ဒူး တံတောင်ဆစ်မည်းတာတွေကို အိမ်တွင်းနည်းနဲ့ ဘယ်လိုကုသလဲ
mystylemyanmar.com
|
2021-08-04

ခန္ဓာကိုယ်အစိတ်အပိုင်းပေါ်မှာရှိတဲ့ ဒူး၊ တံတောင်ဆစ်၊ ဂျိုင်း စတဲ့နေရာတွေဟာ ညိုမဲစွဲတတ်တဲ့နေရာလည်းဖြစ်ပါတယ်။ မိန်းကလေးအများစုက ဒီလိုမျိုး မည်းတာတို့၊ ညိုတာတို့ဆိုရင် အတိုဝတ်တဲ့အခါမျိုးရင် စိတ်ရှုပ်ရပါတယ်နော်။ စကတ်အတိုတွေ ဝတ်တဲ့အခါမျိုးဆို ဒူးမည်းတာတွေကို လိုက်ဖုံးရတာကလည်း အလုပ်တစ်လုပ်ပေါ့နော်။

ဒီလိုမျိုးမဖြစ်အောင် သဘာဝနည်းလမ်းတွေနဲ့ဘယ်လိုကုသလို့ရမလဲဆိုတာကို မျှဝေပေးချင်ပါတယ်။


နနွင်းမှုန့် + ပျားရည်




နနွင်းမှုန့်နှစ်ဇွန်းကို ပျားရည်တစ်ဇွန်းခန့်ထည့်ပြီး နှပ်အောင်ရောမွေပေးပါ။ သံပရာသီးရှိရင် သံပရာသီးအရည်တစ်ခြမ်းထည့်လို့ရပါတယ်။ အားလုံးကိုပျစ်ပျစ်လေးဖြစ်တဲအထိ ရောမွေပေးပါနော်။ မည်းနေတဲ့နေရာကို ၃မိနစ်ကြာအောင်ပွတ်တိုက်ပေးရပါမယ်။ တစ်ပတ်ကိုနှစ်ခါလောက် ပုံမှန်လုပ်ပေးရင်တော့ တစ်လလောက်ဆိုတော်တော်လေးသိသာပါတယ်။


သံပရာသီး + သွားတိုက်ဆေး




ပန်းကန်လုံးတစ်လုံးထဲကို သံပရာသီးတစ်လုံးရဲ့အရည်ကိုညစ်ပြီး သွားတိုက်ဆေးနှစ်ဇွန်းကို ထည့်ပြီးအားလုံးရောလိုက်ပါ။ နောက်ပြီးရင်တော့ မည်းညိုနေတဲ့နေရာကို လက်လေးနဲ့ပွတ်တိုက်ပေးရပါမယ်။ ဒီနည်းလမ်းလေးကလည်း လွယ်ကူပြီး ဘေးဥပဒ်မရှိတဲ့အတွက် အရမ်းကောင်းပါတယ်။


Banking Soda+ သံပရာသီး




Banking Soda ကိုတော့လိုသလောက်ယူပြီး သံပရာသီးတစ်လုံးရဲ့ အရည်နဲ့ရောမွေပေးပါ။ မည်းနေတဲ့နေရာတွေကို တစ်မိနစ်ခန်းပွတ်တိုက်ပေးရပါမယ်။ ခြောက်သွားရင်တော့ ရေနွေးလေးနဲ့ ပြန်ပြီးဆေးကြောသင့်ပါတယ်နော်။

Photo Source – Free.pik


#သံပရာ
#သွားတိုက်ဆေး
#နနွင်းမှုန့်
#ပျားရည်
#ဘေးဥပဒ်

Some text some message..