ဆေးပညာအရ သမိုင်းတစ်လျှောက် အံ့သြစရာအကောင်းဆုံး Bionic မိန်းကလေး
lifestylemyanmar.com
|
2022-01-27

Olivia Farnsworth ဆိုတဲ့ကောင်မလေးရဲ့ ဖြစ်ရပ်က သမိုင်းတစ်လျှောက် အံ့သြစရာ အကောင်းဆုံး ဖြစ်ရပ်တစ်ခုပဲဖြစ်ပါတယ်။ ဗြိတိန်မိန်းကလေး Olivia Farnsworth ဟာ ဆာလောင်မှု၊ နာကျင်မှုကို မခံစားရတဲ့ UK နိုင်ငံက မိန်းကလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမကို မန်ချက်စတာ နှင့် လိဒ်ကြား တစ်ဝက်တွင်ရှိသော အင်္ဂလိပ်မြို့ Huddersfield တွင် မွေးဖွားခဲ့ပြီး ချစ်ဖို့ကောင်းတဲ့ မိန်းကလေးတစ်ဦးအဖြစ် ပုံမှန်အားဖြင့် ကြီးပြင်းလာသူဖြစ်ပါတယ်။ တကယ်တော့၊ သူမရဲ့ ထူးဆန်းတဲ့ ခရိုမိုဆုန်းအခြေအနေက ‘ရှားပါးသည်ထက် ရှားပါးသော’ ဆေးဘက်ဆိုင်ရာ အခြေအနေတစ်ခုပဲ ဖြစ်ပါတယ်။ ဆာလောင်မှု၊ နာကျင်မှု နဲ့ အိပ်ရေးဝဖို့ မလိုအပ်တဲ့ ကမ္ဘာပေါ်က တစ်ဦးထဲသော မိန်းကလေးပဲ ဖြစ်ပါတယ်။ ဒီအရာတွေက ကျွန်ုပ်တို့လူသားတွေရဲ့ အကြီးမားဆုံးသော အားနည်းချက်နှင့် ကန့်သတ်ချက်များထဲမှ သုံးခုပဲ ဖြစ်ပါတယ်။


Olivia Farnsworth က လက်ရှိမှာ အသက် ဆယ်နှစ်ရှိပြီ ဖြစ်တဲ့ မိန်းကလေးတစ်ယောက်ပါ။သူမရဲ့အခြေအနေ လူသိရှင်ကြားဖြစ်လာတဲ့အခါ စာနယ်ဇင်းတော်တော်များများက သူမကို ‘အမိုက်စားမိန်းကလေး’ လို့ တံဆိပ်တပ်ခဲ့ကြပါတယ်။ သူ့မရဲ့ ဖြစ်ရပ်က ထူးတန်းပေမယ့် သူမရဲ့ ကမ္ဘာကြီးကို မြင်ရတဲ့ပုံနဲ့ လူနေမှုဘဝတွေက ထူးထူးခြားခြားမဟုတ်ဘဲ ပုံမှန်အတိုင်းပါပဲ။ သူမက ငယ်စဉ်ကတည်းက ထူးဆန်းတဲ့ လက္ခဏာတစ်ချို့ကို ပြသခဲ့ပြီး သူ့အမေကလည်း တခြားကလေးတွေနဲ့ မတူတာကို သတိထားမိခဲ့ပါတယ်။ သူမဟာ ငယ်ဟဉ်ကတည်းက တစ်ခါမှ မငိုဖူးပါဘူး။ အစပိုင်းမှာတော့ အနေအေးတဲ့ ကလေးတစ်ယောက်လို့ပဲ သူ့အမေက ရိုးရိုးရှင်းရှင်းပဲ တွေးပြီး သိပ်သတိမထားခဲ့ပါဘူး။ ဒါပေမယ့် သူမကြီးပြင်းလာတာနဲ့ အမျှ အိပ်စက်ဖို့ ခက်ခဲလာခဲ့ပါတယ်။ သူမဟာတစ်နေ့လုံး တတ်ကြွနေပြီး ကိုးလသားအရွယ်ထဲက တရေးတမော အိပ်ဖို့မလုပ်တော့ပါဘူး။ ညရောက်ရင်လည်း သူမဟာ အားအင်တွေ ပြည့်နှက်နေပြီး မိုးလင်းခါနီးတိုင်း မိဘတွေကို နှိုးလေ့ရှိပါတယ်။


