ရာသီမလာခင် စိတ်ဓာတ်ကျတာ သက်သာစေဖို့ဒါလေးတွေလုပ်ပါ
myanmaplatform.com
|
2021-12-14

ရာသီမလာခင် စိတ်ဓာတ်ကျတတ်သူတွေများပါတယ်။ မိန်းကလေးတွေရဲ့ ရှုပ်ထွေးလှတဲ့ သဘာဝကို မိန်းကလေးချင်း တောင် နားလည်ဖို့ခက်လှပါတယ်။ အထူးသဖြင့် ရာသီစက်ဝန်းနဲ့ ပတ်သက်တဲ့ စိတ်ခံစားမှုနဲ့ ခန္တာကိုယ် အပြောင်းအလဲဟာ ဆန်းကြယ်လှပါတယ်။ Premenstrual Syndrome ( PMS) လို့ သိထားကြတဲ့ ကာလဟာ ရာသီမလာခင် ရက်အနည်းငယ် သို့မဟုတ် ရာသီမလာခင် တစ်ပတ်လောက်ကနေစတင်လို့  ခန္တာကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှု တွေကို ဆိုလိုပါတယ်။

ဒီကာလဟာ တစ်ချို့သော မိန်းကလေးတွေအတွက် မသိသာသလိုရှိပေမယ့် တစ်ချို့ အတွက်တော့  စိတ်အပြောင်းအလဲ အရမ်းမြန်ပြီး စိတ်ဓာတ်ကျသလို ခံစားရတာ ကိုယ်လက်တွေ ကိုက်ခဲတာ တွေအထိ ပြင်းထန်တတ်ပါတယ်။

ရာသီမလာခင် စိတ်အပြောင်းအလဲဘာကြောင့်ဖြစ်ရလဲ?

တိကျတဲ့ အချက်အလက်ရယ်လို့ သက်သေပြစရာမရှိပေမယ့် ကျွမ်းကျင်ပညာရှင်တွေကတော့  ဒီလို စိတ်အပြောင်းအလဲဟာ ရာသီစက်ဝန်းမှာဖြစ်တဲ့ ဟော်မုန်းအပြောင်းအလဲပေါ်မူတည်တာကြောင့်လို့ ဆိုပါတယ်။    ရာသီစက်ဝန်းအလယ် ကာလမှာ ပုံမှန်အားဖြင့် မမျိုးဥကြွေတာနဲ့အတူ အမျိုးသမီး ဟော်မုန်း အီစတိုဂျင်နဲ့ ပရိုဂျက်စတီရုန်း ဟော်မုန်း ပမာဏကျဆင်းပြီး ဦးနှောက်ရဲ့ စားချင်စိတ် ၊ အိပ်ချင်စိတ်နဲ့ စိတ်ခံစားမှုတွေကို ချုပ်ကိုင်တဲ့ Serotonin ဟော်မုန်း အတက်အကျဖြစ်ပေါ်စေပြန်ပါတယ်။


ရာသီမလာခင် စိတ်ဓာတ်ကျမှန်းဘယ်လိုသိနိုင်လဲ?

အရင်ဆုံးတော့ စိတ်ဓာတ်ကျ မပျော်ရွှင်တဲ့နေ့ရက်တွေဟာ ရာသီစက်ဝန်းနဲ့ တကယ်ပဲ ကိုက်ညီမှုရှိနေတာလား။  PMS ရဲ့ တစိတ်တပိုင်းဖြစ်နေတာလား သေချာဖို့လိုပါတယ်။    ဒါကြောင့် ရာသီစက်ဝန်းကို စောင့်ကြည့်ဖို့ စာအုပ်တစ်အုပ်နဲ့မှတ်ထားပြီး စိတ်ခံစားချက်အနေအထားကို မှတ်ထားသင့်ပါတယ်။    ရာသီမတိုင်ခင် တပတ်လောက်အလိုမှာ  အလိုလို ဝမ်းနည်းနေတာ၊ စိတ်ပူပင်လွန်းနေတာ၊ ခဏခဏငိုချင်နေတာ၊  အရမ်းအိပ်တာ သို့မဟုတ် အိပ်မပျော်တာ၊ အာရုံစူးစိုက်လို့မရတာ၊ စိတ်တိုဒေါသထွက်လွယ်တာ၊  အစားအရမ်းစားတာ သို့မဟုတ် အစားစားချင်စိတ်မရှိတာ၊ အားမရှိသလိုခံစားနေရတာတွေရှိနေမယ်ဆိုရင်  ရာသီမလာခင် စိတ်ဓာတ်ကျခြင်းရှိနေတယ်လို့ဆိုရမှာပါ။


