Green tea က ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သောက်စရာတစ်ခုဖြစ်ပြီး Camellia sinensis လက်ဖက်ပင်ရဲ့ အရွက်ကနေ ရရှိခြင်း ဖြစ်ပါတယ်။ လက်ဖက်စိမ်းမှာ EGCG ဟုခေါ်သော antioxidant ပါရှိပါတယ်။ ၎င်းမှာ ကင်ဆာ၊ နှလုံးရောဂါနှင့် အဝလွန်ခြင်းကဲ့သို့သော ရောဂါအမျိုးမျိုးကို တိုက်ထုတ်နိုင်တဲ့ အလားအလာရှိပါတယ်။ သို့သော် သုတေသနအသစ်တွေအရ green tea ကို နေ့စဉ်အလွန်အကျွံသောက်ခြင်းက ဘေးထွက်ဆိုးကျိုးတွေရှိနိုင်ပါတယ်။
၁။ လက်ဖက်စိမ်းမှာပါတဲ့ EGCG က သံဓါတ်စုပ်ယူမှုကို လျော့ကျစေပါတယ်
သံဓါတ်စုပ်ယူမှုကို လျော့ကျတာကြောင့် သွေးအားနည်းရောဂါနှင့် သံဓါတ်ချို့တဲ့ခြင်းကို ဖြစ်ပေါ်စေပါတယ်။ သွေးအားနည်းရောဂါဟာ ကမ္ဘာတစ်ဝှမ်းရှိ လူပေါင်း ၁.၆၂ ဘီလီယံကို ထိခိုက်စေပါတယ်။ ၎င်းက သံဓါတ်ချို့တဲ့ခြင်းနှင့် သွေးထဲမှာ ဟေမိုဂလိုဘင်ပမာဏ နည်းပါးခြင်းတို့ကြောင့် ဖြစ်ပါတယ်။ သုတေသနပြုချက်တွေအရ လက်ဖက်ရည်ကြမ်း အလွန်အကျွံသောက်ခြင်းက သံဓါတ်ချို့တဲ့ခြင်းနှင့် သွေးအားနည်းခြင်း (သို့) RBC အရေအတွက် ကျဆင်းခြင်းကို ဖြစ်စေနိုင်တယ်လို့ ထောက်ပြထားပါတယ်။ ဒါ့အပြင် IBD ရှိသူတွေကို သံဓါတ်ဖြည့်စွက်ဆေးသောက်တဲ့အခါ Green Tea မသောက်ဖို့ အကြံပေးထားပါတယ်။
၂။ လက်ဖက်စိမ်းမှာပါတဲ့ ကဖိန်းက အချို့သောဆေးဝါးတွေကို နှောက်ယှက်ပါတယ်
ကဖိန်းဓါတ်ဟာ CNS (ဗဟိုအာရုံကြောစနစ်) ကိုလှုံ့ဆော်ပေးသူ ဖြစ်ပါတယ်။ ဒါ့ကြောင့် Green tea တစ်ခွက်က သင့်ကို အားအင်ပြည့်ဝစေပြီး ပြန်လည်အားဖြည့်ပေးတယ်လို့ ခံစားရစေပါတယ်။ Green tea အများအပြားသောက်သုံးခြင်းဖြင့် အချို့သောဆေးဝါးတွေပေါ်မှာ ဘေးထွက်ဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ်။ ကဖိန်းဓါတ်ဟာ ခန္ဓာကိုယ်ထဲမှာ ပြိုကွဲပျက်စီးပြီး ထွက်သွားပေမယ့် Cimetidine ကဲ့သို့သော ဆေးဝါးအချို့၊ အင်တီဘိုင်အိုတစ် ဆေးအချို့နှင့် သန္ဓေတားဆေးတွေက ကဖိန်းပြိုကွဲမှုကို အဟန့်အတားဖြစ်စေပါတယ်။ ရလဒ်အနေနဲ့ ကဖိန်းဓါတ်ဟာ ခန္ဓာကိုယ်ထဲမှာ ဆက်တည်ရှိနေပြီး နှလုံးခုန်တိုးလာခြင်း၊ မငြိမ်မသက်ဖြစ်ခြင်းကိုဖြစ်စေပါတယ်။ lithium ဆေးဝါးသောက်သူတွေဟာ Greeen tea မသောက်သုံးသင့်ကြောင်း ဖော်ပြထားပါတယ်။ သုတေသနပြုချက်အရ လက်ဖက်စိမ်းရှိ ဗီတာမင်ကေက anti-blood clotting ဆေးဝါးတွေရဲ့ အကျိုးသက်ရောက်မှုကို တားဆီးပေးပါတယ်။
၃။ ကိုယ်ဝန်ဆောင်စဉ် green tea သောက်ခြင်းက ကလေးမှာ မွေးရာချို့ယွင်းချက်ကို ဖြစ်စေပါတယ်
