ကယ်လ်ဆီယမ်က လူတစ်ယောက်မှာ အရပ်ပိုမြင့်လာစေနိုင်သလား? ဆိုရင် အဖြေက အတိုင်းအတာတစ်ခုအထိ Yes နှင့် No နှစ်ခုလုံး ဖြစ်နိုင်ပါတယ်။ သို့သော် ကယ်လ်ဆီယမ်ဟာ အရိုးအတွက် အရေးပါတဲ့ ဖြည့်စွက်စာ ဖြစ်ပါတယ်။ အရိုးထုထည်နှင့် ခွန်အားကို တိုးစေပါတယ်။ တကယ်လို့ ကယ်လ်စီယမ် ဖြည့်စွက်ဆေးတွေနဲ့ ကယ်လစီယမ် ကြွယ်ဝသော အစားအစာတွေကို မှန်ကန်တဲ့ နည်းလမ်းနဲ့ သုံးရင် သင့်ရဲ့အရပ်အမြင့်တိုးလာဖို့ ဖြစ်နိုင်ပါတယ်။
အရိုးသိပ်သည်းဆကို တည်ဆောက်ဖို့ ကယ်လ်ဆီယမ် လိုအပ်ပါတယ်။ ခန္ဓာကိုယ်က ကယ်လ်ဆီယမ်ကို စုပ်ယူရမှာဖြစ်ပြီး ဒီအတွက် ကျွန်မတို့ဟာ ဗီတာမင် ဒီ လိုအပ်ပါတယ်။ ဗီတာမင်ဒီကို နေရောင်ခြည်နဲ့ ဟင်းသီးဟင်းရွက်တွေကနေ အခမဲ့ရရှိနိုင်ပါတယ်။ ကယ်လ်ဆီယမ်ကို ဟင်းသီးဟင်းရွက်များစွာမှာ တွေ့ရပြီး အကောင်းဆုံး အရင်းအမြစ်က နို့ ဖြစ်ပါတယ်။ ကျွန်မတို့ အသက် ၂၄နှစ်မရောက်ခင်မှာ ကိုယ်ခန္ဓာက ကယ်လ်ဆီယမ်ကို အကောင်းဆုံးစုပ်ယူပါတယ်။ နို့သောက်ခြင်းနှင့် အခြားကယ်လစီယမ်ကြွယ်ဝသော အစားအစာတွေကို စားခြင်းဖြင့် အရပ်မြင့်ဖို့ အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ ၂၄နှစ်ကျော်လာရင် အရိုးတွေက ခန္ဓာကိုယ်ထဲမှာ ဂဟေဆက်သလို ဆက်သွားပြီး မကြီးထွားတော့ပါဘူး။ ထို့အပြင် မျိုးရိုးဗီဇဆိုင်ရာ အချက်များစွာကလည်း အရပ်ကြီးထွားမှုရရှိမှုနဲ့ ပတ်သတ်နေတယ်ဆိုတာကို သတိရပါ။
အရပ်ပိုရှည်လာဖို့ ကယ်လ်စီယမ်ကို ဘယ်လိုသုံးမလဲ?
အသက် ၂၄နှစ်ပြည့်ပြီးရင်တောင်မှ ကယ်လ်စီယမ်သုံးခြင်းဖြင့် သင့်ခန္ဓာကိုယ်ကို ၂လက်မလောက်တိုးစေဖို့ ဖြစ်နိုင်ပါတယ်။ သို့သော် ဒါက သင့်အစားအစာ၊ လူနေမှုပုံစံနှင့် အလေ့အထတွေကဲ့သို့သော အခြေအနေအတော်များများပေါ်မှာ မူတည်ပါတယ်။ သင်ကြိုးစားနိုင်တဲ့ အရာတစ်ချို့ရှိပါတယ်။
နေ့စဉ် နို့တစ်ခွက်သောက်ပါ။ ဗီတာမင်ဒီကြွယ်ဝတဲ့ အစားအစာတွေကို စားပါ။ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေမှာ ဗီတာမင် ဒီအနည်းငယ်ပါဝင်ပါတယ်။
လမ်းလျှောက်ခြင်း၊ ပြေးခြင်း (သို့) gym ကစားခြင်း ကဲ့သို့သော လေ့ကျင့်ခန်းတွေက ကယ်လ်ဆီယမ်ကို ခန္ဓာကိုယ်က ပိုစုပ်ယူနိုင်ဖို့ ကူညီပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့အခါ ခန္ဓာကိုယ်အဆီကို အသုံးပြုပြီး အရိုးတွေက ကယ်လ်စီယမ်ကို စုပ်ယူပါတယ်။ ဒါက အရပ်ပိုရှည်လာစေဖို့ ကူညီပါလိမ့်မယ်။
နေ့စဉ် ကယ်လ်ဆီယမ်ဖြည့်စွက်စာ သောက်ပါ။ သို့သော် ဒါကို လေ့ကျင့်ခန်းနှင့်အတူ တွဲဖက်သင့်ပါတယ်။
ဘယ်အချိန်မှာ ကယ်လစီယမ်ဖြည့်စွက်စာ စသောက်မလဲ?
