
ကျွန်မတို့ရဲ့ခန္ဓာကိုယ်ဟာ အရမ်းရှုပ်ထွေးတဲ့ စနစ်တစ်ခုဖြစ်ပြီး အရာအားလုံးက တစ်နည်းနည်းဖြင့် ချိတ်ဆက်နေပါတယ်။ အဲဒါကြောင့် တစ်ခုခု အဆင်မပြေတဲ့အခါ သတိပေးတဲ့ လက္ခဏာအနေနဲ့ ခန္ဓာကိုယ်ရဲ့ အခြားအစိတ်အပိုင်းတွေကို မက်ဆေ့ချ်ပို့ပါတယ်။ ဒီလက္ခဏာတွေကို အသိအမှတ်ပြုနိုင်စွမ်းရှိဖို့နဲ့ ပြုပြင်ဖို့ လိုအပ်တာတွေကို သေချာပြင်ဆင်နိုင်ဖို့ စွမ်းအားနဲ့ အသိပညာတွေ ကျွန်မတို့မှာ ရှိရပါမယ်။ ဒါ့ကြောင့် သင့်ခန္ဓာကိုယ်မှာ ဖြစ်နိုင်ချေရှိတဲ့ အခြေခံကျန်းမာရေးပြဿနာတွေကို သိရှိနားလည်နိုင်စေဖို့ သိထားသင့်တဲ့ အချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်။
၁။ ဆံသားစိမ့်ဝင်နိုင်မှု နည်း/မနည်း
သင့်မှာ ဆံသားစိမ့်ဝင်နိုင်မှု နည်း/မနည်းဆိုတာ စစ်ဆေးနိုင်တဲ့ နည်းလမ်းက လျှော်ပြီးခြောက်နေတဲ့ ဆံချည်မျှင်ကို ရေဖန်ခွက်ထဲမှာ ချလိုက်ပါ။ ဖန်ခွက်ရဲ့ အောက်ခြေကို မမြုပ်ခင် ထိပ်ဆုံးမှာ ခဏမျှ ပေါ်နေတဲ့ ဆံပင်တွေက စိမ့်ဝင်နိုင်စွမ်း နည်းပါတယ်။ ဆံသားစိမ့်ဝင်နိုင်စွမ်း နည်းရင် ခေါင်းလျှော်တဲ့အခါ သင့်ဆံပင်ကို ရေဓါတ်ပိုရရှိဖို့ ခက်ခဲစေပါတယ်။ အကြွင်းအကျန် အများကြီးမကျန်စေမယ့် ခေါင်းလျှော်ရည်တွေက သင့်အတွက် အကောင်းဆုံးပါ။ ပျားရည် (သို့) ဂလစ်စလင်း ပါရှိတဲ့ ထုတ်ကုန်တွေကို ရှာဖွေပါ။ ဒီပါဝင်ပစ္စည်းတွေက အဆီပါဝင်တဲ့ ထုတ်ကုန်တွေထက် hair cuticle အတွင်းပိုင်းကို ပိုလွယ်ကူစွာ စိမ့်ဝင်နိုင်ပါတယ်။
ဆံချည်မျှင်က ဖန်ခွက်ရဲ့ အောက်ခြေကို နစ်သွားမယ်ဆိုရင် ဆံသားရဲ့ စိမ့်ဝင်နိုင်စွမ်းက အရမ်းမြင့်မားပါတယ်။ ဆိုလိုတာက သင့်ဆံပင်ဟာ သင်အသုံးပြုနေတဲ့ အလှကုန်တိုင်းကို လျင်မြန်စွာ စုပ်ယူနိုင်ပြီး လေထဲမှာ ချက်ချင်းခြောက်သွားတယ်လို့ ဆိုလိုပါတယ်။ များသောအားဖြင့် အရမ်းခြောက်သွေ့ပြီး frizzy ဖြစ်သလို ခံစားရလေ့ရှိပါတယ်။ စိမ့်ဝင်နိုင်စွမ်း မြင့်မားမှုကို ကုသဖို့အတွက် ဆီနှင့် ထောပတ်ကဲ့သို့သော “heavier” ပါဝင်ပစ္စည်းတွေ ပါရှိတဲ့ ထုတ်ကုန်တွေကို ရှာဖွေရပါမယ်။ အပတ်တိုင်း ခေါင်းလျှော်တဲ့အခါ deep conditioning treatment မျိုးကို ထည့်သွင်းနိုင်ပါတယ်။

