ပါးစပ်ထဲမှာ ဘာလို့ အနာလေးတွေ ပေါက်တာလဲ
myanmaplatform.com
|
2021-11-13

တစ်ခါတစ်လေမှာ ပါးစပ်ကနေ အနာလေးတွေ ပေါက်တတ်ကြပါတယ်။ အပူကန်လို့ ပေါက်တယ်လို့ ထင်တတ်ကြါပတယ်။ ဒီလိုဖြစ်တာဟာ လည်ချောင်းမှာလည်းဖြစ်တတ်ပါတယ်။ ပါးစပ်မှာရှိတဲ့ အမှေးပါးလေးတွေ ကွဲသွာခြင်းဖြစ်ပါတယ်။ တအားကြီး ဆိုးဆိုးရွားရွား မဟုတ်ပေမယ့် အစာစားရင် ပဲဖြစ်ဖြစ်၊ တစ်ခုခုမျိုချလိုက်တာနဲ့ စပ်ပြီးတော့ နာပါတယ်။ တစ်ချို့ကတော့ Stress Ulcer လို့လည်းခေါ်လေ့ရှိပါတယ်။ ဘာလို့လည်းဆိုတော့ သူက Stress များတဲ့အချိန်တွေမှာဖြစ်တတ်လို့ပါ။ အခု အဲဒီအနာလေးတွေ အကြောင်းနဲ့ ဘယ်လို ကာကွယ် ကုသရမလဲဆိုတာလေး‌တွေကို ပြောပြပေးသွားမှာပါ။

အဲဒီအနာလေးတွေက တအားမဆိုးပေမယ့် ဘယ်လောက် ကသိကအောက်ဖြစ်ရတယ်ဆိုတာ ဖြစ်ဖူးသူတွေမှပဲ ခံစားတတ်မှာပါ။ ဘယ်နေရာတွေမှာ ဖြစ်တတ်လဲဆိုတော့ နှုတ်ခမ်းအတွင်းပိုင်းတွေ၊ ပါးစောင်တွေ၊ အာခေါင်တွေ၊ လျာအောက်တွေ စတဲ့ ပါးစပ်အတွင်းက နေရာအစုံမှာ ဖြစ်တတ်ပါတယ်။ ပါးစပ် ကလွဲပြီး တခြားနေရာတွေမှာတော့ မဖြစ်တတ်ပါဘူး။  အနာရဲ့ပတ်ပတ်လည်လေးတွေက နီနေတတ်ပြီး အနာကတော့ အဖြူရောင်၊ ဒါမှမဟုတ် မီးခိုးရောင်ဖြစ်ပါတယ်။

 အနာတွေဟာ ပျိုဖော်ဝင်စဖြစ်ပြီး နောက်ပိုင်းမှာ ဖြစ်ပေါ်လာတတ်တာလည်း ရှိပါတယ်။ အနာကို လျှာ၊ နှုတ်ခမ်း၊ ပါးအတွင်းခြမ်းတွေမှာ တွေ့ရတတ်ပါတယ်။ ပါးစပ်ထဲ အနာအမျိုးအစားကို အသက်အရွယ် မရွေးမှာဖြစ်ပွား နိုင်တာမျိုးလည်း ရှိပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ အဖြစ်များလေ့လည်း ရှိပါတယ်။ ဒီအနာတွေ ဘာကြောင့်ဖြစ်တာလည်းဆိုတာကို အခုချိန်ထိတိုင်အောင် ရှင်းရှင်းလင်းလင်း မသိသေးပါဘူး။ ဖြစ်နိုင်တဲ့ အခြေအနေတွေက တစ်ခုတည်းကြောင့်မဟုတ်ဘဲ အများကြီးကြောင့် ဖြစ်နေနိုင်ပါတယ်။ လေ့လာချက်တွေအရ ဒီအနာလေးတွေက ကူးစက်တတ်တာမျိုးမဟုတ်ဘူးလို့ဆိုပါတယ်။

