ဝက်ခြံက ကျန်းမာရေးနဲ့ သက်ဆိုင်သလား
myanmaplatform.com
|
2022-01-06

ဝက်ခြံဆိုတာက ယောကျာ်းလေး၊ မိန်းကလေး လူကြီးမို့ လူငယ်မို့ ဆိုပြီးတော့ ခွဲခြားပြီးပေါက်တာမဟုတ်ပါဘူး။ ဝက်ခြံက မျက်နှာ၊ လည်ပင်း၊ ကျောပြင်၊ ရင်ဘတ်၊ ပခုံးစတဲ့ နေရာတွေမှာ ပေါက်တတ်ပါတယ်။ ဝက်ခြံပေါက်တဲ့ သူ ၈၀ ရာခိုင်နှုန်းဟာ အသက် (၁၁) နှစ်နဲ့ (၃၀) ကြားတွေမှာ ဖြစ်ကြပါတယ်။ အမျိုးသားတွေဟာ မျက်နှာတပြင်လုံး ဖြစ်ကြပေမယ့် အမျိုးသမီးတွေကတော့ မျက်နှာအောက်ပိုင်း (ပါးပြင်၊ မေးရိုး၊ မေးစေ့) စတဲ့နေရာတွေမှာ အဖြစ်များတယ်။ အသက်(၂၅)နှစ်အထက် အမျိုးသမီးတွေရဲ့ ၅၄ ရာခိုင်နှုန်းဟာ မျက်နှာဝက်ခြံအနည်းနဲ့ အများဆိုသလိုရှိတတ်ကြပါတယ်။ ဝက်ခြံထွက်တာက ပုံမှန်ဆိုပေမယ့် ဝက်ခြံထွက်လာ ရင်တစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူ။ ဝက်ခြံထွက်တာက ဟော်မုန်းကြောင့်ဖြစ်တတ်သလို ကျန်းမာရေးအခြေအနေတွေ ကြောင့်လဲ ဖြစ်တတ်ပါတယ်။ 

(၁) နဖူးမှာ ဝက်ခြံပေါက်တာ

နဖူးမှာ ဝက်ခြံပေါက်တာ ဆီးအိမ်နဲ့ အစာခြေစနစ်မကောင်းတာကို ညွှန်ပြနေတယ်။ ဆီးသွားနည်းသူ၊ ဝမ်းချုပ်လွယ်သူတွေမှာ အဖြစ်များတယ်။ ဒီလိုလူနာတွေမှာ ရေများများသောက်ဖို့လိုသလို အရည်ရွှမ်းတဲ့ အသီးအရွက် နေ့စဉ်စားပေးသင့်တယ်။ မနက်တိုင်း ဝမ်းမှန်အောင် ကြိုးစားရမယ်။ အနည်းဆုံးဆီးတနေ့ သုံးကြိမ် သွားကြည့်ပါ။  အစားအသောက်ထဲမှာ အဆီများတဲ့ ဝက်သား၊ အမဲသား လျှော့စားပါ။ ကော်ဖီ၊ အသားကင် မစားသင့်ပါ။ ဒီလိုနေရာမှာ ဝက်ခြံထွက်သူတိုင်း အစားအသောက်၊အနေအထိုင် ပြင်ဆင်ရုံနဲ့ သူ့ဘာသာပျောက်ကင်းနိုင်တယ်။


(၂) မျက်ခုံးအတွင်းပိုင်းမှာ ဝက်ခြံပေါက်တာ

မျက်ခုံးအတွင်းပိုင်းမှာ ဝက်ခြံပေါက်တာ အသည်းကြောင့် ဖြစ်နိုင်တယ်။ အသည်းဆိုတာ လူ့ခန္ဓာကိုယ်မှာ အကြီးဆုံးအစိတ်အပိုင်းဖြစ်ပါတယ်။ အသည်းရဲ့ အဓိကတာဝန်က ခန္ဓာကိုယ်အတွက် မလိုအပ်တဲ့ အဆိပ်အတောက်တွေကို စွန့်ပစ်တာ ဖြစ်ပါတယ်။ ဥပမာ အရက်၊ ဘီယာသောက်တဲ့အခါ အသည်းမှာ အလုပ်ပိုရတယ်။ အသည်းလုပ်ဆောင်မှုနည်းတဲ့အခါ မျက်ခုံးအတွင်းပိုင်းမှာ ဝက်ခြံထွက်မယ်။ အသင့်စား အာလူးကြော်၊ ဆိုးဆေးပါတဲ့ အချိုရည်၊ ကော်ဖီ၊ လက်ဖက်ရည်စတာတွေ ရှောင်ရမယ်။ lactose intolerance လက်တို့စ်ဓာတ်မတဲ့ သူတွေမှာလည်း ဝက်ခြံပေါက်နိုင်တယ်။ လိုအပ်ရင် အသည်းအားဆေးသောက်ရမယ်။


