ခြင်ဆေးခွေ အမြဲထွန်းရင် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးအန္တရာယ်များ
auntymay.com
|
2021-01-14

ခြင်တွေဆိုတာ လူတွေအတွက် စိတ်အနှောက်အယှက်စရာ သတ္တဝါမျိုးထဲ ပါဝင်ပါတယ်။ ကျန်းမာရေးအတွက်လည်း ထိခိုက်တာမျိုး ရှိနေပေမယ့် ခြင် အရမ်းကိုက်တယ်ဆိုတဲ့ အချက်က ပိုပြီး စိတ်ပျက်စရာ ဖြစ်နေတာပါ။ ဒါကြောင့် လူတွေက ခြင်တွေ မပေါက်ဖွားလာအောင် အစီအမံတွေ လုပ်ရသလို ဒီလို အစီအမံတွေ မရှိတဲ့နေရာတွေကတော့ ခြင်နိုင်ဆေး အမျိုးမျိုးကို သုံးစွဲကြပါတယ်။ အသုံးများကြတဲ့ ခြင်ဆေးခွေတွေကတော့ အခုလို နောက်ဆက်တွဲ ကျန်းမာရေးအန္တရာယ် ရှိနေတာမို့ သတိထားနိုင်စေဖို့ ဖော်ပြပေးလိုက်ရပါတယ်။


အဆုတ်ကျန်းမာရေးကို ထိခိုက်တယ်

လေ့လာမှုတွေအရ ခြင်ဆေး တစ်ခွေကို အနားမှာ ထွန်းထားတာက ဆေးလိပ် အလိပ်တစ်ရာကို သောက်လိုက်တာနဲ့ ညီမျှတဲ့ ရလဒ်ကို ခံစားရတတ်ပါတယ်။ ဆေးလိပ်ရဲ့ အဓိက ဆိုးကျိုးက အဆုတ်ကျန်းမာရေးကို ထိခိုက်စေတာ ဖြစ်တာမို့ ခြင်ဆေးက ဆေးလိပ်ထက်တောင် ပိုပြီး ဆိုးတယ်လို့ ဆိုရမှာပါ။


phanuwatnandee/Freepik


ကင်ဆာ ဖြစ်စေနိုင်တယ်

ခြင်ဆေးခွေတွေမှာ carcinogens ဆိုတဲ့ ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတ်တစ်မျိုး ပါဝင်ပါတယ်။ များစွာသော ကင်ဆာရောဂါကို ဖြစ်ပွားစေဖို့ ဒီဓာတ်က ဖြစ်စေပြီး အထူးသဖြင့် အဆုတ်ကင်ဆာ ဖြစ်စေနိုင်ပါတယ်။


အသက်ရှုလမ်းကြောင်းကို ခက်ခဲစေတယ်

ချောင်းဆိုးခြင်းကို ဖြစ်စေတဲ့ အဓိက အကြောင်းအရင်းထဲမှာ ခြင်ဆေးခွေလည်း ပါဝင်ပါတယ်။ အသက်ရှုရ ခက်ခဲစေနိုင်ပြီး လေထဲမှာ ဝေ့နေတဲ့ ခြင်ဆေးအငွေ့တွေကြောင့် အသက်ရှုလမ်းကြောင်းကိုပါ ထိခိုက်မှုတွေ ရှိလာမှာ ဖြစ်ပါတယ်။


wayhomestudio/Freepik


ပန်းနာရင်ကြပ် ဖြစ်စေနိုင်တယ်

ခြင်ဆေးခွေ ထွန်းတဲ့အခါမှာ အငွေ့တွေက အခန်းထဲကို ပြန့်နေမှာပါ။ ဒီအတွက်လည်း ခြင်တွေ ပြေးကြတာ ဖြစ်ပါတယ်။ တကယ်တော့ ခြင်တင် မဟုတ်ပါဘူး၊ လူတွေကိုပါ ထိခိုက်မှု ရှိနေတာ ဖြစ်ပါတယ်။ ဒီအငွေ့တွေက အဆိပ်အတောက်ဖြစ်စေတဲ့ လေထုကို ဖန်တီးပြီး ပန်းနာရင်ကြပ်လို ရောဂါမျိုးတွေ ဖြစ်လာစေတတ်ပါတယ်။


user14911468/Freepik


အရေပြားကို ထိခိုက်မှု ဖြစ်စေတယ်

ခြင်ဆေးကနေ ထွက်ရှိတဲ့ အငွေ့တွေက တစ်ချို့သူတွေအတွက် သိသာတဲ့ ထိခိုက်မှုမျိုး ဖြစ်စေပါတယ်။ အသားအရေနဲ့ ဓာတ်မတည့်မှုတွေ ဖြစ်ပြီး အရေပြားနဲ့ မျက်လုံး ယားယံတာမျိုးတွေ ဖြစ်လာစေပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ရှိနေတဲ့ အမျိုးသမီးတွေအနေနဲ့ ခြင်ဆေးငွေ့တွေ ရှူရတာက လုံးဝ အန္တရာယ် ရှိနေတာပါပဲ။


goffkein/Freepik


အဆုတ်ကင်ဆာ ဖြစ်ပွားနိုင်ချေ အရမ်းမြင့်တယ်

ထိုင်ဝမ်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုမှာ အဆုတ်ကင်ဆာ ဖြစ်ပွားနေတဲ့သူတွေရဲ့ ၅၀ ရာခိုင်နှုန်းက ဆေးလိပ်သောက်သုံးခြင်းကြောင့် မဟုတ်ဘဲ ခြင်ဆေးခွေတွေကို နေ့တိုင်း ထွန်းတာကြောင့် ဖြစ်နေတယ်လို့ တွေ့ရှိခဲ့ရပါတယ်။ တစ်ပတ်ကို ခြင်ဆေးခွေ သုံးကြိမ်ထက် မနည်း ထွန်းနေရင်တောင်မှ အဆုတ်ကင်ဆာ ဖြစ်လာဖို့က အတော်လေး နီးစပ်နေတယ်လို့ သုတေသနတွေက ဆိုထားပါတယ်။

Kham


#ခြင်ဆေး
#အဆုတ်
#အငွေ့
#ကင်ဆာ
#ဆေးလိပ်

Some text some message..