ဗိုက်အောင့်ရတဲ့ အကြောင်းရင်းနဲ့ အမြန်သက်သာပျောက်ကင်းစေမယ့်နည်းလမ်း
ondoctor.com.mm
|
2021-12-18

ဗိုက်​အောင့်ခြင်း​ဝေဒနာဟာ လူတိုင်းနဲ့မစိမ်း​တဲ့ လူတိုင်းခံစားဖူး​သော​ဝေဒနာဖြစ်ပါတယ်။  နံရိုး​အောက်မှစ၍ တင်ပါးဆုံရိုးအ​ပေါ်ဘက်​​နေရာအတွင်း နာ​ကျင်မှုအ​ခြေအ​နေတိုင်းကို ဗိုက်နာခြင်းလို့ ​ယျေဘုယျ သတ်မှတ်နိုင်ပါတယ်။  ဗိုက်​အောင့်​စေ​တဲ့အ​ကြောင်းအရင်းများစွာရှိပါတယ်။

သာမန်အ​ရေးမကြီး​​တဲ့အ​ခြေအ​နေကနေ အသက်ကိုထိခိုက်​စေနိုင်တဲ့အ​ခြေအ​နေအထိ ဖြစ်​စေနိုင်ပါတယ်။  ဒါ​ကြောင့် ဗိုက်​အောင့်တဲ့အခါ ​ပေါ့​ပေါ့ဆဆ​လစ်လျူရှုမ​နေပဲ ဆရာဝန်နဲ့လိုအပ်လျှင် တိုင်ပင်​ဆွေး​နွေးရပါမယ်။

ဗိုက်​အောင့်​စေတဲ့အ​ကြောင်းအရင်းများ

၁။ ညာဘက်နံရိုး​အောက်​အောင့်ခြင်း(Right Hypochondriac Pain

)

အသည်းနှင့်ဆိုင်​သော​ရောဂါများ၊ သည်း​ခြေအိတ်​ရောင်ခြင်း၊ သည်း​ခြေ​ကျောက်တည်ခြင်း၊ ညာဘက်အဆုပ်​အောက်​ခြေခဲခြင်း၊ အစာအိမ်နှင့်အူသိမ်အစအနာဖြစ်ခြင်း

၂။ ရင်​ခေါင်း​အောင့်ခြင်း( Epigastric Pain) 

အစာအိမ်​​ရောင်ခြင်း၊ အစာအိမ်နှင့်အူသိမ်အစအနာဖြစ်ခြင်း၊ အစာအိမ်အက်စစ်လျှံခြင်း၊ အသည်းရောင်ခြင်း၊ နှလုံး​​သွေး​ကြောပိတ်ခြင်း၊ အစာမ​ကြေခြင်း၊ အစာအိမ်ကျွံခြင်း

၃။ ဘယ်ဘက်နံရိုး​​အောက်​အောင့်ခြင်း(Right Hypochondriac Pain

)

မုန့်ချိုအိတ်​​ရောင်ခြင်း၊ ဘေလုံးပြသနာများ၊ အစာအိမ်​ရောင်ခြင်း၊ အစာအိမ်အနာဖြစ်ခြင်း၊ အစာမ​ကြေခြင်း

၄။ ညာဘက် ခါး​နေရာ​အောင့်ခြင်း (Right Lumbar Pain) 

ကျောက်ကပ်​ရောင်ခြင်း၊ ကျောက်ကပ်​​ကျောက်တည်ခြင်း၊ အူ​ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း

၅။ ချက်ပတ်လည်​နေရ ​အောင့်ခြင်း (Umbilical Pain) 

အူ​ရောင်ခြင်း၊ အူကျွံခြင်း၊ မုန့်ချိုအိတ်​ရောင်ခြင်း၊ အူလမ်း​​ကြောင်းရောဂါများ၊ သံ​ကောင်ရှိ​နေခြင်း

၆။ ဘယ်ဘက်ခါး​နေရာ​အောင့်ခြင်း(Left Lumbar Pain) 

ကျောက်ကပ်​ရောင်ခြင်း၊ ကျောက်ကပ်​​ကျောက်တည်ခြင်း၊ အူ​ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း

၇။ ညာဘက်ချက်​ဘေး ဗိုက်​အောက်ပိုင်း​နေရာ​အောင့်ခြင်း (Right Iliac Fossa Pain)

အူအတက်​​ရောင်ခြင်း၊ အူ​ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ မီးယပ်ဆိုင်ရာ​ရောဂါများ၊ အူကျခြင်း

၈။ အလယ်ချက်​အောက်ပိုင်း​နေရာ​အောင့်ခြင်း (Hypogastric Pain) 

ဆီးအိမ်နှင့်ဆိုင်​​သော​ရောဂါများ၊ ဆီးကျိတ်​ရောင်ခြင်း၊ အူ​​ရောင်ခြင်း၊ အူကျွံခြင်း၊ Diverticulitis​ရောဂါ၊ မီးယပ်​ရောဂါများ။

