
ဗီတာမင်ဆိုသည်မှာ ဆဲလ်များ၏ ပုံမှန်လုပ်ငန်းဆောင်တာများ၊ ကြီးထွားမှုများနှင့် ဖွံ့ဖြိုးမှုတို့အတွက် လိုအပ်သော ပစ္စည်းတစ်မျိုးဖြစ်ပါသည်။ တစ်နည်းဆိုသော် ခန္ဓာကိုယ်က ၎င်းလုပ်ဆောင်ရမည့်လုပ်ငန်းများကို အဆင်ပြေစွာ လုပ်ဆောင်နိုင်ရန် လိုအပ်သောအရာများဟု ခေါ်ဆို၍ရပါသည်။ ဗီတာမင်များအနက် အောက်ဖော်ပြပါတို့သည် အမျိုးသမီးများအတွက် နေ့စဉ်လိုအပ်သည့် ဗီတာမင် (၁၀) မျိုးဖြစ်ပါသည်။
၁။ Probiotics
Probioticsဓာတ်ပေါကြွယ်ဝသော အစားအစာများမှာ ကင်မ်ချီနှင့် ဒိန်ချဉ်တို့ဖြစ်ပါသည်။ Probiotics ကို ထိုအစားအစာများစားခြင်းဖြင့်လည်းကောင်း၊ ဖြည့်စွက်သောက်ဆေးများသောက်ခြင်းဖြင့် လည်းကောင်း ရရှိနိုင်ပါသည်။
Probiotics ဓာတ်၏ ကောင်းကျိုးများမှာ
အူလမ်းကြောင်းရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးခြင်း
အသားအရေလှပစေခြင်း
စွမ်းအင် ပိုမိုရရှိစေခြင်း
ခန္ဓာကိုယ်အလေးချိန် ကျဆင်းစေခြင်းတို့ဖြစ်ပါသည်။
Probiotics ချို့တဲ့လျှင်
အူလမ်းကြောင်းအတွင်း မကောင်းသော ဗက်တီးရီးယားများ အလွန်အကျွံ ပေါက်ပွားခြင်း
ခန္ဓာကိုယ် အလေးချိန် တက်ခြင်း
ထိုင်းမှိုင်းလေးလံခြင်း
အူလမ်းကြောင်းဆိုင် ရောဂါများဖြစ်ခြင်းစသည်တို့ ဖြစ်ပွားကြောင်းတွေ့ရှိရပါသည်။
၂။Vitamin D3
Vitamin D3 သည် အစားအစာများတွင် ပေါများစွာတွေ့ရှိရသော ဗီတာမင်မျိုး မဟုတ်ပါ။ Vitamin D3 ကို ရရှိရန် နေရောင်ခြည်နှင့် ထိတွေ့ရန် လိုအပ်ပါသည်။
Vitamin D3 ၏ကောင်းကျိုးများမှာ
အရိုးကျန်းမာခြင်းကို အထောက်အကူပြုခြင်း
ခန္ဓာကိုယ်အတွက် စွမ်းအင်ရရှိခြင်း
စိတ်ကျရောဂါကို ကာကွယ်ပေးခြင်း
စိတ်ကျန်းမာရေးကို ကောင်းမွန်စေခြင်း တို့ဖြစ်ပါသည်။
ဗီတာမင် D3 ချို့တဲ့လျှင်
နေမကောင်းဖြစ်လွယ်ခြင်း
မောပန်းနွမ်းနယ်လွယ်ခြင်း
အသားအရေဖြူဖျော့ခြင်းတို့ ဖြစ်နိုင်ကြောင်းတွေ့ရှိရပါသည်။
၃။ သံဓာတ်
သက်သတ်လွတ်စားသူများတွင် သံဓာတ်ချို့တဲ့နိုင်ကြောင်းတွေ့ရှိရပါသည်။ အဘယ်ကြောင့်ဆိုသော် သံဓာတ်ကို အသားများ အထူးသဖြင့် အမဲသားများတွင် ပေါကြွယ်ဝစွာ တွေ့ရှိရသောကြောင့်ဖြစ်ပါသည်။ သို့သော် ဒေါက်ခွရွက်၊ ရွှေဖရုံသီးစေ့များ ၊ ဥများနှင့် တိုဖူး၊ ပဲပြားများတွင်လည်း သံဓာတ်ပါဝင်ကြောင်းတွေ့ရှိရပါသည်။
သံဓာတ်၏ကောင်းကျိုးများမှာ
စွမ်းအင်ရရှိခြင်း
