သင်မသိသေးပေမဲ့ ဒီအစားအစာတွေက ပေါက်စီကို ပိုကြီးစေနိုင်ပါတယ်
yathar.com
|
2021-03-31

မိန်းကလေးတွေအတွက် Bust ကြီးခြင်းမကြီးခြင်းက အရမ်းကြီးအရေးပါတာတော့မဟုတ်ပေမဲ့ ပုံမှန်အတိုင်း သဘာဝနည်းလမ်းနဲ့ ကြီးချင်တဲ့ မိန်းကလေးတွေရှိနိုင်ပါတယ်။ ဆေးလိမ်းတာမျိုးကိုလည်း အားမပေးသလို ဆေးသောက်တာမျိုးကလည်း ကျန်းမာရေးအတွက် မကောင်းပါဘူး။ ဒါပေမဲ့ သဘာဝအစားအစာမျိုးနဲ့ ကြီးအောင်လုပ်လို့ရနိုင်ပါတယ်။ ဒါဆိုရင်တော့ ဒီတစ်ခါ သဘာဝနည်းအတိုင်း ဖွံ့ထွားအောင်လုပ်ဖို့အတွက် ဒီအစာအစာလေးတွေပဲလိုအပ်ပါတယ်။


နွားနို့
နွားနို့တင်မကပါဘူး နို့ထွက်ပစ္စည်းတွေလည်းပါပါတယ်။ နောက်ထပ်နွားနို့နဲ့ အာနိသင်တူပြီးတော့ ရင်သားပိုကြီးစေတဲ့ဟာကတော့ ပဲနို့ပါပဲ။ ပဲနို့ကို မသောက်နိုင်လို့ ပဲစိမ်းစားပေးမယ်ဆိုရင်လည်း ရင်သားကို ကြီးထွားစေပါတယ်။


Nuts
သစ်ကြားသီးနဲ့ မြေပဲတို့လို အစေ့တွေကို စားမယ်ဆိုရင်လည်း ရင်သားကို ကြီးထွားစေပါတယ်။ ဘာလို့ဆို သူတို့မှာ Protein ဓါတ် ကြွယ်ဝစွာပါဝင်လို့ ရင်သားကို ပိုပြီး ကြီးထွားစေပါတယ်။ သူတို့က ရင်သားကို ကြီးထွားစေရုံတင်မက ဦးနှောက်ဖွံ့ဖြိုးဖို့အတွက်လည်း တကယ်ကို အရေးပါတဲ့ အသီး အစေ့တွေပါ။ အဲ့ဒါကြောင့် Nuts တွေက ကျန်းမာရေးအတွက်ဆိုရင် ဆုံးရှုံးတယ်ဆိုတာ မရှိလောက်အောင် ခန္ဓာကိုယ်အတွက် တကယ်ကို ကောင်းမွန်ပါတယ်။


အစိမ်းရောင်အသီးအရွက်များ
အစိမ်းရောင် အသီးအရွက်တွေမှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရတွေ အများကြီးပါဝင်ပါတယ်။ အစိမ်းရောင် အသီးအရွက်တိုင်းက ရင်သားကြီးထွားစေတာမဟုတ်ပေမဲ့ ပန်းဂေါ်ဖီစိမ်း နဲ့ ဟင်းနုနွယ်ရွက်လေးတွေကတော့ ရင်သားကြီးထွားစေတဲ့ အာနိသင်တွေပါဝင်ပါတယ်။


ပင်လယ်စာ
ပင်လယ်စာ အထူးသဖြင့် ပုစွန်၊ ဂုံး၊ ကမာကောင်တွေက Sex hormone ကို တိုးပွားစေတာကြောင့် ရင်သားကို ပိုပြီးကြီးထွားစေပါတယ်။ တကယ်လို့ နေ့စဉ်အစားအစာထဲမှာ သူတို့ကို စားပေးမယ်ဆိုရင်တော့ ကြာလာတဲ့အခါ Result ကို သေချာသိရမှာ ဖြစ်ပါတယ်။


အစေ့များ
နေကြာစေ့နဲ့ ဖရုံစေ့လို အစေ့တွေက ရင်သားကို ပိုပြီး ကြီးထွားစေပါတယ်။ 


ကွကျသား
ကြက်သားက ရင်သားကိုကြီးထွားစေတယ်ပြောရင် အံ့သြသွားကြမှာ ကျိန်းသေပါတယ်။ ဒါပေမဲ့ ကြက်သားကိုစားပေးခြင်းအားဖြင့် ရင်သားဟာ ပုံမှန်ထက်ပိုပြီးကြီးထွားစေတာ သေချာပါတယ်။ 

အဲ့ဒါကြောင့် ရင်သားကြီးထွားချင်တဲ့ မိန်းကလေးတွေအတွက် သဘာဝကနေရရှိနိုင်တဲ့ အစားအစာတွေကို စားပေးခြင်းအားဖြင့် ကျန်းမာပြီး လိုချင်တဲ့ အနေအထားရောက်နိုင်ကြပါစေနော်။The post

သင်မသိသေးပေမဲ့ ဒီအစားအစာတွေက ပေါက်စီကို ပိုကြီးစေနိုင်ပါတယ် first appeared on

yathar Magazine .


#ရင်သား
#အစေ့
#အသီးအရွက်
#နွားနို့
#ပင်လယ်စာ

Some text some message..