အိပ်ပျော်နေစဉ် လက်တွေထုံကျဉ်လာတာ ဘာ့ကြောင့်လဲ?
lifestylemyanmar.com
|
2021-07-09


ညသန်းခေါင်မှာ ခြေလက်တွေထုံကျဉ်ပြီး တရေးနိုးလာတာကို လူအများစု ကြုံဖူးကြပါတယ်။ တစ်ခါတစ်ရံမှာ ကျွန်တော်တို့ဟာ အပ်သေးသေးလေးတွေနဲ့ အရေပြားကိုထိုးဖောက်နေသလို ခံစားမှုမျိုးကိုလည်း ခံစားရနိုင်ပါတယ်။ ဒီဖြစ်စဉ်ကို ဆေးဘက်ဆိုင်ရာမှာတော့ paresthesia လို့သုံးနှုန်းကြပါတယ်။ ဒါက ဘာ့ကြောင့် ဖြစ်လာတာလဲ? ကျွန်တော်တို့စိုးရိမ်သင့်တဲ့အရာလား?
paresthesia ဟာ ခန္ဓာကိုယ်အစိတ်အပိုင်းအတော်များများမှာ ဖြစ်တတ်တယ်လို့ လေဖြတ်ခြင်းနှင့် အာရုံကြောရောဂါဆိုင်ရာ National Institute ဆိုပါတယ်။ ဒါက အိပ်ပျော်နေစဉ်မှာ ကိုယ့်ဖာသာ မသိလိုက်ဘဲ ခြေလက်တွေက အာရုံကြောတစ်ခုခုကို သွားဖိမိတာကြောင့် ဖြစ်ပါတယ်။ paresthesia က သူ့ဘာသာ ပျောက်သွားတတ်ပြီး အန္တရာယ်မရှိသော်လည်း မကြာခဏ ကြုံတွေ့ရတဲ့အခါ ၎င်းက နောက်ခံရောဂါတစ်ခု ဖြစ်လာနိုင်ပါတယ်။

paresthesia ဖြစ်နိုင်တဲ့ အကြောင်းရင်းများ

၁။ အိပ်စက်မှုအနေအထား

လက်ကို ခေါင်းအောက်ခုပြီး ပက်လက်အိပ်တာတို့၊ ခန္ဓာကိုယ်အောက်မှာ လက်ထားပြီး မှောက်ခုံအိပ်တာတို့၊ လက်မောင်းကို ခေါင်းခုပြီး ဘေးတစ်စောင်းအိပ်တာတို့က အာရုံကြောပေါ်မှာ ဖိအားဖြစ်ပေါ်စေနိုင်တဲ့ ညံ့ဖျင်းသော အိပ်စက်မှုအနေအထားတွေ ဖြစ်ပါတယ်။ ၎င်းတို့က သွေးစီးဆင်းမှုကို အနှောက်အယှက်ဖြစ်စေပြီး အာရုံကြောစနစ်က တရွရွဖြစ်စေတဲ့ ခံစားမှုနဲ့ တုံ့ပြန်ပါတယ်။




၂။ အာရုံကြောညှပ်ခြင်း

ulnar အာရုံကြောဟာ ပုခုံးကနေ တံတောင်ဆစ်အထိ run ရပြီး ကျွန်တော်တို့ လက်တွေ အာရုံခံစားခြင်းအတွက် တာဝန်ယူရပါတယ်။ လက်ကောက်ဝတ်နာကျင်ခြင်း၊ ဆုပ်ကိုင်မှုအားနည်းခြင်းနှင့် လက်ထုံခြင်းက ulnar အာရုံကြောကို ဖိမိခြင်း (သို့) အာရုံကြောညှပ်ခြင်း လက္ခဏာဖြစ်နိုင်ပါတယ်။ များသောအားဖြင့် နာကျင်မှုက သူ့ဘာသာပျောက်သွားတတ်သော်လည်း ၂ရက်ကျော်ကြာလာရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။




၃။ ဗီတာမင် B12 ချို့တဲ့ခြင်း

အသား၊ ငါး၊ ကြက်နှင့် နို့ထွက်ပစ္စည်းတွေမှာ တွေ့ရဲ့ ဗီတာမင် B12 ဟာ ကျွန်တော်တို့ရဲ့ အာရုံကြောတွေနဲ့ သွေးဆဲလ်တွေကို ကျန်းမာစေပါတယ်။ ခန္ဓာကိုယ်ထဲမှာ ဗီတာမင် B12 မရှိခြင်းက အာရုံကြောပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။

