ဇီးသီးခြောက်စားပေးခြင်းကြောင့် ခန္ဓာကိုယ်အတွက် ရရှိလာစေမယ့် အကျိုးကျေးဇူးများ
auntymay.com
|
2021-01-26

ဇီးသီးခြောက်က ဝိတ်ကိုကျစေပြီး အစာခြေလမ်းကြောင်း၊ အရိုး၊ သွေးလည်ပတ်မှုနဲ့ တစ်ခြားများစွာသော ကောင်းကျိုးတွေ ရှိလို့နေပါတယ်။ တစ်နေ့ကို ဇီးသီးခြောက် ခြောက်လုံးစားပေးခြင်းက မယုံနိုင်လောက်အောင် အကျိုးကျေးဇူးများစေတယ်လို့ သိရပါတယ်နော်။

များစွာသော ခန္ဓာကိုယ်လုပ်ဆောင်မှုတွေကို ထောက်ပံ့ပေးတယ်

shutterstock/CKP1001

ဇီးသီးခြောက်မှာ potassium ဓာတ်တွေများစွာပါဝင်လို့ ခန္ဓာကိုယ်ရဲ့ ရောဂါတွေကို တိုက်ထုတ်ပေးပါတယ်။ လေဖြတ်ခြင်းမဖြစ်ပေါ်အောင် တားဆီးပေးပြီး အရိုးနဲ့ ကြွက်သားကျန်းမာရေးတွေကို လုပ်ဆောင်ပါတယ်။ ဒါကြောင့် ဇီးသီးခြောက်ကို အဟာရပြည့်ဝတဲ့ အစိမ်းရောင် အသီးအရွက်တွေ၊ ငှက်ပျောသီး၊ ပန်းသီး စတဲ့အသီးအနှံတွေလို စားပေးသင့်ပါတယ်။

သွေးအတွက် ကောင်းမွန်စေတယ်

shutterstock/adike

ခန္ဓာကိုယ်မှာ သံဓာတ်အလုံအလောက်မရရှိတဲ့အခါ anemia လို့ခေါ်တဲ့ သွေးအားနည်းရောဂါကို ဖြစ်ပေါ်လာစေပါတယ်။ အဲဒီနောက်မှာတော့ မောပန်းနွမ်းနယ်ခြင်း၊ နှလုံးမှာ ပြသနာဖြစ်ပေါ်တာတွေ ဖြစ်လာတတ်စေတာပါပဲ။ ဇီးသီးခြောက်မှာ သံဓာတ်မြင့်မားစွာပါဝင်လို့ ဒီပြသနာကို ဖြေရှင်းဖို့ အကောင်းဆုံးနည်းပဲ ဖြစ်ပါတယ်။

အစာခြေစနစ်ကို ကောင်းမွန်စေတယ်
ဇီးသီးခြောက်မှာ အမျှင်ဓာတ်တွေပါဝင်ပြီး အစာခြေစနစ်ကို ကျန်းမာစေပါတယ်။ သူ့မှာပါဝင်တဲ့ ဓာတ်တွေက သဘာဝမ်းနုတ်ဆေးလိုမျိုး ဖြစ်စေလို့ တစ်နေ့ကို ခြောက်လုံးထက် ပိုမစားသင့်ပါဘူး။

ဝိတ်ကျစေနိုင်တယ်

shutterstock/VGstockstudio

အမျှင်ဓာတ်တွေပါဝင်နေတဲ့ အတွက်ကြောင့် မကြာခဏ ဗိုက်ဆာခြင်းမျိုး မဖြစ်ပေါ်စေလို့ ဝိတ်ကိုထိန်းချုပ်နိုင်ပါတယ်။ လေ့လာချက်တွေအရ ဇီးသီးခြောက်စားပြီး ဆယ့်နှစ်ပတ်အကြာမှာ ပေါင် 4.4 ပေါင်အထိ ကျသွားတာကို တွေ့ရပါတယ်။

အရိုးတွေကို သန်မာစေတယ်

shutterstock/ESB Professional

အထူးသဖြင့် အမျိုးသမီးတွေဟာ အသက်အရွယ်ကြီးလာတာနဲ့ တစ်ပြိုင်နက် အရိုးတွေကြွပ်ဆတ်ခြင်းတွေ ဖြစ်ပေါ်လာတတ်ပါတယ်။ ဇီးသီးစားခြင်းဟာ ဒီအရိုးပွခြင်း၊ အရိုးကြွပ်ဆတ်ခြင်းတွေကို ကာကွယ်နိုင်တယ်လို့ သုတေသနပြုချက်တွေအရ သိရပါတယ်။ ဒါကြောင့် ဇီးသီးခြောက်ဟာ အရမ်းကို ခန္ဓာကိုယ်အတွက် အကျိုးရှိတဲ့ အစားအစာပဲ ဖြစ်ပါတယ်။

Khin


#အရိုး
#ခန္ဓာကိုယ်
#သံဓာတ်
#အမျှင်
#ပြသနာ

Some text some message..