
သံပုရာရည်သည် ပဋိဇီဝဆေးများနဲ့ ဗိုင်းရပ်စ်များကိုနှိမ်နင်းနိုင်ပြီး ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်ပါတယ်။ သံပုရာရည်သည် ခန္ဓာကိုယ်အတွက်အကျိုးကျေးဇူးတွေ များစွာ ရရှိစေနိုင်တဲ့အပြင် ဗီတာမင်နဲ့ ဖောလစ်ဓာတ်များကို ကောင်းစွာ ရရှိစေနိုင်ပါတယ်။ ဒါကြောင့် သံပုရာရည်ကို နေ့စဉ်သောက်သုံးပေးမယ်ဆိုရင် ခန္ဓာကိုယ်အတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်မလဲဆိုတာကိုပြောပြပေးလိုက်ပါတယ်နော်။
၁။ ကောင်းမွန်စွာ အစာခြေဖျက်ပေးနိုင်ခြင်း
သံပရာရည်သည် လျင်မြန်စွာ အစာခြေဖျက်ပေးနိုင်တဲ့အပြင် အညစ်အကြေးများကိုလည်း ဖယ်ရှားပေးပါတယ်။ သံပရာရည်သည် ဝမ်းချုပ်ခြင်းကို သက်သာစေနိုင်တဲ့အပြင် အစာအိမ်နဲ့ အူလမ်းကြောင်းရောဂါလက္ခဏာတွေကိုလည်း သက်သာစေနိုင်ပါတယ်။
၂။ ကိုယ်အလေးချိန်လျှော့ချပေးနိုင်ခြင်း
ကိုယ်အလေးချိန်လျှော့ချဖို့အတွက် နံနက်ခင်းမှာ သံပရာရည်ကိုရေနွေးနဲ့ သောက်ပါ။ လေ့လာမှုတွေအရ အစာမစားမီ သံပရာရည်နွေးတစ်ခွက်သောက်ခြင်းက ကယ်လိုရီစားသုံးမှုကို လျှော့ချပေးနိုင်ပါတယ်။ သံပရာရည်တွင် pectin fiber ပါဝင်ခြင်းကြောင့် မကြာခဏဆာလောင်ခြင်းကို လျှော့ချပေးနိုင်ပါတယ်။ လေ့လာမှုများအရ သံပရာရည်တွင်ပါဝင်တဲ့ polyphenol antioxidants သည် ကိုယ်အလေးချိန်ကို သိသိသာသာလျော့နည်းစေပါတယ်။
၃။ အသားအရေကို ကြည်လင်စေခြင်း
သံပရာရည်ကိုသောက်သုံးပေးလို့ ရသလို အသားအရေအတွက် သံပရာသီးကိုအသုံးပြုလို့ ရပါသေးတယ်။ သံပရာသီးမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေက အရေပြားခြောက်သွေ့ခြင်းနှင့် နေရောင်မှဖြစ်တဲ့ ခရမ်းလွန်ရောင်ခြည်ကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းနဲ့ သံပရာသီးမှာ ပါဝင်တဲ့ antibacterial ဂုဏ်သတ္တိက ဝက်ခြံထွက်ခြင်းကိုလည်း ကာကွယ်တားဆီးပေးနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ်သံပရာရည်ကိုသောက်သုံးပေးမယ်ဆိုရင် ကြည်လင်ဝင်းပတဲ့ အသားအရေကို ရရှိလာစေနိုင်ပါတယ်နော်။
၄။ ကိုယ်ခံစွမ်းအားများကို မြှင့်တင်ပေးနိုင်ခြင်း
သံပရာသီးမှာပါဝင်တဲ့ဗီတာမင်စီ၊ ပိုတက်စီယမ်နဲ့ ဖောလိတ်ပမာဏများက ခန္ဓာကိုယ်ရဲ့ ကိုယ်ခံစွမ်းအားများကို မြှင့်တင်ပေးနိုင်ပြီး ကူးစက်ရောဂါများကိုလည်း တိုက်ဖျက်ပေးနိုင်ပါတယ်။ သံပရာရည်တွင်ပါဝင်တဲ့ သတ္တုဓာတ်တွေက ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်တဲ့အပြင် ခန္ဓာကိုယ်က လိုအပ်တဲ့ သံဓာတ်ကိုလည်း ဖြည့်ဆည်းပေးနိုင်ပါတယ်။
၅။ သွေးပေါင်ချိန်မြင့်တတ်ခြင်းကို လျှောချပေးနိုင်ခြင်း
သံပရာရည်ကိုသောက်သုံးပေးခြင်းက သွေးပေါင်ချိန်မြင့်တတ်တဲ့သူတွေ၊ သွေးတိုးရောဂါသည်တွေအတွက် အလွန်ပင် အထောက်အကူဖြစ်စေနိုင်ပါတယ်။ သံပရာရည်မှာ ပိုတက်စီယမ်ပါဝင်ခြင်းကြောင့် သွေးပေါင်ချိန်မြင့်တတ်ခြင်းကို ကျစေနိုင်ပါတယ်။
၆။ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို သက်သာစေနိုင်ခြင်း
လေ့လာမှုတွေအရ သံပရာရည်သည် ဆီးလမ်းကြောင်းပိုးဝင်ခြင်း (UTIs)ကို ဖြစ်ပေါ်စေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားများကို တိုက်ဖျက်ပေးနိုင်ပါတယ်။ သံပရာသီးတွင် ဆစ်ထရစ်အက်ဆစ် ပါဝင်မှုမြင့်မားခြင်းကြေင့် ကျောက်ကပ်ကျောက်တည်ခြင်းကိုလည်း တားဆီးပေးနိုင်ပါတယ်။ သံပရာရည်ကိုရေရှည်သောက်သုံးပေးခြင်းကြောင့် ဆီးစနစ်ကိုကောင်းစွာလည်ပတ်စေနိုင်ပါတယ်။