ဒီအပြင် သူမဟာ အစားကျွေးဖို့လည်း ခက်ခဲပါတယ်။ အစားစားချင်စိတ်ရှိပုံမရပဲ မိဘတွေက ခိုင်းစေလို့သာ စားသောက်ခဲ့ပါတယ်။ ဒီလက္ခဏာတွေက သူမရဲ့ မိဘတွေကို သံသယမဝင်စေပါဘူး။ သူမမိဘတွေကလည်း သူမရဲ့စိတ်နေသဘောထားကြောင့်လို့ပဲ ထင်မြင်ခဲ့ကြပါတယ်။ ဒါပေမယ့် သူမကျောင်းစတတ်တဲ့အချိန်မှာတော့ သာမာန်မဟုတ်တဲ့ အဖြစ်အပျက်တစ်ခုကို ဖြစ်ပျက်ခဲ့ပါတယ်။ သူမဟာ အမြင့်မှ ချော်လဲကျသွားကာ နှုတ်ခမ်းမှာ ဒဏ်ရာနက်နက်ရသွားပြီး သွေးတွေတဟုန်ထိုးထွက်နေပေမယ့် ဘာမှမဖြစ်တဲ့ပုံနဲ့ တုံပြန်ခဲ့ပါတယ်။ သူမကို ဆေးရုံကို ခေါ်သွားတဲ့အခါ အသေးစား ခွဲစိတ်မှု ခံယူခဲ့ရပေမယ့် နာကျင်မှုလက္ခဏာမပြခဲ့တဲ့အတွက် ဆရာဝန်ဟာ သူမရဲ့ အခြေအနေကို သူမရဲ့မိဘတွေကို သုံးသပ်ပြခဲ့ပါတယ်။ ဒါပေမယ့် သူမရဲ့ ထူးဆန်းတဲ့ရောဂါရဲ့ အတိုင်းအတာကို သူမမိဘတွေ မသိခဲ့ကြပါဘူး။


ဒိလိုနဲ့ နောက်တစ်ကြိမ် သာမာန်မဟုတ်တဲ့ အဖြစ်အပျက်တစ်ခု ထပ်ဖြစ်ခဲ့ပါတယ်။ သူမဟာ ကားတစ်စီးရဲ့ ပေ ၆၀ ကျော် ပွတ်ဆွဲသွားပြီး သူမဟာလန့်ပြီး သတိလစ်သွားခဲ့ပါတယ်။ သူမမိဘတွေကစိုးရိတ်တကြီးနဲ့ ဆေးရုံတင်ခဲ့ကြပေမယ့် ဆရာဝန်တွေက သူမအတွက် ဘာမှကြီးကြီးမားမား ဒဏ်ရာမရခဲ့ဘူးလို့ ရှင်းပြခဲ့ကြပါတယ်။ သူမရဲ့ခုခံအားကြောင့် မတော်တဆမှုအခြေအနေက သူမကိုထိခိုက်အောင် မလုပ်နိုင်ခဲ့ပါဘူး။ ဒီအပြင် သူမဟာနာကျင်မှုဒဏ်ကို မခံစားရရုံသာမက အန္တရာယ်ကိုလည်း အာရုံမစိုက်ကြောင်း ဆရာဝန်တွေက တွေ့ရှိခဲ့ပါတယ်။


သိပ္ပံနည်းကျ ရှင်းလင်းချက်အရ နာကျင်မှုမခံစားရသူများ၊ ပုံမှန်ထက် အစာစားချင်စိတ်နည်းသူများက အိပ်ရေးဝဝအိပ်ရန် လိုအပ်ကြောင်း မှတ်တမ်းတင်ထားသော ဖြစ်ရပ်များရှိပါတယ်။ ဒါပေမယ့် Olivia Farnsworth ရဲ့ ဖြစ်ရပ်က ဒီလက္ခဏာတွေ အားလုံးကို တစ်ပြိုင်နက်တွေ့ရှိနိုင်တဲ့ တစ်ခုတည်းသောအရာ ဖြစ်နေပါတယ်။သူမမှာ ခရိုမိုဆုန်း ၆ မရှိတာကြောင့် ရှားပါးမျိုးရိုးဗီဇ အခြေအနေတစ်ခုဖြစ်ကြောင်း ဆရာဝန်တွေက ရှင်းပြခဲ့ပါတယ်။


တကယ်တော့၊ ဒီခရိုမိုဆုန်း လုံးဝ ပျက်ပြယ်သွားတာတော့ မဟုတ်ဘူး၊ ဒါပေမယ့် သိသိသာသာ ပြောင်းလဲသွားတာက အခြေခံအားဖြင့်တော့ သုံးလို့မရပဲ ဒီချို့တဲ့မှုကြောင့် Olivia Farnsworth ဟာ အိပ်ဆေးသောက်ပြီး အိပ်ပျော်စေခဲ့ပါတယ်။ဒါက ဒီကလေးမလေးရဲ့ ကြေကွဲဝမ်းနည်းစရာပါပဲ။ ဘာကြောင့်လဲ ဆိုတော့ သူမ အိပ်မပျော်ဘူးဆိုတဲ့ အချက်က သူမ အိပ်ဖို့ မလိုအပ်ဘူးလို့ မဆိုလိုပါဘူး။ ဗိုက်မဆာဘူးဆိုတဲ့အချက်ကလည်း စားဖို့မလိုဘူးလို့ မဆိုလိုပါဘူး။ ထိုနည်းတူစွာ၊ သူမရဲ့ နာကျင်မှုမရှိခြင်းကလည်း သူမရဲ့ခန္ဓာကိုယ်ကို ပျက်စီးခြင်းမရှိခြင်းနှင့် ညီမျှသည်မဟုတ်ပေ။ အမှန်မှာ၊ သူမက အသက်ဆက်ရန် လိုအပ်တာတွေကို သတိပေးရန် အတွင်းအချက်အလက်များ မပါဝင်တာကြောင့် သူမက ဂရုစိုက်မှုများစွာ လိုအပ်နေသူတစ်ဦးပဲ ဖြစ်ပါတယ်။

Lifestyle_Myanmar

Nadi

ref-exploringyourmind


#လက္ခဏာ
#မိဘ
#မိန်းကလေး
#ခံစားရ
#ဆရာဝန်

Some text some message..