၂။ သင့်လည်ပင်းပေါ်ရှိ အလျားလိုက်လိုင်းများ
သွေးဆုံးပြီး အမျိုးသမီးတွေမှာ ခန္ဓာကိုယ်က လိုအပ်တာထက် အီစထရိုဂျင် ထုတ်လုပ်မှု လျော့နည်းလာပါတယ်။ အီစထရိုဂျင်က အရေပြားနဲ့ အရိုးတွေရဲ့ သိပ်သည်းမှုကို ထိန်းသိမ်းဖို့ အားကိုးရတဲ့ ပရိုတင်းကော်လာဂျင် ထုတ်လုပ်မှုကို အားပေးပါတယ်။ လည်ပင်းမှာ နက်ရှိုင်းတဲ့ အရေးအကြောင်းတွေက အရိုးတွေ ပိုကြွပ်ဆတ်ပြီး သိပ်သည်းမှု နည်းလာတယ်ဆိုတဲ့ လက္ခဏာတစ်ခုပါ။ အရိုးကျိုးနိုင်ခြေ ပိုများပါတယ်။ ကယ်လ်စီယမ်နဲ့ ဗီတာမင်ဒီ ဖြည့်စွက်စာတွေက အရိုးပွရောဂါကို ရှောင်ရှားဖို့အတွက် အရမ်းကောင်းမွန်တဲ့ အကြံဉာဏ်တစ်ခု ဖြစ်နိုင်ပါတယ်။

၃။ ပါးစပ်နဲ့ လျှာပေါ်မှာ အနာပေါက်ခြင်း
အနာဖြစ်ခြင်းရဲ့ အဖြစ်များဆုံး အကြောင်းရင်းတွေက ဆေးလိပ်သောက်ခြင်း၊ ဓါတ်မတည့်ခြင်း၊ လျှာကို မတော်တဆကိုက်မိခြင်းနဲ့ အပူများလို့ ရောင်ရမ်းခြင်းတို့ ဖြစ်ပါတယ်။ သို့သော် အထက်ဖော်ပြပါအရာတွေနဲ့ မသက်ဆိုင်ပါက သင့်မှာ ဗီတာမင် B12 ၊သံဓါတ်နဲ့ ဖောလိတ်ဓါတ် ချို့တဲ့နေနိုင်ပါတယ်။ ဒီချို့ယွင်းချက်တွေက နေ့ချင်းညချင်း မဖွံ့ဖြိုးသော်လည်း အချိန်ကြာလာတာနဲ့အမျှ တဖြည်းဖြည်း တိုးတတ်လာပါတယ်။
အခြားသတိပေးလက္ခဏာတွေမှာ ပင်ပန်းနွမ်းနယ်ခြင်း၊ မူးဝေခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ ကြွက်သားအားနည်းခြင်းတို့ ဖြစ်နိုင်ပါတယ်။ ဒါတွေအားလုံးကို တွေ့ကြုံခံစားရပါက အစားအသောက် ပြောင်းလဲမှုတစ်ချို့ ပြုလုပ်ပြီး လိုအပ်တဲ့ ဖြည့်စွက်စာတွေကို စတင်သောက်သုံးရပါမယ်။