(၃) နားမှာ ဝက်ခြံပေါက်တာ

နားမှာ ဝက်ခြံပေါက်တာ ကျောက်ကပ်ရောဂါကြောင့် ဖြစ်နိုင်တယ်။ အပူ၊အအေး မမျှတဲ့အခါ၊ခန္ဓာကိုယ်တွင်း အပူလွန်ကဲတဲ့အခါ ဖြစ်တတ်တယ်။ ရေဓာတ်၊ဆားဓာတ် အားနည်းရင်လည်း ဖြစ်ဦးမယ်။ ဒါ့ကြောင့် ဓာတ်ဆားရည်များများသောက်ပါ။ ကော်ဖီ၊အရက်၊ အချိုရည် လုံးဝဖြတ်ပစ်ပါ။ အပူ၊အအေး မျှတအောင် နေပါ။ နေပူထဲက ပြန်ရောက်ရောက်ချင်း အဲယားကွန်းခန်းထဲ မဝင်ပါနဲ့။တချို့လည်း ဆေးသောက်ဖို့ မလိုပဲ ပြန်ကောင်းလာကြတယ်။


(၄) ပါးပြင်မှာ ဝက်ခြံပေါက်တာ

ပါးပြင်မှာ ဝက်ခြံပေါက်တာ အဆုတ်အားနည်းလို့ ဖြစ်နိုင်တယ်။ ဆေးလိပ်သောက်တာ၊ လေထုညစ်ညမ်း မှုစတာတွေက ပါးဝက်ခြံကို ဖြစ်စေတယ်။ လိုအပ်ရင် အသက်ရှုလမ်းကြောင်းနဲ့ပက်သက်တဲ့ရောဂါပါ တခါတည်းစစ်ရမယ်။ ပန်းနာရင်ကြပ်သမားတွေမှာ ပိုတွေ့ရတယ်။ ဆေးလိပ်သောက်ရင် ဖြတ်ပစ်ရမယ်။ လေ့ကျင့်ခန်းတစ်ခုခု(ရေကူးတာ၊ အေရိုးဗစ်လုပ်တာ)မျိုး လိုတယ်။ လေကောင်းလေသန့်ရရင် အဲဒီနေရာမှာ ထွက်တဲ့ဝက်ခြံတွေက သူ့ဘာသာ ပျောက်ကင်းနိုင်တယ်။


(၅) မျက်လုံးတဝိုက်မှာ ဝက်ခြံပေါက်တာ

မျက်လုံးတဝိုက်မှာ ဝက်ခြံပေါက်တာ ကျောက်ကပ်ကြောင့် ဖြစ်နိုင်တယ်။ ကျောက်ကပ်လုပ်ဆောင်မှု အားနည်းတဲ့အခါ ဖြစ်မယ်။ ရေများများ (အချိုရည်မပါ၊အရက်၊ဘီယာမပါ) သောက်ဖို့ လိုတယ်။ ဆီးသွားမနည်းပါစေနဲ့။ မျက်ကွင်းညိုတာရှိရင် မျိုးရိုးကြောင့်လည်း ဖြစ်တတ်သလို အာဟာရချို့တဲ့တာလည်း ထည့်စဉ်းစား ရဦးမယ်။စိမ်းတဲ့အရွက်များများစားပါ။ ပဲပုပ်၊ အသည်း ထည့်စားသင့်တယ်။ ဗီတာမင်နဲ့ အာဟာရဓာတ် တမျိုးမျိုး လိုရင်ဖြည့်ပေးရမယ်။