၄။ စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှု

စိုးရိမ်ပူပန်မှု (သို့) စိတ်ဖိစီးမှုခံရတဲ့အခါ ကျွန်တော်တို့ခန္ဓာကိုယ်က fight or flight ‘လို့ ခေါ်တဲ့’ ရင်ဆိုင်မလား၊ ထွက်ပြေးမလား ‘ တုံ့ပြန်မှုကို အသက်သွင်းပေးပါတယ်။ ဒီဇီဝကမ္မဆိုင်ရာ တုံ့ပြန်မှုက ကျွန်တော်တို့ရဲ့ ရှင်သန်မှုအတွက် ပိုအရေးကြီးသော ခန္ဓာကိုယ်အစိတ်အပိုင်းများသို့ သွေးစီးဆင်းမှုကို ပြန်လွှဲပြောင်းခြင်း ပါဝင်ပါတယ်။ အချို့သော နေရာတွေမှာ လည်ပတ်မှု လျော့နည်းလာခြင်းက အပ်တွေနဲ့ ထိုးသလို ခံစားရစေပါတယ်။ စိတ်ဖိစီးမှုက ကျွန်တော်တို့ရဲ့ ကြွက်သားတွေကို တင်းမာစေပြီး နာကျင်ကိုက်ခဲစေနိုင်ပါတယ်။

၅။ ငုပ်နေတဲ့ ဆေးဘက်ဆိုင်ရာ အခြေအနေတွေ

နာတာရှည် paresthesia ကခန္ဓာကိုယ်ရဲ့ ဦးနှောက်အာရုံကြောစနစ်ကို ထိခိုက်စေသော ဆေးဘက်ဆိုင်ရာအခြေအနေ လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။ ထုံခြင်းက ကြွက်သားအားနည်းခြင်း(သို့) အခြားလက္ခဏာတွေနဲ့ တွဲဖြစ်ပါက ဆရာဝန်နဲ့ ပြသခြင်းက အကောင်းဆုံးဖြစ်ပါတယ်။

paresthesia ကို ဘယ်လိုရှောင်ရှားမလဲ?
သင့်လက်မောင်းကို နိုးကြားစေပါ

ဖိအားကို ဖယ်ရှားလိုက်တာနှင့်အမျှ လက်အာရုံခံစားမှု ပြန်ရရှိပေမယ့် လက်ကိုလှုပ်ခြင်းက သွေးစီးဆင်းမှုကို တိုးစေဖို့ အထောက်အကူပြုနိုင်ပါတယ်။ သင့်လက်မောင်းတွေကို အပေါ်သို့ ဆန့်ထားလို့ရပါတယ်။ သင့်ခေါင်းကို ဘယ်ညာလှုပ်ယမ်းပါ။ လည်ပင်းက တင်းမာမှုကို လျော့ကျစေပြီး အာရုံကြောတွေကို လျှော့ချဖို့ ပုခုံးတွေကို အထက်၊အောက်ရွှေ့ပါ။



သင့်ရဲ့အိပ်စက်ပုံအနေအထားကို တိုးမြှင့်ပါ

လက်မောင်းနှင့်လက်အနေအထားကို စနစ်တကျထားပြီး ခန္ဓာကိုယ်အောက်မှာ ခေါက်အိပ်တာမျိုး ရှောင်ပါ။ သွေးစီးဆင်းမှုကို ချောမွေ့စေဖို့ လက်ကောက်ဝတ်တွေကို ဆန့်ထားပါ။ လက်မောင်းနှင့် တံတောင်ဆစ်တွေကို ကွေးထားတာက အာရုံကြောတွေပါ်မှာ ဖိအားရောက်နိုင်တာကြောင့် fetal position အိပ်တာကို ရှောင်ပါ။



ကျန်းမာတဲ့ လူနေမှုပုံစံကို မွေးမြူပါ

ပုံမှန်လေ့ကျင့်ခန်းလုပ်တာက သွေးလည်ပတ်မှုကို ကူညီပေးပြီး နှလုံးသွေးကြောဆိုင်ရာကျန်းမာရေးကို တိုးစေပါတယ်။ ကောင်းမွန်သော အစာစားခြင်းအလေ့အထက ဗီတာမင်ချို့တဲ့မှုကို ရှောင်ရှားဖို့နှင့် နာကျင်မှုဝေဒနာကို လျော့နည်းစေပါတယ်။
ချက်ချင်းဂရုစိုက်ဖို့ လိုအပ်တဲ့ သတိပေးလက္ခဏာတွေလားဆိုတာ ရှာဖွေပါ

ရုတ်တရက် ထုံကျင်တာက လေဖြတ်ခြင်းရဲ့လက္ခဏာတစ်ခုလည်း ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် paresthesia က မူးဝေခြင်း၊ တုံ့ဆိုင်းခြင်း၊ စကားပြောခက်ခဲခြင်း ၊ ဟန်ချက်ပျက်ခြင်းနှင့် အပြင်းအထန်ခေါင်းကိုက်ခြင်းနှင့် တွဲဖြစ်ရင် အရေးပေါ်အကူအညီရှာပါ။

Lifestyle_Myanmar
LM_nandar


Source-brightside


#အာရုံကြော
#ခန္ဓာကိုယ်
#လက္ခဏာ
#အိပ်စက်
#တံတောင်ဆစ်

Some text some message..