ရေချိုးတဲ့အခါဂရုစိုက်သင့်တဲ့အချက်လေးများ
myanmaplatform.com
|
2021-01-17



လူတိုင်းတစ်ကိုယ်ရေသန့်ရှင်းရေးအတွက် ရေချိုးသန့်စင်ကြပါတယ်။ရေချိုးတိုင်းလည်း မကောင်းသလို ရေချိုးမှားသွားရင်လည်း ကျန်းမာရေးကို ထိခိုက်စေတတ်တာမလို့ ဘယ်လိုမျိုး အချက်လေးတွေကို သတိထားရမလဲဆိုတာဖော်ပြပေးလိုက်ပါတယ်။




— ခေါင်းကစပြီးရေလောင်းချိုးခြင်း

ရေချိုးရင် ခေါင်းကိုစပြီးလောင်းမချိုးသင့်ပါဘူး။လူသားတွေက သွေးနွေး သတ္တဝါတွေဖြစ်ကြပြီးတော့ တစ်ကိုယ်လုံးမှာ အပူချိန်တူအောင် ထိန်းညှိနေရတာပါ။ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ဦးနှောက်က စီမံခန့်ခွဲနေရတာပါ။ခေါင်းကိုရေစလောင်းလိုက်ရင် ခေါင်းကအပူချိန်ကျသွားပြီးတော့ခေါင်းထဲကို တစ်ကိုယ်လုံးက သွေးတွေကအလျှင်အမြန်ရောက်သွားတာနဲ့ ဦးနှောက်သွေးကြောပေါက်တာတွေလေဖြတ်တာတွေဖြစ်နိုင်ပါတယ်။



— နေပူထဲကပြန်လာတာနဲ့ ရေချိုးခြင်း
နေပူထဲကို ထွက်သွားတဲ့ အခါမှာ ခန္ဓာကိုယ်ရဲ့ အပူချိန်က မြင့်တက်သွားပါတယ်။အိမ်ပြန်ရောက်တာနဲ့ အဝတ်အစားတန်းလဲပြီး ပူလို့ ရေတန်းချိုးလိုက်တာက အန္တရာယ်အရမ်းများပါတယ်။အပူချိန်ကို ချက်ခြင်းကြီးပြောင်းလဲလိုက်တဲ့အခါမှာ မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်လာတတ်ပါတယ်။အပူရှပ်ပြီး ဖျားနာတာတွေဖြစ်တတ်တဲ့ အပြင် ကံဆိုးရင် အသက်အန္တရာယ်ကိုပါ ဒုက္ခရောက်စေနိုင်ပါတယ်။အပူချိန်ကျသွားတဲ့ အထိခဏစောင့်ပြီးမှ ရေချိုးသင့်ပါတယ်။



— ညဘက်အချိန်မတော်ရေချိုးတာ
ညဘက်ရောက်တာနဲ့ ခန္ဓာကိုယ် ရဲ့အပူချိန်က သာမန်ထက်လျော့ကျနေတာပါ။လန်းလန်းဆန်းဆန်းလေးဖြစ်အောင်ရေချိုးပြီးအိပ်ချင်ပေမယ့် ညဘက်အေးနေတဲ့အချိန်ရေချိုးတာက အပူချိန်တော်တော်ကျစေပါတယ်။အခန့်မသင့်ရင် လေဖြတ်တတ်ပါတယ်။တကယ်လို့ ညဘက်ရေချိုးချင်တယ်ဆိုရင်ရေနွေးလေးစပ်ပြီးချိုးပေးတာအကောင်းဆုံးပါ။ခန္ဓာကိုယ်မှာရှိသင့်တဲ့ အပူချိန်ကို ထိန်းနိုင်မယ့် အနေတော်အပူချိန်လောက်နဲ့ပဲ ရေချိုးသင့်ပါတယ်။



— ချွေးမတိတ်သေးပဲရေချိုးခြင်း
ရေချိုးခါနီး အားကစားလုပ်ပြီးမှ ရေချိုးတတ်တဲ့သူတွေ ဂရုစိုက်သင့်ပါတယ်။အားကစားလုပ်လိုက်တဲ့အခါမှာ ခန္ဓာကိုယ်က ချွေးပေါက်တွေကျယ်လာပါတယ်။ချွေးထွက်လာတာနဲ့ ကိုယ်ပေါ်မှာ ဘက်တီးရီးယားတွေက ကပ်နေတာပါ။ချွေးထွက်နေတဲ့အချိန် အပူချိန်လည်းမြင့်တက်နေသလို ဘက်တီးရီးယားတွေကလည်း အရေပြားမှာ ကပ်နေတာမလို့ ရေချက်ခြင်းမချိုးသင့်သေးပါဘူး။မိနစ်နှစ်ဆယ်လောက်ထိ ကိုယ်အပူချိန်ကို လျော့ချပေးပြီး ချွေးတိတ်တော့မှ ရေချိုးသင့်ပါတယ်။

နေ့တိုင်းရေချိုးနေပေမယ့် အခုလို သတိမထားမိတဲ့ အမှားလေးတွေကနေ ကျန်းမာရေးကို ဆိုးဆိုးရွားရွားမထိခိုက်ရအောင် ဖော်ပြပေးလိုက်တာပဲဖြစ်ပါတယ်။


#အပူချိန်
#ခန္ဓာကိုယ်
#ရင်ခေါင်း
#တစ်ကိုယ်လုံး
#သွေးနွေးသတ္တဝါ

Some text some message..