ဘယ်လို သက်သာအောင်လုပ်နိုင်လဲ  

Calicium နဲ့ Vitamin B 6 ဓာတ်ဟာရာသီစက်ဝန်းနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ ထူးခြားသက်သာစေတာကို တွေ့ရပါတယ်။ ဒါကြောင့် ရာသီမလာခင်မှာ Calcium ကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့   ဒိန်ချဉ်၊ ချိစ်၊ နွားနို့ ၊ အစိမ်းရင့်ရောင်အသီးအရွက် ၊ လိမ္မော်သီး ၊ငါး ။ ကြက်သား စတာတွေစားပေး နိုင်ပါတယ်။   


လေ့ကျင့်ခန်း လုပ်ပေးပါ     

တစ်နေ့ကို မိနစ် ၃၀ နီးပါး လှုပ်ရှားမှုလုပ်ပေးရင်ကိုပဲ စိတ်ဓာတ်ကျစေမယ့် အာရုံစိုက်မရတဲ့ ပြသနာတွေ သက်သာစေပါတယ်တဲ့။  အနည်းဆုံးတော့ အိမ်နား လမ်းလျှောက်တာလောက်တော့ ပုံမှန်လေးလုပ်ပေးသင့်ပါတယ်။   


 အိပ်ရေးဝဖို့ လိုပါတယ်

 အိပ်ရေးမဝတဲ့အခါ ပင်ပန်းသလို အားမရှိသလို လက္ခဏာတွေဟာ ပိုပြင်းထန်စေပါတယ်။   ရာသီမလာခင် တစ်ပတ်လောက်မှာတော့ ကိုယ့်ကိုယ်ကိုယ် ချစ်တဲ့အနေနဲ့ တစ်ရက်ကို ၈ နာရီပြည့်အောင် အိပ်ဖို့ အကြံပြုချင်ပါတယ်။     


စိတ်လိုက်မာန်ပါ မစားပါနဲ့   

ရာသီမလာခင်မှာချိုလွန်း ငန်လွန်းတဲ့ အသင့်စားအစားအစာတွေကို တောင့်တသလိုဖြစ်နေပါလိမ့်မယ်။     စားပြီးရင် ခန္တာကိုယ်ယောင်ယမ်းခြင်းပိုဆိုးစေပါတယ်။     ဒါကို စိတ်လိုက်မာန်ပါ အများကြီးမစားဘဲနဲ့ အတတ်နိုင်ဆုံး အသီးအနှံ့လေးတွေ သတိပြုစားပေးဖို့ လိုပါတယ်။  


စိတ်ဖိစီးမှုတွေ လံုးဝလျှော့ချလိုက်ပါ

စိတ်ဖိစီးမှု လျော့ကျစေတဲ့ နည်းလမ်း အများကြီးရှိပါတယ်။    နေ့တိုင်းမလုပ်ဖြစ်ရင်တောင် ဒီကာလမှာ တရားထိုင်တာ ၊ အသက်ရှူလေ့ကျင့်ခန်းလုပ်တာတွေ ကြိုးစားလုပ်ကြည့်သင့်ပါတယ်။

ဒီ နည်းလမ်းတွေနဲ့မှ အဆင်မပြေဘူးဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ရမယ့် အနေအထားရောက်နေပါပြီ။  ဆရာဝန်က စိတ်ငြိမ်ဆေးပေးတာမျိုးတွေနဲ့ ကုသပေးနိုင်ပါတယ်။   အမျိုးသမီးလေးတို့ ပျော်ရွှင်ပါစေနော်။ 


#အမျိုးသမီး
#မိန်းကလေး
#စိတ်ဓာတ်ကျ
#အာရုံ
#လောက

Some text some message..