ပါးစပ်မှာဖြစ်တဲ့ အနာတွေက Aphthous ulcer သို့မဟုတ် Canker sores မှာ Minor, Major နဲ့ Herpetiform ဆိုပြီး အမျိုးအစား ၃ မျိုးရှိပါတယ်။ 


Major aphthous ulcer အမျိုးအစားကတော့ အဖြစ်နည်းပါတယ်။ Minor aphthous ulcer အမျိုးအစားထက်စာရင် အရွယ်အစားပိုကြီးပြီး အနက်အနေနဲ့လည်း ပိုနက်ပါတယ်။ စက်ဝိုင်းပုံစံရှိပြီး အနာရဲ့အနားသတ်တွေကလည်း ပုံမမှန်တာမျိုး ဖြစ်တတ်ပါတယ်။ အရမ်းနာကျင်မှုကို ခံစားရစေနိုင်ပါတယ်။ အနာကျက်ဖို့ဆိုရင် တလခွဲလောက် ကြာတတ်ပြီး အမာရွတ်လည်းကျန်တတ်ပါတယ်။


Herpetiform aphthous ulcer အမျိုးအစား ကလည်းအဖြစ်နည်းပါတယ်။ အသက်ကြီးတဲ့သူတွေ မှာပဲဖြစ်လေ့ ရှိပါတယ်။ အရွယ်အစားအနေနဲ့ ကလည်းအပ်ခေါင်းလောက်သေးငယ်ပါတယ်။ အရွယ်အစား တအားသေးတဲ့ အတွက်ဖြစ်တဲ့အခါကျ အဖုလေးတွေဟာ ၁၀ဖုကနေ အဖု၁၀၀လောက် အစုအဖွဲ့အနေ နဲ့ဖြစ်လေ့ရှိပါတယ်။ တခါတရံကျ အဖုလေးတွေပေါင်းသွားပြီး ကြီးမားတဲ့အနာဖြစ်တာမျိုးလည်းရှိပါတယ်။


သုံးမျိုးလုံးဟာ အများအားဖြင့်တော့ တပတ်ကနေနှစ်ပတ်အကြာမှာ အနာကျက်သွားလေ့ရှိပါတယ်။ နှစ်ပတ်ကြာလာတဲ့အခါ အနာအရွယ်အစားကပိုပိုကြီးလာတတ်ပြီး ပျောက်သွားတာမျိုးရှိပေမယ့် ခဏခဏပြန်ပြန်ဖြစ်နေရင် သို့မဟုတ် တခုမပျောက်သေးခင်နောက် တခုထပ်ဖြစ်လာပြီး အနာကြောင့် ဖျားတာ၊ တစ်ခုခုကို မြိုရတာခက်လာရင်၊ နာကျင်မှုကတအားဆိုးလာရင် စတဲ့ အခြေအနေတွေထဲကတခုခု ရှိလာရင်တော့ ဆေးခန်းပြသဖို့လိုအပ် ပါတယ်။ ဒီအနာလေးတွေဟာ ပြောပြခဲ့သလို ကင်ဆာတော့ မဟုတ်ပါဘူး။ စိုးရိမ်စရာလည်း မရှိပါဘူး။ တစ်ပတ်နှစ်ပတ်ကြာတဲ့အခါ ပုံမှန်အတိုင်း ပျောက်သွားမှာဖြစ်ပါတယ်။ ဒါပေမယ့် ပါးစပ်ထဲမှာ ရှိနေတဲ့ အနာတွေက တစ်လခန့်အထိ အနာတွေမကျက်ဘူးဆိုရင် ဒီအနာတွေဟာ ကင်ဆာအနာလို ဆိုးတဲ့ အနာတွေ၊  အသက်အန္တရာယ်ကို ထိခိုက်စေတဲ့ အနာတွေဖြစ်နိုင်တာမို့ ဆေးခန်းမှာ အမြန်ဆုံးစစ်ဆေးပြီး ကုသမှုခံယူပါ။ 