၄။ လက်သည်းခွံပေါ်က အဖြူစက်တွေပေါ်ခြင်းနှင့် လက်သည်းကွာခြင်း
လက်သည်းခွံကွာခြင်းနဲ့ လက်သည်းပွင့်ခြင်းတွေမှာ အဖြစ်များတဲ့ အကြောင်းရင်းက သံဓါတ်ချို့တဲခြင်းနဲ့ ရေဓါတ်ခန်းခြောက်ခြင်းတို့ ဖြစ်ပါတယ်။ သံဓါတ်ချို့တဲ့မှုကို အချိန်မီ မကုသပါက ရင်ဘတ်အောင့်ခြင်း ကဲ့သို့သော ကျန်းမာရေးပြဿနာများစွာကို ဖြစ်ပေါ်စေနိုင်ပြီး သွေးအားနည်းရောဂါကို ဖြစ်စေနိုင်ပါတယ်။ လက်သည်းမကောင်းခြင်းအတွက် အခြားအကြောင်းရင်းက သိုင်းရွိုက်လှုပ်ရှားမှုနည်းခြင်း၊ အဆုတ်ရောဂါ (သို့) ကျောက်ကပ်ရောဂါတောင် ဖြစ်နိုင်ပါတယ်။။ သင့်လက်သည်းတွေကို အိမ်မှာ ကုသဖို့ အကောင်းဆုံးနည်းလမ်းမှာ သံဓါတ်ကြွယ်ဝတဲ့ အစားအစာကို စားပြီး လက်သည်းတွေကို အစိုဓါတ်ထိန်းထားခြင်းဖြင့် ကုသနိုင်ပါတယ်။
လက်သည်းပေါ်မှာ အဖြူစက်တွေ စတင်သတိပြုမိပါက ဖြစ်နိုင်ခြေ အကြောင်းရင်း ၄ခုရှိပါတယ်။ ဓါတ်မတည့်ခြင်း၊ မှိုပိုးကူးစက်ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း (သို့) သတ္တုဓါတ်ချို့တဲ့ခြင်းကြောင့် ဖြစ်ပါတယ်။ ဇင့်နဲ့ ကယ်လ်စီယမ်က ဒီချို့တဲ့မှုအတွက် အဖြစ်အများဆုံး တရားခံဖြစ်ပြီး သွေးစစ်ခြင်းကို ပထမဆုံးလုပ်သင့်ပါတယ်။

၅။ ခြေဖနောင့် အက်ကွဲခြင်း
ခြေဖနောင့်ကွဲတာက အရေပြားခြောက်သွေ့တာကြောင့်၊ အေးတဲ့ ရာသီဥတုကြောင့် (သို့) နာရီပေါင်းများစွာ နေ့စဉ်မတ်တပ်ရပ်နေရတာမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ သို့သော်လည်း သူတို့က နှင်းခူ၊ သိုင်းရွိုက်ရောဂါနဲ့ ဆီးချိုရောဂါကဲ့သို့သော ပိုဆိုးရွားတဲ့ ပြဿနာတွေရဲ့ ညွှန်ပြချက်တစ်ခု ဖြစ်နိုင်ပါတယ်။ ခြေဖနောင့်ကို ဆပ်ပြာရေထဲမှာ မိနစ် ၂၀လောက်စိမ်ပြီး pumice stone နဲ့ ပွတ်ပေးခြင်းဖြင့် ကုသနိုင်ပါတယ်။ ပြီးနောက် lactic acid, jojoba oil, (သို့) shea butter ပါဝင်တဲ့ အစိုဓါတ်ထိန်းခရင်မ်ကို လိမ်းဖို့ လိုအပ်ပါတယ်။ အိမ်တွင်းကုထုံးတွေက သင့်ခြေဖနောင့်ကို လုံးဝမကောင်းမွန်ပါက ဆရာဝန်ဆီပြဖို့ လိုအပ်ပါတယ်။

၆။ မျက်အိတ်ဖောင်းခြင်း
ဆားအလွန်အကျွံစားသုံးခြင်းက သင့်မျက်လုံးအောက်ရှိ ဧရိယာအပါအဝင် သင့်ခန္ဓာကိုယ်နဲ့ မျက်နှာမှာ ရေတွေ ပိုပိတ်မိစေပါတယ်။ ဆားစားသုံးမှုကို လျှော့ချပြီး ပိုတက်စီယမ်စားသုံးမှုကို တိုးဖို့လိုအပ်နိုင်ပါတယ်၊ အခြားအကြောင်းရင်းတစ်ချို့က Grave’s disease ၊ မျက်ရည်ပြွန်ပိတ်ဆို့ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အိပ်ချိန်လုံလောက်စွာ မရခြင်းတို့ ဖြစ်နိုင်ပါတယ်။ ပြဿနာရဲ့ အရင်းအမြစ်ကို သိပြီးတာနဲ့ စတင်ကုသဖို့ လိုပါလိမ့်မယ်။ လက်ဖက်ခြောက်အိတ်၊ ရေခဲဝတ်ကပ်ခြင်း၊ မျက်နှာကို နှိပ်နယ်ပေးခြင်းက ကိုယ့်ဘာသာ ပြုလုပ်နို်ငတဲ့ အလွယ်ဆုံးအရာတွေထဲက တစ်ခုဖြစ်ပါတယ်။ ဘာပဲလုပ်လုပ် ရောင်ရမ်းမှု မပျောက်ဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လိုပါလိမ့်မယ်။

Lifestyle_Myanmar
LM_Nandar
Source-brightside.