အိပ်ယာပေါ်မှာ လှဲရင်း ဗိုက်ချပ်ဖို့ ပြုလုပ်နိုင်တဲ့ လွယ်ကူတဲ့ လေ့ကျင့်ခန်း (၄) ခု
mystylemyanmar.com
|
2021-08-06

သင်က ဗိုက်ချပ်ချင်ပေမယ့် အားကစား ပြင်းပြင်းထန်ထန်တွေ မလုပ်ချင်ဘူးဆိုရင်တော့ ဒီလေ့ကျင့်ခန်းတွေက သင့်အတွက်ပါပဲ။ အစားအသောက်ပုံစံကို ဂရုတစိုက်စားပြီး လှုပ်လှုပ်ရှားရှား နေပေးကာ အောက်ဖော်ပြပါ လေ့ကျင့်ခန်းတွေကို လုပ်ပေးရင်တော့ သင့်ဗိုက်အဆီကျလာမှာ မလွဲမသွေပါပဲ။ ဒီတော့ အိပ်ယာပေါ်မှာပဲ ပြုလုပ်နိုင်တဲ့ လွယ်ကူတဲ့ ဗိုက်ချပ်လေ့ကျင့်ခန်းတွေကို ကြည့်လိုက်ရအောင်နော်-

၁။ Bicycle crunches
ခြေထောက်နှစ်ဖက်ကို အပေါ်ဘက်ဆီ ကွေးပေးရပါမယ်။
ပြီးနောက် ပခုံးကို မကာ လက်နှစ်ဖက်ကို ခေါင်းဘေးမှာ ထားပြီး အသင့်ပြင်ပေးရပါမယ်။
ပြီးရင်တော့ ညာတံတောင်နဲ့ ဘယ်ဘက် ဒူးကို ထိအောင် လုပ်ပေးရပါမယ်။
ပြီးတာနဲ့ ပခုံးကို မချဘဲ မြှင့်ပေးထားရပါမယ်။ ညာပြီးတာနဲ့ ဘယ်တံတောင်နဲ့ ညာဒူးကို ပထမလုပ်သလိုပဲ လုပ်ပေးရပါမယ်။ ဒါကို စက္ကန့် ၃၀ လုပ်ပေးရပါမယ်။




Photo Source: Tenor

၂။ Leg Raise
ခြေထောက်ကို ဆန့်ကာ အပေါ်မြှောက်ပေးရပါမယ်။
၉၀ ဒီဂရီကျော်ပြီး ဝမ်းဗိုက်ကြွက်သားထိတာနဲ့ အောက်ပြန်ချပေးရပါမယ်။
အောက်ချတဲ့အခါ ခြေဖနောင့်နဲ့ အိပ်ယာမထိရပါဘူး။ စက္ကန့် ၃၀ လုပ်ပေးရပါမယ်။




Photo Source: Pinterest

၃။ Regular Crunches
လက်နှစ်ဖက်ကို ခေါင်းတစ်ဘက် တစ်ချက်ဆီမှာ ထားကာ ခန္ဓာကိုယ်ကို အပေါ်ပင့်ပြီး အိပ်ထမတင် လုပ်ပေးရပါမယ်။
အပေါ်ဝမ်းဗိုက်ကြွက်သားအတွက် အိပ်ထမတင် လေ့ကျင့်ခန်းက ထိရောက်ပါတယ်။ ၁ မိနစ် လုပ်ပေးရပါမယ်။




Photo Source: Verywell Fit

၄။ Heel Touches
ပခုံးကို ပင့်ကာ လက်နှစ်ဖက် ကို တစ်ဘက်ဆီ ဆန့်ပေးကာ ဘယ်ညာ ခြေထောက်နဲ့ ထိပေးရပါမယ်။
ဒီလေ့ကျင့်ခန်းကို စက္ကန့် ၃၀ လုပ်ပေးရပါမယ်။




Photo Source: Pinterest


#လေ့ကျင့်ခန်း
#Photo
#ပခုံး
#တံတောင်
#စက္ကန့်

Some text some message..