လေ့လာမှုအတော်များများအရ ကိုယ်ဝန်ဆောင်ချိန် Green tea အလွန်အကျွံသောက်ခြင်းက မိခင်နဲ့ မွေးကင်းစအပေါ် ဆိုးကျိုးသက်ရောက်နိုင်ပါတယ်။ တစ်နေ့လျှင် ကဖိန်းဓါတ် ၃၀၀ မီလီဂရမ်ထက် ပိုသောက်သုံးခြင်းက ကိုယ်ဝန်ဆောင်စဉ် သွေးတိုးရောဂါ ဖြစ်နိုင်ခြေကို မြင့်တတ်စေပါတယ်။ လက်ဖက်စိမ်းမှာပါတဲ့ ကဖိန်းနှင့် tannins တွေက ဖောလစ်အက်စစ်ဓါတ်ပမာဏကို လျော့နည်းစေနိုင်ကြောင်း တွေ့ရပါတယ်။ ရေမှာပျော်ဝင်နိုင်တဲ့ B-vitamin ပါဝင်သော ဖောလစ်အက်စစ်က ကိုယ်ဝန်ပျက်ကျခြင်းကို ကာကွယ်ပေးပါတယ်။
၄။ Green tea အဆီအနှစ်က အသည်းအတွက် အဆိပ်အတောက်ဖြစ်စေနိုင်ပါတယ်
လူအတော်များများက လက်ဖက်စိမ်းကို ကိုယ်အလေးချိန်ကျစေဖို့ သောက်သုံးကြပါတယ်။ သို့သော် လေ့လာမှုအရ လက်ဖက်စိမ်းအလွန်အကျွံသောက်ခြင်းက အသည်းကိုပျက်စီးစေနိုင်ပါတယ်။ Epigallocatechin gallate (EGCG) ဟာ လက်ဖက်စိမ်းမှာ ၁၀ရာခိုင်နှုန်း ပါဝင်ပါတယ်။ လက်ဖက်စိမ်းနှင့် ဖြည့်စွက်ဆေးမှာ တွေ့ရတဲ့ EGCG ပါဝင်မှုမြင့်မားခြင်းက အသည်းကို ပျက်စီးစေနိုင်ပါတယ်။
၅။ ကဖိန်းဓါတ်အဆိပ်သင့်မှုက ခေါင်းကိုက်ခြင်း၊ မူးဝေခြင်းနှင့် အော့အန်ခြင်းကို ဖြစ်စေပါတယ်
တစ်နေ့လျှင် ကဖိန်းဓါတ် ၄၀၀မီလီဂရမ်ထက် ပိုသောက်သုံးခြင်းက ကဖိန်းအဆိပ်အတောက်ကို ဖြစ်စေနိုင်ပါတယ်။ ကဖိန်းဓါတ်အဆိပ်အတောက်က ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း၊ ချမ်းတုန်ခြင်း၊ ရင်တုန်ခြင်းကို ဖြစ်စေပါတယ်။
၆။ လက်ဖက်စိမ်းရှိ ကဖိန်းဓါတ်က သိုင်းရွိုက်လုပ်ဆောင်မှုကို ထိခိုက်စေနိုင်ပါတယ်
Green tea catechins တွေက သိုင်းရွိုက်ကင်ဆာဖြစ်နိုင်ခြေကို လျော့ချပေးပါတယ်။ သို့သော် Green tea ကဖိန်းဓါတ်အလွန်အလွန်သုံးစွဲခြင်းက သိုင်းရွိုက်လုပ်ဆောင်မှုကို ထိခိုက်စေနိုင်ပါတယ်။ ဂျပန်နိုင်ငံတိုကျိုအမျိုးသားကင်ဆာ စင်တာမှာ ပြုလုပ်တဲ့ လေ့လာမှုတစ်ခုအရ Green tea သောက်သုံးခြင်းက အမျိုးသမီးတွေမှာ သိုင်းရွိုက်ကင်ဆာဖြစ်နိုင်ခြေကို မြင့်တတ်စေနိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။
၇။ လက်ဖက်စိမ်း ကဖိန်းဓါတ်က အရိုးအားနည်းစေနိုင်ပါတယ်