(၆) နှာခေါင်းနဲ့ အပေါ်နှုတ်ခမ်းမှာ ဝက်ခြံပေါက်တာ

နှာခေါင်းနဲ့ အပေါ်နှုတ်ခမ်းမှာ ဝက်ခြံပေါက်တာ အဆီပြန်မှုများလို့ဖြစ်တယ်။ အဆီဂလင်း sebum ထုတ်လုပ်မှု များသူဟာ အဆိုပါနေရာမှာ ဝက်ခြံထွက်လာမယ်။ အဆီဓာတ်ထိန်းတဲ့ moisturizer ပစ္စည်း တမျိုးမျိုး လိုတယ်။လိမ်းဆေးထဲမှာ cream type မျိုး မသုံးသင့်ပါ။ မိတ်ကပ်သုံးတဲ့ မိန်းကလေးတွေ သတိထားသင့်တယ်။ အသားဖြူဆေးတွေနဲ့မတည့်သူတွေမှာ ဖြစ်တတ်ပါတယ်။ အဆီပြန်တဲ့ အသားရေအတွက် အလွယ်ဆုံးနည်းက ဆော်ဒါမှုန့်နဲ့ သံပုရာသီး အရည်ကို့ရောပြီး လိမ်းပေးရတာဖြစ်ပါတယ်။ ဆော်ဒါက ချွေးပေါက်ကျဉ်း စေတဲ့အာနိသင်ရှိတယ်။ လိမ်းပြီး ၁၅မိနစ်ထား၊ ပြီးရင်မျက်နှာပြန်သစ်ပါ။ သွေးပေါင်များရင်လည်း အဆိုပါနေရာမှာ ဝက်ခြံပေါက်တတ်ပြန်တယ်။ ဒါလည်း သတိပြုရမယ်။


(၇) မေးရိုးနေရာတွေမှာဝက်ခြံပေါက်တာ

မေးရိုးနေရာတွေမှာဝက်ခြံပေါက်သူဟာ မျက်နှာကို မကြာခဏကိုင်တွယ်တတ်လို့ ဖြစ်ပါတယ်။ မျက်နှာသစ်တဲ့အခါ အဆိုပါနေရာတွေကို သတိထားပြီး သစ်ပါ။ လက်နဲ့ကိုင်တွယ်တာ မလုပ်ပါနဲ့။ မျက်နှာသစ်ဆပ်ပြာ တမျိုးမျိုးကို သေချာသုံးပါ။ ကိုယ်မသုံးဘူးတဲ့ cosmetic မျိုး သုံးဖို့ မစဉ်းစားပါနဲ့။ အများစု အမျိုးသမီးတွေမှာ ဖြစ်တာ ဒီအချက်ကြောင့်ပါ။


(၈) မေးစေ့မှာ ဝက်ခြံပေါက်တာ

မေးစေ့မှာ ဝက်ခြံပေါက်တာ ဟော်မုန်းမမှန်လို့ ဖြစ်နိုင်တယ်။ စိတ်ဖိစီးမှုများတာ၊ အိပ်ရေးမဝသူတွေမှာ တွေ့ရတယ်။ အမျိုးသမီးအများစု ရာသီပေါ်စမှာ ဝက်ခြံပေါက်ကြတယ်။ မေးစေ့နေရာမှာသာ ဖြစ်တယ်။ မျက်နှာကိုမကြာခဏကိုင်တွယ်သူ၊ မျက်နှာ သန့်ရှငိးရေးအားနည်းသူတွေမှာ ဖြစ်တတ်တယ်။ cleanser တမျိုးမျိုး သုံးဖို့ လိုပါတယ်။ တားဆေး(diane 35)လိုဆေးမျိုးက အမျိုးသမီး ဝက်ခြံမှာ အသုံးဝင်တတ်တယ်။


(၉) လည်ပင်းနဲ့ ရင်ဘတ်မှာ ဝက်ခြံပေါက်တာ

လည်ပင်းနဲ့ ရင်ဘတ်မှာ ဝက်ခြံပေါက်ရင် အရေပြားကြောင့်ဖြစ်ပါတယ်။ နေလောင်တာ၊အသားရေခြောက်သွေ့တဲ့အခါပေါက်နိုင်တယ်။ အပြင်ထွက်တဲ့အခါ နေလောင်ကာလိမ်းဆေး လိမ်းပေးဖို့လည်း လိုပါတယ်။ အစိုဓာတ်ထိန်းပစ္စည်းတမျိုးမျိုး သုံးရမယ်။ လည်ပင်းမှာ အမည်းစက်ပျောက်တွေ့ရင် ဖြစ်တာကြာပြီလို့ သိနိုင်တယ်။ အသက်ရွယ်ကြောင့်လည်း ဖြစ်တတ်သေးတယ်။ အပြင်သွားတဲ့အခါ နေရောင်နဲ့ တိုကိရိုက်မထိအောင် အကာအကွယ်၊အဆောင်းအကာ တခုခုသုံးဖို့ လိုပါတယ်။ ဝက်ခြံပေါက်တိုင်း ဟော်မုန်းနဲ့ ဗက်တီးရီးယားကိုချည်း အပြစ်တင်လို့မရပါ။ သူ့နေရာနဲ့သူ နောက်ခံအကြောင်းရာရှိနိုင်သေးတယ်။ ဒါတွေကို သတိထားပြုပြင်ဖို့လိုပါတယ်။


#အမျိုးသမီး
#မျက်နှာ
#လည်ပင်း
#အသက်
#ရင်ဘတ်

Some text some message..