
ရေချိုးခန်းထဲမှာမထားသင့်တဲ့ပစ္စည်းတွေနဲ့ ထားပုံထားနည်းအမှားတွေကို ပြောပြပေးလိုက်ပါတယ်။ ဒါ့အပြင် ရေချိုးခန်းထဲမှာ ဘာကြောင့် ဒီပစ္စည်းတွေကိုမထားသင့်လဲ၊ ဘယ်လိုထားရမလဲဆိုတာကိုပါ ပြောပြပေးလိုက်ပါတယ်။
ဆပ်ပြာ
ရေချိုးခန်းထဲမှာ ဆပ်ပြာထားပုံထားနည်းမှန်ဖို့ အရေးကြီးပါတယ်။ ဥပမာ Shower အောက်နားမှာ၊ ရေကျတဲ့နေရာနားမှာ ဆပ်ပြာကိုတင်ထားမယ်ဆိုရင် ဆပ်ပြာလည်းခဏလေးနဲ့ကုန်မယ်၊ ဆပ်ပြာရည်တွေကျပြီးတော့လည်း ချော်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် Shower နဲ့ဝေးတဲ့နေရာမှာထားပါ။ ဒါ့အပြင် ဆပ်ပြာကိုထည့်တဲ့အခါမှာ အပေါက်ပါတာမျိုးကိုသုံးပေးပါ။ ဒါမှ ရေစစ်ကျပြီး ဆပ်ပြာတွေခဏလေးနဲ့ မကုန်မှာပါ။
Towel
ရေချိုးပြီးရင်သုတ်ဖို့အတွက် တော်တော်များများက Towel ကို ရေချိုးခန်းထဲမှာ အလွယ်ချိတ်ထားတာမျိုး လုပ်တတ်ကြပါတယ်။ ဒီလိုလုပ်တာဟာ Towel မှာ ဘတ်တီးရီးယားတွေ ကပ်စေပါတယ်။ ဒါကြောင့် ကိုယ်သုတ်မယ့် Towel ကို အိပ်ခန်းထဲမှာပဲ သေချာ သပ်သပ်ရပ်ရပ်လေးချိတ်ပြီးထားပါ။
Razors
Razors တွေကိုလည်း တော်တော်များများက ရေချိုးခန်းထဲမှာပဲထားတတ်ကြပါတယ်။ ရေချိုးခန်းထဲမှာ ဘယ်လောက်ပဲသပ်သပ်ရပ်ရပ်နဲ့ ဘူးထဲထည့်ပြီးထားလည်း ရေငွေ့ပြန်တာတွေ၊ ရေစင်တာတွေ၊ ရေထိတာတွေကြောင့် ခဏလေးနဲ့ သံချေးတတ်စေပါတယ်။ ဒါကိုပြန်သုံးမယ်ဆိုရင် ကိုယ့်အသားအရေပဲ ထိခိုက်ပျက်စီးစေပါတယ်။ အခန့်မသင့်ရင် ဓားထိလို့ သွေးထွက်တဲ့အခါမျိုးမှာ မေးခိုင်ပိုးဝင်တတ်ပါတယ်။ အကောင်းဆုံးကတော့ တစ်ခါသုံး Razor တွေပဲသုံးတာကောင်းပါတယ်။
ရေချိုးခန်းအဝင်အထွက်ဝတ်ရုံ
ရေချိုးခန်းအဝင်အထွက်ဝတ်ရုံတွေကို ရေချိုးခန်းထဲမှာချိတ်ထားရင် ဘတ်တီးရီးယားတွေကပ်ပြီး အနံ့တွေစွဲစေတာကြောင့် ရေချိုးခန်းထဲ မထားသင့်ပါဘူး။ အဲ့တာချိတ်ဖို့သပ်သပ် စင်လေးလုပ်ပြီးထားတာမျိုး၊ ကိုယ့်အခန်းထဲကိုယ်ထားတာမျိုး လုပ်လို့ရပါတယ်။
သွားပွတ်တံ
ရေချိုးခန်းနဲ့အိပ်သာတွဲရက်ဆိုရင် ရေချိုးခန်းထဲမှာ သွားပွတ်တံမထားသင့်ပါဘူး။ မမြင်နိုင်တဲ့ဘတ်တီးရီးယား ပိုးမွှားတွေနဲ့ အနံ့အသက်တွေ ကပ်ငြိနိုင်တဲ့အတွက် မသန့်ရှင်းပါဘူး။ ကျန်းမာရေးရှုထောင့်ကကြည့်ရင်လည်း လုံးဝမကောင်းပါဘူး။ ဒါကြောင့် ရေချိုးခန်းနဲ့အိပ်သာကတွဲရက်ဆိုရင် သွားပွတ်တံကို အပြင်မှာပဲထားပေးပါ။
Source: www.brightside.me