
မိန်းကလေးတွေမှာ အဲဒါတစ်ခုကတော့ တာ်တော်လေးကို ထူးဆန်းပါတယ်။ Sixth sense ဆိုတဲ့ အလိုလိုသိမြင်စိတ် ဆဌမအာရုံဆိုတာရှိနေတာပါပဲ။ ဒီတော့ မိန်းကလေးမှန်ရင် ဘယ်လိုမျိုး ဆဌမအာရုံတွေ ရတတ်သလဲဆိုတာ ကြည့်လိုက်ကြရအောင်။
(၁) သူလိမ်နေတာ
အထူးသဖြင့် ကောင်လေးတွေ လိမ်နေပြီဆိုရင် ကောင်မလေးတွေကပိုပြီး သိတတ်ကြပါတယ်။ ဒီကောင်လေး မဟုတ်မဟတ်တွေပြောနေတာလား၊ တကယ်ပဲ ဖြစ်နေတာတွေကို ပြောပြနေတာလားဆိုတာကို စကားပြောပုံနားထောင်ရုံနဲ့တင်ကို ခွဲခြားလို့ရနေပါပြီ။

Freepik- asier_relampagoestudio
(၂) ကိုယ့်ကို မနာလိုတဲ့လူ
တစ်ယောက်ယောက်ရဲ့ အကြည့်ကို တွေ့လိုက်တာနဲ့တင် ဒီတစ်ယောက်က ငါ့ကို ကြည့်လို့မရနေဘူး။ ငါ့ရဲ့ ဘယ်အရာကိုတော့ မနာလိုနေတာပဲဆိုပြီး ရိပ်စားမိတတ်ကြပါတယ်။ ထင်လိုက်ပြီဆိုတာနဲ့ မလွဲတတ်ဘူးနော်။
(၃) ကိုယ့်အကြောင်းပြောနေရင်
ကွယ်ရာကနေ ကိုယ့်အကြောင်း ပြောပြီး အတင်းတုတ်နေတာကိုလည်း မိန်းကလေးတွေက ခံစားမိတတ်ကြပါတယ်။ တော်တော်လည်းတော်တဲ့ မိန်းကလေးတွေ။

(၄) ရာသီလာတော့မယ်ဆိုရင်
ဓမ္မတာကိစ္စတွေမှာလည်း မိန်းကလေးတွေရဲ့ ဆဌမအာရုံဟာ အလုပ်ဖြစ်တတ်ကြပါတယ်။ ရက်တွက်တာတွေ ဘာတွေမဟုတ်ဘူးနော်။ တစ်ခါတစ်လေကျရင် ကြိုသိပြီးတော့ ခေါင်းတောင်လျှော်တတ်ကြသေးတယ်။
(၅) ကိုယ့်ကို ကြိတ်ကြွေနေတာလား
ရိုးရိုးသားသားခင်မင်တာနဲ့ ကိုယ့်ကို ကြိတ်ကြွေနေတဲ့ ကောင်လေးဆိုရင် မိန်းကလေးတွေရဲ့ မသိစိတ်ထဲမှာ အလိုလိုကို ခွဲခြားပြီး သိမြင်တတ်ကြပါတယ်နော်။ မယုံမရှိနဲ့ အမှန်ပဲ။

Freepik- cookie_studio
(၆) တစ်စုံတစ်ယောက်က ကြည့်နေတာမျိုး
သင့်ကိုတစ်စုံတစ်ယောက်က စိုက်ကြည့်နေပြီဆိုတာကိုလည်း သိတတ်ကြသေးတယ်ဆို။ နောက်ကျောမလုံလို့ အဲဒီနေရာကို ကြည့်လိုက်ပြီဆိုရင် ကိုယ့်ကို စိုက်ကြည့် ဒါမှမဟုတ် ခိုးကြည့်နေတာကိုတွေ့ရမှာပါ။
penny