ကျီးကန်းပါးစပ်နာ (Angular Cheilitis) နဲ့ ဗီတာမင် ဘီ12 ချို့တဲ့ခြင်း
myanmaplatform.com
|
2022-01-10

အခုလို အေးတဲ့ကာလမှာ နှုတ်ခမ်းတွေခြောက်တတ်ကြပါတယ်။ ဒါကြောင့် နှုတ်ခမ်းကိုအရောင်မပါတဲ့ နှုတ်ခမ်းဆီ ဆိုးပေးဖို့လိုအပ်သလို၊ အလှဆီ၊ vaseline လိမ်းပေးကြပါတယ်။ ဒါကိုမှ အချို့ကျတော့ နှုတ်ခမ်း ခြောက်ရင် နေရခက်တယ်ဆိုပြီး လျှာနဲ့ မကြာခဏ နှုတ်ခမ်းကိုသပ်ကြပါတယ်။ ဒီလိုနှုတ်ခမ်းကို လျှာနဲ့ သပ်ရင်း ကနေ အနာဖြစ်လာတာလည်း ရှိပါတယ်။ ဒါအပြင် ရာသီဥတုကြောင့်ရော စားသောက်နေထိုင်မှုပုံစံကြောင့်ပါ ကျီးကန်းပါးစပ် (Angular Cheilitis) ဖြစ်တတ်ကြပါတယ်။ ဒါက ဗီတာမင်ဘီ 12 ချို့တဲ့မှုကြောင့်ဖြစ်ရတယ်ဆို တာကိုတော့ သိတဲ့သူ နည်းပါတယ်။ 

ကျီးကန်းပါးစပ်နာက ပြင်းထန်လား

ကျီးကန်းပါးစပ် ဆိုတာက နှုတ်ခမ်းထောင့်တွေ နီရဲအက်ကွဲကာ ပါးစပ် ဟမရ ပြုမရဖြစ်တဲ့ ဝေဒနာတစ်မျိုးပါ။ စားရသောက်ရ စကားပြောဆိုရတာမှာ အတော်လေး ကသိကအောက်နိုင်တဲ့ ရောဂါဆိုပါတော့။ ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာ မဟုတ်သော်ငြားလည်းပဲ အတော်လေးစိတ်အနှောင့်အယှက်ပေးတဲ့ ပြဿနာမျိုးလို့ ဆိုရပါလိမ့်မယ်။


ဗီတာမင် ဘီ 12 ချို့တဲ့မှုနဲ့ သက်ဆိုင်လား

ပုံမှန်အားဖြင့် ဗီတာမင် B မှာ အုပ်စုဝင်အမျိုးအစား ၈ မျိုးရှိပါတယ်။ ကျီးကန်းပါးစပ် လို နှုတ်ခမ်းမှာဖြစ်တဲ့ ပြဿနာတွေဟာ ဗီတာမင် B အုပ်စုထဲက ဗီတာမင် B12 ချို့တဲ့မှုကြောင့်ဖြစ်ရတာပါ။ ဗီတာမင် B ချို့တဲ့ တဲ့အခါမှာ ရောဂါလက္ခဏာအမျိုးမျိုးပြသလေ့ရှိပြီး အမျိုးအစားအလိုက် လက္ခဏာခြင်း အတန်ငယ်ကွဲပြား တတ်ပါတယ်။ တခြားအကြောင်းအရင်းတွေကြောင့်လည်း ကျီးကန်းပါးစပ် ဖြစ်နိုင်ပေမယ့် ဗီတာမင် B12 ချို့တဲ့ရင်တော့ သေချာပေါက် ကျီးကန်းပါးစပ် ဝေဒနာခံစားရပါလိမ့်မယ်။


ဗီတာမင် B12 ချို့တဲ့ ခြင်းနဲ့ နှုတ်ခမ်းမှာ ဘာတွေ ထပ်ဖြစ်နိုင်သလဲ

ဗီတာမင် B12 ချို့တဲ့သူတွေဟာ နှုတ်ခမ်းထောင့်တွေ နီရဲကွဲအက်တဲ့ ကျီးကန်းပါးစပ် တင်သာမက တခြားလက္ခဏာတွေကိုလည်း ရင်ဆိုင်ရနိုင်ပါတယ်။ ဒါတွေကတော့ နှုတ်ခမ်းနဲ့ နှုတ်ခမ်းထောင့်တွေမှာ ရောင်ရမ်းတာ၊ သွေးထွက်တာ၊ ကွဲအက်တာ၊ အရည်ကြည်ဖုထွက်တာ၊ နှုတ်ခမ်း ခြောက်ပြီး အရေပြားကွာတာ၊ ယားယံတာ၊ နာတာ စတာတွေဆိုပါတော့။


