Folliculitis ( မွေးနုအိတ်များ ရောင်ရမ်းခြင်း )
healthcare.com.mm
|
2021-01-28


Folliculitis သည် ဘက်တီးရီးယား (သို့) မှိုကြောင့် ဖြစ်သော အရေပြားတွင် အဖြစ်များသော မွေးနုအိတ်များ ရောင်ရမ်းခြင်း ဖြစ်သည်။ လက္ခဏာများလက္ခဏာများ အနေဖြင့်- မွေးနုအိတ် ပတ်ပတ်လည်တွင် အနီရောင် အဖုငယ်များ အစုလိုက် ဖြစ်လာခြင်း/ ဝက်ခြံကဲ့သို့ အဖြူရောင် အလုံးများ ပေါက်လာခြင်း- ပြည်တည်လာခြင်း- အရေပြား နီရဲကာ ရောင်ရမ်းလာခြင်း- ယားယံခြင်း- နာကျင်ခြင်း- တဖြည်းဖြည်း ရောင်ရမ်းပြီး ကြီးလာခြင်းတို့ ဖြစ်တတ်သည်။ ဖြစ်ပွားရသောအကြောင်းရင်းများStaphylococcus aureus ဆိုသော ဘက်တီးရီးယားကြောင့် အများဆုံး အဖြစ်များပြီး ဗိုင်းရပ်စ်၊ မှိုနှင့် မကြီးထွားသော အမွေးများ ရောင်ရမ်းခြင်းကြောင့်လည်း ဖြစ်စေနိုင်ပါသည်။ ထို့ပြင်. အမွေးရိတ်ခြင်း/ အဝတ်အထည် ကျပ်ကျပ်များ ဝတ်ခြင်းကြောင့် အ ရေပြား ပြတ်ရှ၍လည်းကောင်း. အပူနှင့် ချွေးများကြောင့် လည်းကောင်း. အရေပြား ရောဂါများ ဥပမာ - အရေပြားရောင်ရမ်းခြင်းနှင့် ဝက်ခြံပေါက်ခြင်းကြောင့်လည်းကောင်း. အရေပြားကို တစ်ခုခုဖြင့် ပြတ်ရှရာမှလည်းကောင်း. ပလပ်စတစ်/တိပ်များဖြင့် အရေပြားကို ဖုံးအုပ်ထားခြင်းကြောင့်လည်းကောင်း မွေးနုအိတ်ရောင်ရမ်းခြင်း ဖြစ်ပေါ်နိုင်ပါသည်။ ဖြစ်နိုင်ချေများသူများမည်သူမဆို ဖြစ်ပွားနိုင်သော်လည်း အောက်ပါအချက်များ ဖြစ်သော- ဆီးချိုရောဂါ၊ သွေးကင်ဆာရောဂါနှင့် HIV/AIDS ရောဂါရှိသူများ- ဝက်ခြံ (သို့) အရေပြားရောင်ရမ်းသူများ- အရေပြား ထိခိုက်ဒဏ်ရာ ရဖူးခြင်း/ ခွဲစိတ်မှု ပြုလုပ်ဖူးခြင်း- စတီးရွိုက်ဆေးများ ကြာရှည်စွာ လိမ်းခြင်း- အဝလွန်နေသူများ- ရာဘာလက်အိတ်နှင့် လည်ရှည်ဖိနပ် ဝတ်ဆင်လေ့ရှိသူများ- ရေပူကန်ထဲတွင် စိမ်လေ့ရှိသူများ- အမွေးရိတ်သူများတွင် ပို၍ ဖြစ်နိုင်ချေ များပါသည်။ နောက်ဆက်တွဲပြဿနာများFolliculitis ၏ နောက်ဆက်တွဲ ပြဿနာများအနေဖြင့်. ထပ်ခါ တလဲလဲ ပြန်ဖြစ်ခြင်းနှင့် ပိုးများ ပျံ့သွားခြင်း. ပိုးဝင်သော အရေပြားပေါ်တွင် ကြီးပြီး ယားယံသော အကွက်များ ပေါ်ခြင်း. အရေပြား အောက်တွင် အနာစိမ်းများ ပေါက်ခြင်း. အမာရွတ်များ၊ အမဲစက်များ ဖြစ်လာခြင်းနှင့်. အမွေးအိတ်များ ပျက်စီးသွားကာ အမွေးများ ကျွတ်သွားခြင်းတို့ဖြစ်နိုင်ပါသည်။ ဆရာဝန်နှင့်သွားရောက်ပြသသင့်သောအချက်များလက္ခဏာများသည် တခြားနေရာများသို့ ပျံ့သွားခြင်း (သို့) ရက်အနည်းငယ် ကြာသည့်အထိ မသက်သာသေးပါက ဆရာဝန်ထံ သွားရောက်၍ ဆေးကုသမှု ခံယူရန် လိုအပ်ပါသည်။ စစ်ဆေးမှုများစစ်ဆေးမှုများ အနေဖြင့် ရောဂါအခြေအနေအကြောင်း မေးမြန်းခြင်း၊ အရေပြားအား စမ်းသပ်ခြင်းများအပြင် လိုအပ်ပါက အရေပြားမှ နည်းနည်းခြစ်ယူကာ ဓာတ်ခွဲခန်းသို့ ပို့၍စစ်ဆေးရမည်။ ကုသခြင်းFolliculitis အား ကုသရာတွင် ရောဂါအခြေအနေပေါ် မူတည်၍ ကုသမှုများ ပြောင်းလဲနိုင်သည်။ ဘက်တီးရီးယားပိုးကြောင့် ဖြစ်လျှင် ပိုးသတ်ဆေးခရင်မ်များ လိမ်းပေးခြင်း၊ ပိုးသတ်ဆေးများ သောက်ပေးခြင်း၊ မှိုကြောင့်ဆိုပါက မှိုလိမ်းဆေးခရင်မ်၊ ရှမ်ပူနှင့် သောက်ဆေးများ သောက်ခြင်းနှင့် ရောင်ရမ်းခြင်း သက်သာစေရန် အရောင်က ျ ဆေးများ သောက်ပေးနိုင်သည်။ရောဂါ ပြင်းထန်ပါက အသေးစား ခွဲစိတ်မှုများ ပြုလုပ်ခြင်း၊ ဆေးခရင်မ် တစ်မျိုးမျိုး လိမ်း၍ အလင်းဖြင့်ကုသခြင်း (Photodynamic therapy)နှင့် လေဆာနည်းပညာဖြင့် အမွေးများ ဖယ်ရှားခြင်း အစရှိသည်တို့ဖြင့် ကုသနိုင်သည်။ ကာကွယ်ခြင်းFolliculitis နောက်တစ်ကြိမ် ပြန်ဖြစ်ခြင်းမှ ကာကွယ်နိုင်ရန် အောက်ပါအချက်များ ဖြစ်သော. တင်းကျပ်သော အဝတ်အစားဝတ်ခြင်းမှ ရှောင်ကြဉ်ခြင်း. ရာဘာလက်အိတ်များကို ဆပ်ပြာနှင့် စင်ကြယ်အောင်ဆေး၍ အခြောက်ခံခြင်း. အမွေးရိတ်လျှင် သေချာစနစ်တကျ ရိတ်ခြင်းနှင့်. ရေချိုးကန်များကို သန့်သန့်ရှင်းရှင်း ထားခြင်း အစရှိသည်တို့ကို လိုက်နာသင့်ပါသည်။ Credit : Paingသင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။   


#အရေပြား
#အမွေး
#လက်အိတ်
#ရေပူကန်
#လက္ခဏာ

Some text some message..