သွေးနီဥကောင်းစွာ ထုတ်လုပ်နိုင်ခြင်း တို့ဖြစ်ပါသည်။
သံဓာတ်မလုံလောက်လျှင်
စွမ်းအင်မလုံလောက်ခြင်း
ဆံပင်ကျွတ်ခြင်း
သွေးနီဥအရေအတွက် လျော့နည်းခြင်း
သွေးအားနည်းခြင်း စသည်တို့ ဖြစ်လာနိုင်ကြောင်းတွေ့ရပါသည်။
၄။Calcium
Calcium ဓာတ်ပေါများစွာပါဝင်သော အစားအစာများမှာ နို့ထွက်ပစ္စည်းများ၊ ပဲနို့၊ တိုဖူး နှင့် ဗာဒံသီးများဖြစ်ပါသည်။
ကယ်လ်ဆီယမ်ပါဝင်သော ဆေးများကိုသောက်သုံးခြင်းထက် ကယ်လ်ဆီယမ်ပေါကြွယ်ဝသော အစားအစာများကို စားသုံးခြင်းက ပို၍သင့်တော်ပါသည်။ အဘယ်ကြောင့်ဆိုသော် သောက်ဆေးများသည် အစာအိမ်နှင့်အူလမ်းကြောင်းကို ထိခိုက်စေနိုင်သောကြောင့် ဖြစ်ပါသည်။
၎င်းဓာတ်သည် အရိုးနှင့် သွားကျန်းမာရေးအတွက် အလွန်အထောက်အကူပြုသော ဓာတ်တစ်မျိုးဖြစ်ပါသည်။
ကယ်လ်ဆီယမ်ချို့တဲ့လျှင်
သွေးတွင်း ကယ်လ်ဆီယမ်ဓာတ်လျော့နည်းခြင်း
အရိုးပွခြင်း
အားနည်းခြင်းများဖြစ်နိုင်ကြောင်းတွေ့ရှိရပါသည်။
၅။Magnesium (မဂ္ဂနီဆီယမ် )
မဂ္ဂနီဆီယမ် ဓာတ်သည် အောက်ဖော်ပြပါအစားအစာများဖြစ်သော ဗာဒံသီး ၊ပဲနို့၊ ဒေါက်ခွ၊ တိုဖူးနှင့် ထောပတ်သီးတို့တွင် ပေါများစွာပါဝင်သော ဓာတ်တစ်မျိုးဖြစ်ပါသည်။
၎င်း၏ကောင်းကျိုးများမှာ
ပို၍ နှစ်ခြိုက်စွာ အိပ်ပျော်ခြင်း
ကြွက်သားများသန်စွမ်းခြင်း
သွေးတွင်းသကြားဓာတ်ထိန်းပေးခြင်းစသည်တို့ဖြစ်ပါသည်။
၎င်းဓာတ်ချို့တဲ့လျှင်
အစားအစာ စားချင်စိတ်မရှိခြင်း
ပျို့အန်ခြင်း
မောပန်းနွမ်းနယ်ခြင်း
အားနည်းခြင်း
ကြွက်သားအားနည်းခြင်း စသော ရောဂါလက္ခဏာများခံစားရတတ်ကြောင်းတွေ့ရှိရပါသည်။
၆။Zinc (ဇင့်)
Zinc ဓာတ်ကို အသား၊ ရွှေဖရုံသီး အစေ့များ၊ ဗာဒံသီးနှင့် ကမာကောင် စသော အစားအစာများ တွင် အများဆုံးတွေ့ရှိရပါသည်။
Zinc ၏ကောင်းကျိုးများမှာ
ခုခံအားစနစ်ကောင်းမွန်ခြင်း
ကာဗိုဟိုက်ဒရိတ် ၊ အသားဓာတ်နှင့်အဆီဓာတ်များကို အသုံးပြု၍ စွမ်းအင်ထုတ်ပေးခြင်း စသောကောင်းကျိုးများ ရှိကြောင်းတွေ့ရှိရပါသည်။
၎င်းဓာတ်ချို့တဲ့လျှင်တွေ့ရသော လက္ခဏာများမှာ
ဆံပင်ကျွတ်ခြင်း
ဝမ်းလျှောခြင်း
နေမကောင်းဖြစ်လွယ်ခြင်းတို့ ဖြစ်ပါသည်။
၇။Folate
Folateဓာတ်ကို အောက်ပါ အစားအစာများကို စားခြင်းဖြင့် ရရှိနိုင်ပါသည်။
အစိမ်းရောင် ရှိသောဟင်းသီးဟင်းရွက်များ
ပဲအမျိုးမျိုးနှင့်
ထောပတ်သီးတို့ဖြစ်ပါသည်။
၎င်း၏ကောင်းကျိုးများမှာ
အရေပြားကျန်းမာရေး
လက်သည်းကျန်းမာရေးနှင့်