ကယ်လစီယမ် ဖြည့်စွက်စာသောက်ဖို့ မှန်ကန်တဲ့ (သို့) မှားယွင်းတဲ့ အသက်အရွယ်ဆိုတာ မရှိပါဘူး။ အရိုးတွေ အားကောင်းလေလေ၊ ခန္ဓာကိုယ်ထဲမှာ နာတာရှည်နာကျင်မှု ဖြစ်ပေါ်တာ နည်းလေဖြစ်ပါတယ်။ ဖြည့်စွက်ဆေးတွေ သောက်တဲ့အခါ တတ်ကြွသော လူနေမှုပုံစံကို ဦးဆောင်ဖို့လည်း အရမ်းအရေးကြီးပါတယ်။ Unused calcium ကခန္ဓာကိုယ်အတွက် အန္တရာယ်ရှိပါတယ်။ ဖြည့်စွက်ဆေးသောက်တဲ့အခါ ဆရာဝန်နဲ့ အရင်ဆုံးတိုင်ပင်သင့်ပါတယ်။
အရပ်ပိုရှည်လာစေဖို့အတွက် ကယ်လစီယမ်နှင့်အတူ ဘာအစားအစာတွေ စားမလဲ?
ကယ်လစီယမ်ဖြည့်စွက်ဆေးပေါ် အားထားမှီခိုတဲ့အခါ ကျန်းမာသော အစားအသောက် plan ကိုမှီဝဲပါ။ ထည့်စဉ်းစားရမယ့် အဓိကအချက်အချို့ ရှိပါတယ်။
ပရိုတင်း။ ပရိုတင်းဓါတ်မြင့်မားခြင်းက သင့်အစားအသောက်အတွက် အရမ်းအရေးကြီးပါတယ်။ ပရိုတိန်းကို အသားတွေ၊ ဥတွေနှင့် အစိမ်းရောင် ဟင်းသီးဟင်းရွက်အတော်များများမှာ ရရှိပါတယ်။
အစိမ်းရောင် ။ တစ်နေ့ကို အစိမ်းရောင်အသီးရွက် တစ်မျိုးလောက် နေ့တိုင်း စားပေးပါ။ သူတို့က သင့်ခန္ဓာကိုယ်အတွင်းရှိ ကယ်လစီယမ်ထုတ်လုပ်မှုမှာ အထောက်အကူပြုပါတယ်။
နို့ ။ နို့မှာ ကယ်လ်စီယမ်နှင့် ဗီတာမင်ဒီတွေ ပါရှိပါတယ်။ ဒါက သင်သောက်နေတဲ့ ကယ်လစီယမ်ဖြည့်စွက်ဆေးနှင့်လည်း ကောင်းစွာ အလုပ်လုပ်နိုင်ပါတယ်။
လေ့ကျင့်ခန်း။ Pushups နှင့် ခုန်ခြင်းကဲ့သို့သော လေ့ကျင့်ခန်းတွေက အရပ်ကြီးထွားမှုမှာ အကူအညီဖြစ်စေပါတယ်၊ ဒီလေ့ကျင့်ခန်းပုံစံတွေက ခန္ဓာကိုယ်အား အရိုးရဲ့အရှည်ကို တိုးမြှင့်ပေးဖို့ ပြောပါတယ်။ ခန္ဓာကိုယ်ထဲမှာ ကယ်လစီယမ်များများရရှိမှသာ ဒီအရာက ဖြစ်နိုင်ပါတယ်။
လက်တွေ့ကျခြင်းက အဓိကအချက်ဖြစ်ပါတယ်၊ အချို့သော အသက်အရွယ်ရောက်ပြီးနောက်မှာ အရပ်ကို နှစ်ဆတိုးလာဖို့က မဖြစ်နိုင်တော့ပေမယ့် မဆုတ်မနစ်ဇွဲနှင့် စည်းကမ်းဖြင့် သင့်ခန္ဓာကိုယ်ကို လက်မအနည်းငယ်တိုးနိုင်ပါတယ်။
Lifestyle_Myanmar
LM_Nandar
Source-stylecraze