၉။ ဘယ်ဘက်ချက်​ဘေး ဗိုက်​အောက်ပိုင်း​နေရာ​အောင့်ခြင်း(Left Iliac Fossa Pain)

အူ​ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ မီးယပ်ဆိုင်ရာ​ရောဂါများ၊ အူကျခြင်း

၁၀။ အခြားအ​ကြောင်းအရင်းများ 

အထက်လန်​အောက်​လျှောဖြစ်ခြင်း၊ ရာသီလာခြင်း​​ကြောင့်ဗိုက်​အောင့်ခြင်း၊ အူပိတ်ခြင်း၊ အူစွပ်ခြင်း၊ ဆီးလမ်း​ကြောင်းပိုးဝင်ခြင်း။

သက်သာ​ပျောက်ကင်း​စေမည့်နည်းလမ်းများ

ဗိုက်​အောင့်​စေ​သောအ​ကြောင်းအရင်း​ပေါ်မူတည်ပြီး ကုသရန်လိုအပ်ပါတယ်။

၁။ အိမ်တွင်းကုထုံး 

ဗိုက်​အောင့်ခြင်းအများစုက​တော့ ဆရာဝန်မှအကြံ​ပေးချက်ဖြင့် အိမ်တွင်းကုထုံးတွေနဲ့ သက်သာသွား​လေ့ရှိပါတယ်။

ဗိုက်နာသက်သာ​စေတဲ့အိမ်တွင်းနည်းလမ်းတွေက​တော့ နာ​နေ​တဲ့ဗိုက်​နေရာကို ​ရေ​နွေးအိတ် ဒါမှမဟုတ် ​ရေ​နွေးပုလင်းကပ်ခြင်း၊ ရေ​နွေး​နွေးတွင်စိမ်၍​ရေချိုးခြင်း၊ အရည်များများ​သောက်ခြင်း၊ ​ကော်ဖီ၊လက်ဖက်ရည်နဲ့ အရက် လျှော့​သောက်ခြင်း၊ အစာပြန်စစားပြီဆိုလျှင် အရည်မှစ၍ တ​ဖြည်ဖြည်းအစာအ​ပျော့မှစ၍ ဆရာဝန်ညွှန်ကြားသည့်အတိုင်း သတိထားစားခြင်း၊ ကောင်း​ကောင်းအနားယူခြင်း။

၂။ ဆေးဝါးများ 

ဆရာဝန်လက်မှတ်မလို​တဲ့/ညွှန်ကြားချက်မလို​တဲ့ (OTC)​ဆေးအချို့ကို ​သောက်သုံးနိုင်ပါတယ်။ ဥပမာ-အစာအိမ်​ဆေးအချို့(Antacids)၊ အကိုက်အခဲ​ပျောက်​ဆေးအ​ပျော့စားများ (Paracetamol)၊ ပရိုဘိုင်အိုးတစ်​ဆေးများ။

၃။ ဆရာဝန်နှင့်အ​ရေး​ပေါ်ပြသရန်လိုတဲ့ အ​ခြေအ​နေများ 

ဆိုးရွားစွာဗိုက်​အောင့်လျှင်၊ နာရီ​ပေါင်းများစွာကြာ​အောင်ဗိုက်​အောင့်​နေလျှင်၊ ကိုယ်ဝန်​ဆောင်မိခင်တွင် ဗိုက်​အောင့်ခြင်း/​သွေးဆင်းခြင်း၊ ကပ်ပယ်အိတ်​အောင့်ခြင်း၊ ဗိုက်​အောင့်ခြင်းနှင့်အတူ အန်ခြင်း/အသက်ရှူရခက်ခဲလာခြင်း၊ ဗိုက်​အောင့်ခြင်းနှင့်အတူ ​သွေးအန်ခြင်း၊ ဝမ်းသွား​သွေးပါခြင်း၊ ဆီးထဲ​သွေးပါခြင်း၊ ရင်ဖတ်၊လည်ပင်းနဲ့ ပခုံးအထိ ပါနာကျင်​စေခြင်း၊ အဖျားရှိခြင်းနဲ့ ​ချွေး​စေးထွက်ခြင်း၊ဖြူ​ဖျော့ပြီး ကတုန်ကရင်ဖြစ်လာခြင်း၊ ဆီးမသွားနိုင်ခြင်း၊ ဝမ်းမသွားနိုင်ခြင်း/​လေမလည်ခြင်း၊ အလုံးအကျိတ်များစမ်းမိခြင်း၊ တခြားစိတ်ပူ​နေ​သောအ​​ကြောင်းအရင်းများရှိ​နေခြင်း။

ဒေါက်တာယဉ်ယဉ်ဝင်း


#အိတ်
#ရောဂါ
#အစာအိမ်
#အနာ
#ဆရာဝန်

Some text some message..