အစာအိမ် အူလမ်းကြောင်းကျန်းမာရေးကို များစွာ အထောက်အကူပြုပါသည်။
၎င်းဓာတ်ချို့တဲ့လျှင်
အသားအရေ မကောင်းခြင်း
ဆံပင်ကျွတ်ခြင်း
လက်သည်းအရောင်ပြောင်းခြင်း
အစာအိမ်အူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာခံစားရခြင်းတို့ဖြစ်တတ်ပါသည်။
၈။ Biotin ( ဘိုင်အိုတင် )
Biotin ဓာတ်ပေါကြွယ်ဝသော အစားအစာများမှာ အသား၊ ငါး ၊ ဥ ၊အစေ့များ၊ ပဲအမျိုးမျိုးနှင့် ဟင်းသီးဟင်းရွက် အချို့ (ဥပမာ ကန်စွန်းဥ )တို့ ဖြစ်ပါသည်။
၎င်း၏ကောင်းကျိုးများမှာ
ဆံပင်နှင့်လက်သည်းကျန်းမာရေး
ကိုယ်ဝန်ဆောင်မိခင်တို့၏ကျန်းမာရေး
သွေးတွင်းသကြားဓာတ်ထိန်းပေးခြင်း စသော ကောင်းကျိုးများရှိပါသည်။
Biotin ဓာတ်ချို့တဲ့လျှင်
ဆံပင်ကျွတ်ခြင်း
မျက်စိနာခြင်း
နီရဲခြောက်သွေ့သော အရေပြားအကွက်များ မျက်စိ၊ နှာခေါင်း နှင့် ပါးစပ်နားတွင် ပေါ် ထွက်လာခြင်း တို့ ဖြစ်လာနိုင်ကြောင်း တွေ့ရှိရပါသည်။
၉။ Vitamin B 12
B 12 သည် အသားများ အထူးသဖြင့် အမဲသားများတွင် ပါဝင်သော ဗီတာမင်ဓာတ်ဖြစ်ပါသည်။
ထို့ကြောင့် သက်သတ်လွတ် စားသူများချို့တဲ့တတ်သော ဓာတ်ဖြစ်သောကြောင့် သတ်သတ်လွတ်စားသူများသည် Vitamin B 12 အားဆေးများ သောက်ပေးရန် လိုအပ်ပါသည်။
B 12 သည် ခန္ဓာကိုယ်အတွက် လိုအပ်သော စွမ်းအင်ကို အဆီဓာတ်၊ အသားဓာတ်နှင့် ကဆီဓာတ်များကို ဖြိုခွဲပေးခြင်းဖြင့် ထုတ်လုပ်ပေးနိုင်ပါသည်။
၎င်းဓာတ်ချို့တဲ့သူများသည်
လျှာရောင် ရမ်းခြင်း
ပါးစပ်အနာပေါက်ခြင်း
ထုံကျင်ခြင်း
မျက်စိအမြင်အာရုံဝါးခြင်း
စိတ်ကျရောဂါ ခံစားရခြင်း စသော လက္ခဏာများတွေ့ရှိရပါသည်။
၁၀။ Omega- 3
၎င်းဓာတ်သည် ငါးများတွင် ပါဝင်သော ကျန်းမာရေးအတွက်ေကာင်းကျိုးပေးသော အဆီဓာတ်တစ်မျိုးဖြစ်ပါသည်။
Omega- 3 ကို စားသုံးပေးခြင်းဖြင့်
နှလုံးရောဂါ
စိတ်ကျရောဂါ
မှတ်ဉာဏ်ကျရောဂါနှင့်
အရိုးအဆစ်ရောင်သောရောဂါများကို ကာကွယ်ပေးနိုင်ကြောင်းေတွ့ရှိရပါသည်။
အထက်ပါ ဗီတာမင်ဓါတ်များကို တတ်နိုင်သလောက် နေ့စဉ်ပါဝင်အောင် စားပေးခြင်းအားဖြင့် ပိုမိုကောင်းမွန်သော ကျန်းမာခြင်ကို တည်ဆောင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ရပါသည်။
Author : Dr. CK
ဆရာဝန်ကြီးများနှင့်မေးမြန်းရာမှာ အသုံးပြုနိုင်ဖို့ အပ်ပလီကေးရှင်း ဒေါင်းလုပ် လုပ်ပြီး လက်ဆောင် ၁၅ ပွိုင့်ပါ တခါတည်း ရယူလိုက်ပါ