခြင်းရဲ့ လူသိနည်းသေးတဲ့ ကျန်းမားရေးကောင်းကျိုးများ
auntymay.com
|
2020-12-30

ခြေအိတ်တွေကို ရှေးခေတ်ကတည်းက အီဂျစ်လူမျိုးတွေ၊ ဂရိလူမျိုးတွေနဲ့ ရောမလူမျိုးတွေက အသုံးပြုခဲ့ကြပါတယ်။ ခြေထောက်တွေ နွေးထွေးဖို့နဲ့ လမ်းလျှောက်ရင် သက်တောင့်သက်သာ ရှိဖို့အပြင် တခြားသော ရည်ရွယ်ချက်များစွာအတွက် အသုံးပြုခဲ့ကြတာပါ။ ခြေအိတ်တွေကတော့ ဝတ်ဆင်စရာ အသုံးအဆောင် တစ်ခုအပြင် ကျန်းမာရေးကောင်းကျိုးတွေလည်း ပေးတတ်ပါသေးတယ်။ ညဘက်တွေမှာ ခြေအိတ်တွေကို ဝတ်ပြီး အိပ်တဲ့အခါ အခုလို ကျန်းမာရေး ကောင်းကျိုးတွေကိုလည်း ရလာစေပါသေးတယ်။


(၁) ခြေအိပ်စွပ်အိတ်တဲ့အခါ အိပ်မောကျလွယ်တယ်

လေ့လာချက်တွေအရ ခြေအိတ် စွပ်အိပ်တဲ့အခါ မြန်မြန် အိပ်ပျော်စေဖို့ အထောက်အကူဖြစ်တယ်လို့ ဆိုထားပါတယ်။ ခြေအိတ်ကို စွပ်အိတ်တဲ့အခါ ခြေထောက်တွေက နွေးလာပြီး ခန္ဓာကိုယ်တွင်း အပူချိန်ကို ကျဆင်းစေပါတယ်။ ဒီလို ခန္ဓာကိုယ်အပူချိန် ကျစေတာဟာ မြန်မြန်အိပ်ပျော်စေမှာပဲ ဖြစ်ပါတယ်။


lemonsoup14/Freepik


(၂) ခြေထောက်တွေ အေးပြီး ထုံတတ်တဲ့ရောဂါကို ကာကွယ်ပေးနိုင်တယ်

သွေးလည်ပတ်မှု မမှန်ကန်တဲ့အခါ ခြေထောက်တွေ အေးစက်ပြီး ထုံလာတာတွေ ဖြစ်တတ်ပါတယ်။ ရာသီဥတုအေးတာနဲ့ ကြွက်သားတွေ တင်းနေတာကြောင့်လည်း ဖြစ်တတ်ပါသေးတယ်။ တခါတလေမှာ ခြေထောက်တွေ ထုံတတ်တဲ့ရောဂါက ရုတ်တရက် နာကျင်လာတာနဲ့ ကြွက်တက်တာတွေပါ ဖြစ်စေပါတယ်။ ခြေအိတ်ကို စွပ်အိပ်ခြင်းက သွေးလည်ပတ်မှုကို မှန်ကန်စေပြီး ခန္ဓာကိုယ်တွင်း အပူချိန်ကို ထိန်းညှိပေးနိုင်တာကြောင့် ခြေထောက်တွေ အေးပြီး ထုံတတ်တဲ့ရောဂါကို ကာကွယ်ပေးနိုင်တာပဲ ဖြစ်ပါတယ်။


lemonsoup14/freepik


(၃) ခန္ဓာကိုယ်မှာ ရုတ်တရက် အပူတက်လာတာကို ကာကွယ်ပေးနိုင်တယ်

ခန္ဓာကိုယ်တွင်းမှာ ဟော်မုန်းမညီမျှဖြစ်တဲ့အခါ အပူချိန်ကို ပုံမှန်မထိန်းညှိပေးနိုင်တော့တာကြောင့် ရုတ်တရက် အပူဆောင့်တက်လာတာမျိုးတွေ ကြုံရတတ်ပါတယ်။ ဖြစ်တတ်တဲ့ပုံစံကတော့ ရုတ်တရက် မျက်နှာတွေ နီရဲပြီး ပူလာတာမျိုး၊ ဦးခေါင်းတွေ ပူလာတာမျိုးပဲ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးက အထူးသဖြင့် ရာသီမမှန်တဲ့ အမျိုးသမီးတွေမှာ ပိုအဖြစ်များတတ်ပါတယ်။ ခြေအိတ်ကို စွပ်အိပ်ခြင်းကတော့ ဒီလိုအခြေအနေမဖြစ်အောင် ကာကွယ်ပေးနိုင်မှာပဲ ဖြစ်ပါတယ်။


goffkein/Freepik


(၄) ကျန်းမာရေးပိုကောင်းစေတယ်

ခြေအိတ်ကို စွပ်အိပ်ခြင်းက နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျစေတဲ့အပြင် သွေးလည်ပတ်မှုကို ထိန်းညှိပေးနိုင်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်တွင်း အပူချိန်ကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။ အိပ်စက်ခြင်းက လူကို တက်ကြွလန်းဆန်းစေပြီး လိုအပ်တဲ့ စွမ်းအင်တွေကို ဖြည့်စွမ်းပေးနိုင်ပါတယ်။ ဒါကြောင့် ခြေအိတ် စွပ်အိပ်တဲ့အခါ နှစ်နှစ်ခြိုက်ခြိုက်နဲ့ ပုံမှန် အိပ်မောကျစေတာကြောင့် ကျန်းမာရေးကို ပိုမိုကောင်းမွန်စေမှာပဲ ဖြစ်ပါတယ်။


Freepik.com


(၅) ခြေအိတ်တွေက ခြေဖဝါးနဲ့ ဖနောင့် ခြောက်သွေ့တာကို သက်သာစေတယ်

ခြေအိတ်က အစိုဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။ ခြေဖနောင့်တွေ အက်ကွဲပြီး ခြောက်သွေ့နေရင် ခြေအိတ်မစွပ်ခင် လိုးရှင်းဖြစ်ဖြစ် ဆီဖြစ်ဖြစ်လူးပြီး ခြေအိတ် စွပ်အိပ်တာက ခြေထောက်အက်ကွဲတာတွေကို သက်သာစေမှာပဲ ဖြစ်ပါတယ်။ ဒါ့အကြောင့် ခြေထောက်မှာ အသားမာတက်တဲ့အခါ ဒီနည်းနဲ့ ဖြေရှင်းလို့ ရပါတယ်။

Kham


#ခြေအိတ်
#ခြေထောက်
#ကိုယ်တွင်း
#အပူချိန်
#ခန္ဓာ

Some text some message..