ဒီအနာလေးတွေ ဖြစ်နိုင်တဲ့အချက်တွေက သံဓာတ်၊ ဖောလစ် အက်စစ် ၊ ဗီတာမင်ဘီ ချို့တဲ့ခြင်း၊ ဆေးလိပ်သောက်နေရာက ရုတ်တရက် ဆေးလိပ်ဖြတ်လိုက်တဲ့သူတွေ၊ စိတ်ဖိစီးမှု များတဲ့သူတွေ၊ မိန်းကလေး တွေအနေနဲ့ ရာသီလာခါနီးအချိန်တွေ၊ အစားအသောက်နဲ့ မတည့်တဲ့အခါမျိုးတွေ စတဲ့အချိန်တွေမှာ အဖြစ်များတတ်ပါတယ်။

ပါးစပ်ထဲအနာဖြစ်နိုင်ခြေနည်းအောင် အောက်ပါအချက်တွေကို လိုက်နာဖို့လိုပါတယ်။ အစာစားတဲ့အခါ အပူအစပ်တွေ၊အငန်တွေကို လျှော့စားပါ။ အသီးအနှံ့၊ ဟင်းသီးဟင်းရွက်နဲ့ အစေ့အဆန်ကောက်ပဲသီးနှံ တွေကို များများစားပေးပါ။ အစာစားပြီးတိုင်းပလုတ်ကျင်းပါ။ တနေ့နှစ်ကြိမ်သွားတိုက်ပါ။ စိတ်ဖိစီးစရာတွေကို လျှော့ချပစ်ပါ။ တကယ်လို့သွားတွေထဲမှာ တအားချွန်နေတဲ့သွားရှိရင် သို့မဟုတ် သွားထိန်းကိရိယာ တပ်ထားတဲ့သူဆိုပါက သွားထိန်းကိရိယာ (Braces) အစွန်းကချွန်နေတာမျိုးရှိရင် သွားဆရာဝန်နဲ့ ပြပြီး ပြင်သင့်ပါတယ်။

အနာလေးတွေ မပျောက်ခင်စပ်ကြားမှာ အနာကို ပိုးမဝင်အောင် သွားနှင့်ခံတွင်းသန့်ရှင်းရေးကို အထူးဂရုစိုက်ပေးဖို့ လိုအပ်ပါတယ် ။ ဖလိုရိုက်ဒ်ပါတဲ့ သွားတိုက်ဆေးနဲ့ တစ်နေ့ အနည်းဆုံး (၂) ကြိမ်ခန့် သွားတိုက်ပေးပါ။ အစားစားပြီးတိုင်း ပလုတ်ကျင်းဆေးရည်ဖြင့် သေသေချာချာပလုတ်ကျင်းပါ။ ဆရာဝန်က လိမ်းဆေးညွန်းထားပါက ဆေးလိမ်းပေးပါ။ ပါးစပ်ထဲမှာ ဆေးလိမ်းရင် အနာရှိတဲ့နေရာကို တခါတည်း အသာအယာပုံပေးလိုက်ရုံပါပဲ။ 


ဒါ့အပြင် ပါးစပ်ထဲအနာဖြစ်တာဟာ Celiac disease, Crohn’s disease လိုမျိုး အူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ၊ AIDS ရောဂါတွေ စသဖြင့်ရောဂါတွေနဲ့လည်း ဆက်စပ်မှုရှိနိုင်ပါသေးတယ်။ ဒါကြောင့် ကိုယ်ဖြစ်နေတာက ဘယ်လိုပုံစံလည်း သိရှိအောင် လုပ်ဆောင်သင့်ပြီး ဆရာဝန်နဲ့ ပြသတိုင်ပင်တာ အကောင်းဆုံးပါလို့ အကြံပြုချင်ပါတယ်။


#အမျိုးသမီး
#နှုတ်ခမ်း
#stress
#အမျိုးအစား
#အမျိုးသား

Some text some message..