ဗီတာမင် B12 ချို့တဲ့တာမျိုး မဖြစ်အောင် ဘာတွေ စားသုံးပေးသင့်သလဲ

ဗီတာမင် B12 ဟာ အလွယ်တကူဖြည့်ဆည်းလို့ရပါတယ်။ ဗီတာမင် B12 ချို့တဲ့ မှုမဖြစ်ချင်ရင် အောက်ပါအစားအစာတွေကို ပုံမှန် မှီဝဲစားသုံးပေးဖို့ လိုအပ်ပါတယ်။ ဒါတွေကတော့ နို့၊ ဒိန်ခဲ၊ တိရိစ္ဆာန် ကလီစာ (အထူးသဖြင့် အသဲ)၊ ပင်လယ်ငါး၊ ပင်လယ်စာ၊ အသား၊ ဥ၊ စီရီယယ်၊ အစိမ်းရင့်ရောင်ရှိတဲ့ အရွက်တွေ၊ ကိုက်လန်၊ ကညွတ်ကြီး စတာတွေပါပဲ။ ဒီအစားအစာတွေက ဗီတာမင် B12 ချို့တဲ့မှုကို ကာကွယ်ပေးနိုင်တဲ့ ဗီတာမင် B12 ကြွယ်ဝစွာပါဝင်နေတဲ့ အစားအစာတွေဖြစ်ပါတယ်။ 


ဗီတာမင် B12 ချို့တဲ့တာကြောင့်ဖြစ်တဲ့ ကျီးကန်းပါးစပ် ကို ဘယ်လို သက်သာစေမလဲ

နှုတ်ခမ်းနဲ့ နှုတ်ခမ်းထောင့်တွေ ခြောက်သွေ့လာချိန်မှာ တံတွေးကနေတဆင့် မှိုပိုးဝင်တာ ဒါမှမဟုတ်ဘက်တီးရီးယားပိုး ဝင်တာတွေကြောင့် ကျီးကန်းပါးစပ် စတင်ဖြစ်ရပါတယ်။ ဒီလိုဖြစ်ရာမှာ ဗီတာမင် B12 ချို့တဲ့တာကြောင့် ဒါမှမဟုတ် သံဓာတ်အားနည်းတာကြောင့် စတဲ့ နောက်ခံအကြောင်းအရင်းကို ရှာဖွေပြီး ကုသရမှာဖြစ်ပါတယ်။

မကုဘဲထားရင် ဘာဖြစ်မလဲ

မကုဘဲ ထားလိုက်ရင် ပိုးတွေက ဘေးကို ပျံ့သွားတာ၊ မှက္ခရု ပေါက်တာတွေ ဖြစ်လာနိုင်ပါတယ်။ နောက်ခံ အကြောင်းရင်းကို သေချာမကုမိရင် ခဏခဏ ပြန်ဖြစ်တတ်ပါတယ်။ ကျီးကန်းပါးစပ်ရောဂါ အများစုက အိမ်မှာ ကုရင်းနဲ့ပဲ ပျောက်သွားတာ များပါတယ်။ ဒါကြောင့် သိပ်စိုးရိမ်စရာ မရှိပါဘူး။ ဒါပေမယ့် ခဏခဏ ပြန်ဖြစ်တယ်။ ၂ပတ်ကျော်ကြာတဲ့အထိမှ မသက်သာဘူးဆိုရင် ဆရာဝန်နဲ့ ပြဖို့ လိုအပ်ပါတယ်။


နေအိမ်မှာ ကုသမယ်ဆိုရင်တော့ အနာကို သင့်လျော်ရာ လိမ်းဆေးတစ်မျိးမျိုးလိမ်းပြီး သန့်သန့်ရှင်းရှင်းထားတာ၊  အရောင် သက်သာအောင် စတီးရွိုက်လိမ်းတာ၊ ပါးစပ်မခြောက်အောင် ရေခဏခဏ သောက်တာ၊ နှုတ်ခမ်းကွဲတာ သက်သာအောင် နှုတ်ခမ်းအဆီလိမ်းတာ တံတွေးနဲ့ တိုက်ရိုက်မထိအောင် နှုတ်ခမ်းထောင့်ကို အုန်းဆီ၊ Vaseline ဂျယ် စတာတွေလိမ်းတာတွေ လုပ်ပေးနိုင်ပါတယ်။ 


#ရောဂါ
#ပြဿနာ
#ဝေဒနာ
#အနာ
#ဗီတာမင်

Some text some message..