ကဖိန်းဓါတ် အလွန်အကျွံသောက်ခြင်းက ကယ်လစီယမ်စုပ်ယူမှုကို တားဆီးနိုင်တယ်လို့ National Osteoporosis Foundation က သတိပေးထားပါတယ်။ ကြွက်တွေနဲ့ လူလေ့လာမှုနှစ်ခုစလုံးအရ green tea အဆီအနှစ် (GTE) (သို့) green teaသောက်သုံးမှုမြင့်မားခြင်းက အရိုးစုဆောင်းခြင်းနှုန်းကို ကျဆင်းစေနိုင်ကြောင်း ၊ အရိုးကျိုးလွယ်မှု အန္တရာယ်ကို တိုးပွားစေပြီး bone mineral သိပ်သည်းဆကို လျော့နည်းစေကြောင်း ပြသထားပါတယ်။ သက်ကြီးရွယ်အိုတွေမှာ အရိုးဆုံးရှုံးမှုကို ဖြစ်စေနိုင်ပါတယ်။ Green tea ကအသင့်အတင့်သောက်မယ်ဆိုရင် အရိုးတွေကို များစွာအကျိုးပြုပေမယ့် အလွန်အကျွံသောက်ရင်တော့ အရိုးကြီးထွားမှုနဲ့ သိပ်သည်းဆကို ထိခိုက်စေနိုင်ပါတယ်။
၈။ Green Tea ကဖိန်းဓါတ်က စိုးရိမ်ပူပန်မှုနဲ့ အိပ်မပျော်ခြင်းကို ဖြစ်စေနိုင်ပါတယ်
Green Tea ပမာဏနည်းနည်းသောက်ခြင်းက အိပ်စက်ခြင်းနှင့် စိတ်ဖိစီးမှုကို လျော့ချခြင်းတို့မှာ အထောက်အကူပြုနိုင်သော်လည်း အလွန်အကျွံသုံးစွဲခြင်းက အိပ်မပျော်ခြင်းနဲ့ စိုးရိမ်ပူပန်ခြင်းတို့ကို ဖြစ်ပေါ်စေပါတယ်။ Green Tea မှာပါဝင်တဲ့ ကဖိန်းဒါတ်က အာရုံကြောစနစ်ကို လှုံ့ဆော်ပေးပါတယ်။ တစ်နေ့လျှင် ကဖိန်းဓါတ် ၃၀၀ မီလီဂရမ်ထက်ပိုသောက်သုံးခြင်းက အိပ်စက်ခြင်းအရည်အသွေးကို လျော့နည်းစေပြီး အိပ်မပျော်ခြင်း၊ စိတ်တိုခြင်း၊ စိတ်ဓါတ်ကျခြင်းကိုဖြစ်ပေါ်စေပါတယ်။
၉။ Green Tea ကသွေးခဲခြင်းကို တားဆီးနိုင်ပါတယ်
Warfarin ဟာ နှလုံးရောဂါနဲ့ လေဖြတ်ခြင်းအန္တရာယ်ကို လျှော့ချခြင်းနှင့် သွေးခဲခြင်းကို ကုသရာမှာ ပေးတဲ့ သွေးခဲမှုကို ဆန့်ကျင်တဲ့ဆေးဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေရဲ့ တွေ့ရှိချက်အရ လက်ဖက်စိမ်းကဖိန်းဓါတ်ဟာ Warfarin ရဲ့လုပ်ဆောင်မှုကို တားဆီးပေးပါတယ်။ Warfarin ကုသမှုခံယူသူတွေဟာ green tea extracts (သို့) green tea ပမာဏ အလွန်အကျွံသောက်သုံးခြင်းကို ရှောင်ကြဉ်ရမယ်လို့ ဖော်ပြထားပါတယ်။
၁၀။ လက်ဖက်စိမ်းအလွန်အကျွံသောက်ခြင်းက ရင်ပူစေနိုင်ပါတယ်
ရင်ပူခြင်းက GERD (gastroesophageal disease)ရဲ့ ပုံမှန်လက္ခဏာဖြစ်ပါတယ်။ GERD ကိုအချဉ်ပေါက်ခြင်းအဖြစ် လူသိများပြီး ဆေးလိပ်သောက်ခြင်း၊ အဝလွန်ခြင်း၊ အစားအသောက်အလေ့အထဆိုးတွေနဲ့ လက်ဖက်စိမ်းအလွန်အကျွံသောက်သုံးခြင်းတွေကြောင့် ဖြစ်ရပါတယ်။ ဂျပန်သိပ္ပံပညာရှင်တွေက မလှုပ်မရှားနေခြင်း (သို့) အထိုင်များတဲ့လူနေမှုပုံစံက လက်ဖက်စိမ်းအလွန်အကျွံသောက်သုံးမှုနှင့်တူ GERD ရဲ့အန္တရာယ်ကို ပိုမြင့်တက်စေနိုင်တယ်လို့ တွေ့ရှိခဲ့ကြပါတယ်။ အာရှလူဦးရေနဲ့ပတ်သတ်ပြီး လေ့လာမှုတစ်ခုအရ လက်ဖက်ရဲ့ဒြပ်ပေါင်း theophylline, ဟာ အက်ဆစ် reflux ကိုဖြစ်ပေါ်စေနိုင်ပါတယ်။
Lifestyle_Myanmar
LM_Nandar
Source-stylecraze.